စီးရီးအေ ဥက္ကဌ ဖြစ်သူဟာ စီးရီးအေ ပွဲစဉ်တွေကို ပရိသတ်တွေ မပါဘဲ ဆက်ကစားခွင့်ပေးဖို့ အီတလီအစိုးရကို တောင်းဆိုခဲ့တယ်လို့ အီတလီနိုင်ငံက ANSA သတင်းက ဖော်ပြခဲ့ပါတယ်။ အီတလီနိုင်ငံဟာ လက်ရှိမှာ ကိုရိုနာ ဗိုင်းရပ် ရောဂါ ဖြစ်ပွားနေတာကြောင့် အီတလီ အစိုးရက စီးရီးအေ ပွဲစဉ်တွေကို ရွှေးဆိုင်းဖို့ ပြောခဲ့ပြီး အချို့ ပွဲစဉ်တွေကို ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။ စီးရီးအေ ပွဲစဉ် (၄) ပွဲကို အီတလီ အစိုးရရဲ့ တောင်းဆိုမှုကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး ပွဲစဉ် (၂၅) ပွဲ မြောက် ကစားတဲ့ အချိန်မှာ ပွဲစဉ် (၄) ပွဲကိုတော့ မကစားကြဘဲ ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit: Gettyimage

ပွဲစဉ် (၂၅) ပွဲ မြောက်မှာ ရွှေ့ဆိုင်းခဲ့ရတဲ့ ပွဲစဉ် (၄) ပွဲကတော့ ဗီရိုနာအသင်း နဲ့ ကာဂလီယာရီအသင်းတို့ရဲ့ ပွဲစဉ်၊ အတ္တလန်တာအသင်း နဲ့ ဆာဆူအိုလိုအသင်းတို့ရဲ့ ပွဲစဉ်၊ တိုရီနိုအသင်း နဲ့ ပါးမားအသင်းတို့ရဲ့ ပွဲစဉ်၊ နဲ့ အင်တာမီလန်အသင်း နဲ့ ဆမ်ဒိုးရီးယားအသင်းတို့ရဲ့ ပွဲစဉ် ဖြစ်ကြပါတယ်။ စီးရီးအေ ဥက္ကဌ ဖြစ်သူဟာ စီးရီးအေ ပွဲစဉ်တွေကို ဆက်လက် မရွှေ့ဆိုင်းဖို့ နဲ့ ပရိသတ်တွေ မပါဘဲ ကစားခွင့် ပေးဖို့အတွက် အီတလီ အစိုးရကို တောင်းဆိုခဲ့ပြီး အီတလီ အစိုးရအနေနဲ့ စီးရီးအေ ဥက္ကဌရဲ့ တောင်းဆိုမှုကို ခွင့်ပြုသွားမလား စောင့်ကြည့်သွားရမှာပါ။

Photo Credit: Gettyimage

အီတလီနိုင်ငံက ဒေသများစွာဟာ ကိုရိုနာ ဗိုင်းရပ် ဖြစ်ပွားနေပြီ ဖြစ်လို့၊ လူဦးရေ အယောက် (၂၀၀) နဲ့ အထက် ကိုရိုနာ ဗိုင်းရပ် ရောဂါ ခံစားနေရပြီလို့ အတည်ပြုချက် ထွက်လာခဲ့သလို ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် သေဆုံးသွားတဲ့ လူတွေလည်း ရှိနေပြီလို့ သိရှိရပါတယ်။ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် အီတလီနိုင်ငံမှာ ကျင်းပနေတဲ့ ပြည်တွင်း စီးရီးအေ ပြိုင်ပွဲရဲ့ ပွဲစဉ် အချို့ကို ရွှေ့ဆိုင်းခဲ့ရပြီး ဖြစ်ပြီး လာမယ့် ပွဲစဉ်တွေကိုပါ ရွှေ့ဆိုင်းနိုင်ချေ ရှိပါတယ်။ စီးရီးအေကတော့ ရွှေ့ဆိုင်းထားတဲ့ ပွဲစဉ်တွေကို ရက်သတ်မှတ်ပြီးရင် ပြန်ကစားဖို့အတွက် အချိန်မလုံလောက်မှာ စိုးတာကြောင့် ပွဲကြည့်ပရိသတ် မပါဘဲ ကစားဖို့ ပြင်ဆင်နေပါတယ်။ စီးရီးအေအနေနဲ့ လာမယ့် မေလ (၂၄) ရက်နေ့မှာ စီးရီးအေ ပြိုင်ပွဲကို အဆုံးသတ်ချင်နေပြီး ပြိုင်ပွဲ ပြီးဆုံးသွားရင် ကစားသမားတွေကို ယူရို ပြိုင်ပွဲမှာ ကစားနိုင်ဖို့ နားစေချင်တာကြောင့် စီးရီးအေ ပွဲစဉ်တွေကို ပရိသတ် မပါဘဲ ဆက်ကစားခွင့် ပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။