MySport Myanmar

ပွဲထွက် ကစားခွင့် မသေချာလို့ အာဆင်နယ်ဆီ မပြောင်းရွှေ့ခဲ့တဲ့ ဆက်စ်ကို

လိုက်ပ်ဇစ်အသင်းရဲ့ ဆလိုဗေးနီးယား တိုက်စစ်ကစားသမားလေး ဘင်ဂျမင် ဆက်စ်ကိုဟာ ပြီးခဲ့တဲ့ နွေဈေးကွက်တုန်းက အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ဖို့ အကြောင်းဖန်ခဲ့ပေမယ့် ပွဲထွက်ကစားခွင့်အတွက် မသေချာလို့ မပြောင်းရွှေ့ခဲ့တာ ဖြစ်တယ်လို့ Daily Mail ကနေ ဖော်ပြလာခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ နွေတုန်းက အသင်းတိုက်စစ်ပိုင်းအတွက် အိုင်ဗန် တိုနေး ၊ ဆက်စ်ကို ၊ ဗစ်တာ ယိုကယ်ရက်စ် အစရှိတဲ့ တိုက်စစ်မှူးတွေကို ပစ်မှတ်ထားခဲ့ပြီး ဒီထဲကမှ ပရီးမီးယားလိဂ် ထိပ်သီးအသင်းကြီးတွေ စိတ်အဝင်စားဆုံးဖြစ်တဲ့ လိုင်ပ်ဇစ် တိုက်စစ်မှူး ဆက်စ်ကို ကို ပိုပြီး ပစ်မှတ်ထား ကြိုးပမ်းခဲ့ပါတယ်။

 

Photo Credit : Football Transfer

အသက် (၂၁)နှစ်သာ ရှိသေးပြီး အရပ်အမောင်း မြင့်မားတဲ့ တိုက်စစ်မှူး ဆက်စ်ကို ကို အာဆင်နယ်အပြင် မန်ယူနိုက်တက် ချယ်လ်ဆီး လီဗာပူးလ်တို့လည်း ခေါ်ယူချင်ခဲ့တာဖြစ်ပြီး ဆက်စ်ကိုကတော့ ဒီအသင်းတွေထဲကမှ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ဖို့ အကြောင်းဖန်လာခဲ့ပေမယ့် လိုက်ပ်ဇစ်မှာသာ ဆက်နေခဲ့ရင်း သက်တမ်းပါ တိုးမြှင့်ခဲ့ပါသေးတယ်။

တကယ်တော့ ဆက်စ်ကိုက အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားခဲ့ပေမယ့်လည်း အာဆင်နယ် တိုက်စစ်ပိုင်းမှာ ဂျာမနီ တိုက်စစ်ကစားသမား ကိုင်း ဟာဗက်ဇ်လည်း ရှိနေတာကြောင့် တကယ်လို့ အာဆင်နယ်ဆီ ပြောင်းရွှေ့ခဲ့ရင် ဟာဗက်ဇ်ရဲ့နောက် ဒုတိယ ဦးစားပေးအဖြစ်နဲ့သာ ကစားရမှာကို စိုးရိမ်တဲ့အတွက် အာဆင်နယ်ဆီ မပြောင်းခဲ့တာလို့ Daily Mail မှာ ဖော်ပြထားပါတယ်။

Photo Credit : Red Bull Leipzig

ဆက်စ်ကိုဟာ အာဆင်နယ်ဆီ မပြောင်းခဲ့ပဲ လိုက်ပ်ဇစ်နဲ့သာ စာချုပ်သက်တမ်း တိုးမြှင့်ခဲ့ပေမယ့် စာချုပ်ထဲမှာတော့ လာမယ့် နွေဈေးကွက်ထဲ ဆက်စ်ကို ကို ခေါ်ယူချင်တဲ့ ကလပ်အသင်းတွေအနေနဲ့ ဆက်စ်ကိုအတွက် စာချုပ်ဖျက်သိမ်းကြေး ပေါင် (၅၅)သန်းနဲ့ ကမ်းလှမ်းလာမယ်ဆိုရင် လက်ခံပေးရမယ်ဆိုတဲ့ သဘောတူညီချက် ထည့်သွင်းထားခဲ့ပါတယ်။

ဒါကြောင့် အာဆင်နယ်အနေနဲ့ လာမယ့်နွေမှာ ဆက်စ်ကို ကို တစ်ကျော့ပြန် ကြိုးပမ်းမှုတွေ လုပ်ဆောင်လာနိုင်ပြီး အာဆင်နယ်နဲ့အပြိုင် တခြားသော ကလပ်အသင်းတွေဟာလည်း ဆက်စ်ကို ကို ခေါ်ယူနိုင်ဖို့အတွက် ကြိုးပမ်းလာနိုင်ပါတယ်။ ဆက်စ်ကိုဟာလည်း လာမယ့် ၂၀၂၅ နွေမှာ လိုက်ပ်ဇစ်ကနေ သေချာပေါက် ထွက်ခွာသွားဖို့ ရှိနေပါတယ်။

Exit mobile version