MySport Myanmar

အသင်းဟောင်း ဆီဗီလာနဲ့ here we go သွားခဲ့တဲ့ ဆာဂျီယို ရာမို့စ်

အသင်းလက်မဲ့ ဖြစ်နေရတဲ့ စပိန် ဝါရင့် ခံစစ်မှူးကြီး ဆာဂျီယို ရာမို့စ်ကတော့ လက်ရှိမှာ သူရဲ့ ကလပ်အသင်းဟောင်းဖြစ်တဲ့ ဆီဗီလာအသင်းဆီ ကာလတို ပြန်သွားဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

အသက် (၃၇)နှစ်အရွယ်ရှိ နောက်ခံ ကစားသမားကြီး ရာမို့စ်က ဒီနွေမှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် လက်ရှိ အချိန်ထိ ကလပ်အသင်းသစ် မရရှိသေးပဲ free agent player သာ ဖြစ်နေရပါတယ်။

Photo Credit : Get French Football News

ဆီဗီလာ ရီးယဲလ်မက်ဒရစ် နဲ့ ပီအက်စ်ဂျီအသင်းတွေမှာ ကစားသမားဘဝကို ဖြတ်သန်းခဲ့တဲ့ ရာမို့စ်ဟာ လက်ရှိအချိန်မှာ အသက်အရွယ်အရ အကျပိုင်း ရောက်နေပြီ ဆိုပေမယ့်လည်း သူရဲ့ ဘောလုံး အတွေ့အကြုံပိုင်းကတော့ အလွန် များပြား ကြွယ်ဝလွန်းတာမို့ ရာမို့စ်ကို ကလပ်အသင်း တော်တော်များများ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

ရာမို့စ်ကို မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီအသင်း ၊ တူရကီကလပ် ဂါလာတာစာရေးတို့က ခေါ်ယူဖို့ ကြိုးပမ်းမှုတွေ ရှိခဲ့သလို ဆော်ဒီကလပ် အယ်လ် အစ်တီဟတ်အသင်းကပါ ဒီရက်ပိုင်းအတွင်းမှာပဲ ရာမို့စ်ကို ချဉ်းပ်လာခဲ့ပြန်ပါသေးတယ်။

Photo Credit : Daly Mail

မိုဟာမက် ဆာလာကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ အယ်လ် အစ်တီဟတ်အသင်းက ရာမို့စ်ကိုပါ (၂)နှစ်စာချုပ်နဲ့ ကမ်းလှမ်းခဲ့ရာ ဒါကို ရာမို့စ်ဘက်က ပြန်လည် တုံ့ပြန်ခြင်း မရှိသေးချိန်မှာ ရာမို့စ်ကို ဆီဗီလာအသင်းကလည်း ဆက်သွယ်လာပါတော့တယ်။

အယ်လ် အစ်တီဟတ်ရဲ့ ကမ်းလှမ်းမှုကို ပြန်လည် အကြောင်းမပြန်သေးတဲ့ ရာမို့စ်က သူ့အသင်းဟောင်း ဆီဗီလာရဲ့ ကမ်းလှမ်းလာမှု ရောက်လာချိန်မှပဲ လက်ခံသွားခဲ့ပြီး အခုဆိုရင် နှစ်ပေါင်း (၁၈)နှစ်အကြာမှ ရာမို့စ်က သူရဲ့ ပထမဆုံး စီနီယာ ကလပ်အသင်းဆီ ပြန်လာရပါတော့မယ်။

Exit mobile version