ဂ်ဴဗင္တပ္အသင္းဟာ သူတို႔အသင္းရဲ့ ကစားသမားေတြျဖစ္ၾကတဲ့ ရာဘီေယာ့စ္နဲ႔ ဒီမီရယ္တို႔ကို ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ မည္သည့္နည္းနဲ႔မွ လက္မလႊတ္ဘူးလို႔ သိရပါတယ္။ လက္ရွိအခ်ိန္မွာ သူတို႔ႏွစ္ဦးကို ေခၚယူဖို႔အတြက္ ေဒါ့မြန္ ၊ ယူနိုက္တက္ ၊ အာဆင္နယ္တို႔က စိတ္ဝင္စားေနၾကတာလည္း ျဖစ္ပါတယ္။

Photo Credit: AS English.com

အီတလီနိုင္ငံရဲ့ ယုံၾကည္စိတ္ခ်ရတဲ့ သတင္းေထာက္ ရိုမာနိုကေတာ့ မေန႔က က်ယ္ျပန႔္စြာ ထြက္ေပၚခဲ့တဲ့ အင္တာမီလန္အသင္းနဲ႔ ေပါ့ဘာတို႔ရဲ့ သတင္းေတြဟာ သတင္းမွားေတြလို႔ ေရးသားေဖာ္ျပသြားခဲ့ပါတယ္။ မေန႔ကထြက္ေပၚခဲ့တဲ့သတင္းကေတာ့ အင္တာမီလန္အသင္းအေနနဲ႔ ေပါ့ဘာကို ေပါင္၇၇သန္းနဲ႔ ကမ္းလွမ္းမယ္ဆိုတဲ့ သတင္းပဲ ျဖစ္ပါတယ္။

အင္တာမီလန္အသင္းဟာ ဘာစီလိုနာအသင္းရဲ့ ကြင္းလယ္ကစားသမားျဖစ္တဲ့ ဗီဒယ္ကို ေခၚယူနိုင္ဖို႔အတြက္ လက္ရွိအခ်ိန္မွာ ကစားသမားကို ဘာစီလိုနာအသင္းကေန ထြက္ခြာခြင့္ ေတာင္းခံဖို႔အတြက္ တိုက္တြန္းေျပာဆိုထားေၾကာင္း သိရပါတယ္။ ဗီဒယ္ဟာ လတ္တေလာမွာ ဘာစီလိုနာအသင္းကို ဆုေၾကးကိစၥနဲ႔ တရားစြဲခဲ့သူလည္း ျဖစ္ပါတယ္။

Photo Credit: AS English.com

ေအစီမီလန္အသင္းရဲ့ တိုက္စစ္မွူးျဖစ္တဲ့ ပီယာတက္ခ္ဟာ အီဘရာဟီမိုဗစ္ေရာက္ရွိလာတာေၾကာင့္ သူ႔ရဲ့အနာဂတ္အေပၚ စိုးရိမ္ေနၿပီး ဇန္နဝါရီကာလမွာ အသင္းေျပာင္းဖို႔အတြက္ စဥ္းစားေနပါတယ္။ လက္ရွိမွာေတာ့ ပီယာတက္ခ္ကို ေခၚယူဖို႔ ခရစၥတယ္ပဲေလ့စ္ ၊ ခ်ယ္လ္ဆီး ၊ ဂ်ီနိုအာအသင္းတို႔က စိတ္ဝင္စားေနပါတယ္။

ခ်ယ္လ္ဆီးအသင္းရဲ့ တိုက္စစ္မွူးျဖစ္တဲ့ ဂ်႐ူးဟာ ယခု ဇန္နဝါရီကာလမွာပဲ အသင္းမွ ထြက္ခြာေတာ့မွာျဖစ္ေၾကာင္း နည္းျပလမ္းပတ္က အရိပ္အႁမြက္ေျပာၾကားသြားခဲ့ပါတယ္။ ဂ်႐ူးကို ေခၚယူဖို႔အတြက္ေတာ့ စီးရီးေအကလပ္ အင္တာမီလန္အသင္း ၊ ခရစၥတယ္ပဲေလ့စ္ ၊ အဲဗာတန္အသင္းနဲ႔ နယူးကာဆယ္အသင္းတို႔က စိတ္ဝင္စားေနၾကပါတယ္။

Photo Credit: AS English.com

နာပိုလီအသင္းရဲ့ ေတာင္ပံကစားသမား မာတန္ဟာ ယခုႏွစ္ေဘာလုံးရာသီ ကုန္ဆုံးခ်ိန္မွာေတာ့ အသင္းကေန ထြက္ခြာဖို႔အတြက္ ခြင့္ျပဳခ်က္ရရွိသြားၿပီလို႔ အီတလီသတင္းစာေတြက ေဖာ္ျပခဲ့ၾကပါတယ္။ မာတန္ဟာ နာပိုလီအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၆လသာ က်န္ရွိေတာ့သူ ျဖစ္ပါတယ္။

ဂျူဗင်တပ်အသင်းဟာ သူတို့အသင်းရဲ့ ကစားသမားတွေဖြစ်ကြတဲ့ ရာဘီယော့စ်နဲ့ ဒီမီရယ်တို့ကို ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ မည်သည့်နည်းနဲ့မှ လက်မလွှတ်ဘူးလို့ သိရပါတယ်။ လက်ရှိအချိန်မှာ သူတို့နှစ်ဦးကို ခေါ်ယူဖို့အတွက် ဒေါ့မွန် ၊ ယူနိုက်တက် ၊ အာဆင်နယ်တို့က စိတ်ဝင်စားနေကြတာလည်း ဖြစ်ပါတယ်။

Photo Credit: AS English.com

အီတလီနိုင်ငံရဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းထောက် ရိုမာနိုကတော့ မနေ့က ကျယ်ပြန့်စွာ ထွက်ပေါ်ခဲ့တဲ့ အင်တာမီလန်အသင်းနဲ့ ပေါ့ဘာတို့ရဲ့ သတင်းတွေဟာ သတင်းမှားတွေလို့ ရေးသားဖော်ပြသွားခဲ့ပါတယ်။ မနေ့ကထွက်ပေါ်ခဲ့တဲ့သတင်းကတော့ အင်တာမီလန်အသင်းအနေနဲ့ ပေါ့ဘာကို ပေါင်၇၇သန်းနဲ့ ကမ်းလှမ်းမယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။

အင်တာမီလန်အသင်းဟာ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်တဲ့ ဗီဒယ်ကို ခေါ်ယူနိုင်ဖို့အတွက် လက်ရှိအချိန်မှာ ကစားသမားကို ဘာစီလိုနာအသင်းကနေ ထွက်ခွာခွင့် တောင်းခံဖို့အတွက် တိုက်တွန်းပြောဆိုထားကြောင်း သိရပါတယ်။ ဗီဒယ်ဟာ လတ်တလောမှာ ဘာစီလိုနာအသင်းကို ဆုကြေးကိစ္စနဲ့ တရားစွဲခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: AS English.com

အေစီမီလန်အသင်းရဲ့ တိုက်စစ်မှူးဖြစ်တဲ့ ပီယာတက်ခ်ဟာ အီဘရာဟီမိုဗစ်ရောက်ရှိလာတာကြောင့် သူ့ရဲ့အနာဂတ်အပေါ် စိုးရိမ်နေပြီး ဇန်နဝါရီကာလမှာ အသင်းပြောင်းဖို့အတွက် စဉ်းစားနေပါတယ်။ လက်ရှိမှာတော့ ပီယာတက်ခ်ကို ခေါ်ယူဖို့ ခရစ္စတယ်ပဲလေ့စ် ၊ ချယ်လ်ဆီး ၊ ဂျီနိုအာအသင်းတို့က စိတ်ဝင်စားနေပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်မှူးဖြစ်တဲ့ ဂျရူးဟာ ယခု ဇန်နဝါရီကာလမှာပဲ အသင်းမှ ထွက်ခွာတော့မှာဖြစ်ကြောင်း နည်းပြလမ်းပတ်က အရိပ်အမြွက်ပြောကြားသွားခဲ့ပါတယ်။ ဂျရူးကို ခေါ်ယူဖို့အတွက်တော့ စီးရီးအေကလပ် အင်တာမီလန်အသင်း ၊ ခရစ္စတယ်ပဲလေ့စ် ၊ အဲဗာတန်အသင်းနဲ့ နယူးကာဆယ်အသင်းတို့က စိတ်ဝင်စားနေကြပါတယ်။

Photo Credit: AS English.com

နာပိုလီအသင်းရဲ့ တောင်ပံကစားသမား မာတန်ဟာ ယခုနှစ်ဘောလုံးရာသီ ကုန်ဆုံးချိန်မှာတော့ အသင်းကနေ ထွက်ခွာဖို့အတွက် ခွင့်ပြုချက်ရရှိသွားပြီလို့ အီတလီသတင်းစာတွေက ဖော်ပြခဲ့ကြပါတယ်။ မာတန်ဟာ နာပိုလီအသင်းနဲ့ စာချုပ်သက်တမ်း ၆လသာ ကျန်ရှိတော့သူ ဖြစ်ပါတယ်။