အီတလီနိုင်ငံဟာ ဥရောပ နိုင်ငံတွေထဲမှာ ကိုရိုနာ ဗိုင်းရပ် ရောဂါကို ပြင်းထန်စွာ စတင် ခံစားခဲ့ရတဲ့ နိုင်ငံ ဖြစ်ပြီး စီးရီးအေ ပြိုင်ပွဲကလည်း ဥရောပ ဘောလုံး လိဂ်ပြိုင်ပွဲတွေထဲမှာ ကိုရိုနာ ဗိုင်းရပ် ရောဂါကို ပြင်းထန်စွာ စတင် ခံစားခဲ့ရတဲ့ ဥရောပ လိဂ်ပြိုင်ပွဲ တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အီတလီနိုင်ငံဟာ ကိုရိုနာ ဗိုင်းရပ် ဒုတိယအဆင့် (Phase Two) ကို ပြန်လည် ရောက်ရှိသွားဖွယ် ရှိနေပြီ ဖြစ်တာကြောင့် အီတလီ အခြေစိုက် စီးရီးအေ အသင်းတွေအနေနဲ့ လာမယ့် မေလ (၄) ရက်နေ့က စပြီး လေ့ကျင့်ရေး ပြန်ဆင်းနိုင်ကြတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit: Dailymail

စီးရီးအေ အသင်းတွေထဲက ဂျုဗင်တပ်အသင်းဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကို ပထမဆုံး စတင် ကူးစက်ခံရတဲ့ အသင်း ဖြစ်ခဲ့ပြီး အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ ရူဒီနာ၊ မာတူဒီ၊ နဲ့ ဒီဘားလားတို့ ကိုရိုနာ ကူးစက်ခံရပေမဲ့ ပြန်လည် သက်သာလာနိုင်ခဲ့ကြပါတယ်။ အီတလီ နိုင်ငံဟာ လက်ရှိအချိန်မှာ နေ့စဉ် သေဆုံးနှုန်း ကျဆင်းလာပြီ ဖြစ်တာကြောင့် ကိုရိုနာ ဗိုင်းရပ် ဒုတိယ အဆင့်ကို ပြန်ရောက်သွားတော့မှာ ဖြစ်ပြီး အီတလီ ဝန်ကြီးချုပ် ကွန်တီအနေနဲ့ လာမယ့် တနင်္ဂနွေနေ့မှာ ကိုရိုနာ ဗိုင်းရပ် ဒုတိယ အဆင့်ကို အသေးစိတ် ရှင်းပြမှာ ဖြစ်ပါတယ်။

Photo Credit: Dailymail

အီတလီနိုင်ငံဟာ ကိုရိုနာ ဗိုင်းရပ် ဒုတိယ အဆင့်ကို ပြန်ရောက်သွားရင် လူတွေကို သူတို့ရဲ့ ဒေသအတွင်းမှာ အကန့်အသတ်နဲ့ သွားလာခွင့် ပြုမှာ ဖြစ်ပြီး စီးရီးအေ ကစားသမားတွေအနေနဲ့ မေလ (၄) ရက်နေ့က စပြီး တစ်ဦးချင်း သီးသန့် လေ့ကျင့်ရေး ပြန်ဆင်းနိုင်မှာ ဖြစ်ပါတယ်။ စီးရီးအေ ကစားသမားတွေဟာ မေလ (၄) ရက်နေ့ကနေ တစ်ဦးချင်း သီးသန့်လေ့ကျင့်ရေး ပြန်ဆင်းနိုင်မှာ ဖြစ်သလို လာမယ့် မေလ (၁၈) ရက်နေ့ နောက်ပိုင်းကနေ အသင်းလိုက် လေ့ကျင့်ရေး ပြန်ဆင်းနိုင်ချေ ရှိနေတယ်လို့ သတင်းတွေ အတိအကျ ထွက်ပေါ်လာခဲ့ပါတယ်။ တကယ်လို့ အခြေအနေတွေသာ အများကြီး ပြောင်းလဲသွားမယ် ဆိုရင် စီးရီးအေ ပြိုင်ပွဲကို လာမယ့် မတ်လ (၂၇) ရက်နေ့က ပြန်စတင်နိုင်ပြီး ဇူလိုင်လ အလယ်မှာ ပြိုင်ပွဲ ပြီးဆုံးသွားနိုင်ပါတယ်။