ရီးရဲလ်အသင်း ခေါင်းဆောင် ရာမို့စ်ကတော့ မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ ရီးရဲလ်အသင်းရဲ့ ပထမပိုင်း ခြေစွမ်းကို အဆိုးရွားဆုံးလို့ ဝေဖန်ခဲ့တဲ့ ပီကေးကို ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။ ဘာစီလိုနာ နောက်ခံလူ ပီကေးကတော့ မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်က ပထမပိုင်းမှာ ရီးရဲလ် အသင်းရဲ့ ခြေစွမ်းဟာ သူ ရင်ဆိုင်ခဲ့ဖူးသမျှထဲမှာ အဆိုးရွားဆုံး ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ ပွဲအပြီးမှာ ဘာစီလိုနာအသင်းကို အိမ်ကွင်းမှာ (၂-ဝ) နဲ့ အနိုင်ရရှိခဲ့ပေမဲ့လည်း ဘာစီလိုနာ နောက်ခံလူ ပီကေးကတော့ ရီးရဲလ်အသင်းရဲ့ ပထမပိုင်း ခြေစွမ်းကို ဝေဖန်သွားခဲ့ပါတယ်။

 

Photo Credit: Givemesport

ပီကေးက “ပထမပိုင်းမှာ ရီးရဲလ်အသင်းရဲ့ ခြေစွမ်းက ကျွန်တော် ဘာနေဗျူးကွင်းမှာ ရင်ဆိုင် ခဲ့ဖူးသမျှထဲက အဆိုးရွားဆုံး ဖြစ်နေခဲ့ပါတယ်။ ကျွန်တေ်ာတို့အနေနဲ့ သူတို့ကို ဒုက္ခပေးနိုင်တဲ့ အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။ ကျွန်တေ်ာတို့ ဒုတိယပိုင်းမှာ ပိုကောင်းအောင် ကစားခဲ့ပေမဲ့ ဘောလုံး ပိုင်ဆိုင်မှု ဆုံးရှုံးခဲ့ပြီး သူတို့က ယုံကြည်မှု တိုးလာခဲ့ပါတယ်”လို့ ပြောသွားပါတယ်။ ရီးရဲလ် နောက်ခံလူ ရာမို့စ်ကတော့ ပီကေးအနေနဲ့ ပထမပိုင်းမှာ ရီးရဲလ်အသင်းရဲ့ ခြေစွမ်းက သူ ရင်ဆိုင်ခဲ့သမျှထဲမှာ အဆိုးရွားဆုံး ဖြစ်တယ်လို့ ပြောခဲ့တာကို မကျေနပ်လို့ တုံ့ပြန်ခဲ့ပါတယ်။

Photo Credit: Givemesport

ရာမို့စ်က “လူတိုင်းရဲ့ အမြင်ကို လေးစားရမှာပါ။ ပီကေး ပြောခဲ့သလို ပထမပိုင်းမှာ ခြေစွမ်း ဆိုးရွားခဲ့ပေမဲ့ ဒီလိုနဲ့ အယ်လ်ကလက်ဆီကို ပွဲစဉ်ကို အနိုင်ယူခဲ့ပါတယ်။ ချဉ်းကပ်ပုံကတော့ မတူခဲ့ပါဘူး။ ပထမပိုင်းမှာ ကျွန်တော်တို့ ဘောလုံး လွတ်ပေးထားပြီး ဒုတိယပိုင်းမှာ ဘောလုံးရရှိဖို့ ကစားခဲ့ပါတယ်။ သူတို့အသင်းက မတတ်ကြွခဲ့ပါဘူး။ ကျွန်တော်တို့အသင်းအနေနဲ့ အခွင့်အရေးတွေ စတင် ဖန်တီးနိုင်ခဲ့ပါတယ်”လို့ ပြန်လည် ချေပပြီး ပြောကြားသွားခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ အယ်ကလက်ဆီကို ပွဲစဉ်မှာ ဘာစီလိုနာအသင်းကို အနိုင်ရခဲ့တာကြောင့် လာလီဂါ အမှတ်ပေး ပြိုင်ပွဲမှာ ထိပ်ဆုံးကနေ ဦးဆောင်လျက် ရှိပြီး လာလီဂါ ပွဲစဉ် (၂၆) ပွဲ ကစားပြီးရာမှာ ရမှတ် (၅၆) မှတ်နဲ့ (၁) မှတ်ဖြတ်လျက် အဆင့် (၁) နေရာ ရရှိထားပါတယ်။