ဘောလုံးပရိသတ်တချို့က ဆာဂျီယိုရာမို့စ်ကို နပန်းသမားကြီးရာမို့စ်လို့ ခေါ်ကြလေ့ရှိတယ်။ အဲ့ဒါ သူရဲ့ Body Structure ကြောင့်မဟုတ်ပဲနဲ့ ဘောလုံးကစားတိုင်းမှာ ပြိုင်ဘက်ကစားသမားတွေအပေါ် ကြမ်းကြမ်းတမ်းတမ်းတွေ တုန့်ပြန်တတ်တဲ့ သူရဲ့အကျင့်ဆိုးတစ်ခုကြောင့်ပဲဖြစ်ပါတယ်။ ဒီလိုကစားဟန်တွေကြောင့်ပဲ ရာမို့်စ်ဟာ သူရဲ့ကစားသမားဘဝတလျှောက် အဝါကတ်တွေ အနီကတ်တွေကို ပလူပျံအောင် ပြသခံခဲ့ရပြီး အခုလည်း မန်စီးတီးအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲအတွင်းမှာ သူရဲ့ကြမ်းတမ်းတဲ့ ကစားပုံကြောင့် တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြန်ပါတယ်။

Photo Credit : Youtube

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စပိန်ဝါရင့်နောက်ခံကစားသမားကြီးရာမို့စ်ဟာ မနေ့ညက ဘာနေဗျူးကွင်းမှာ ကစားသွားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ မန်စီးတီးတိုက်စစ်ကစားသမား ဂါဘရီရယ်ဂျေဆူးကို ကစားပုံကြမ်းတမ်းမိခဲ့လို့ ကွင်းလယ်ဒိုင်ကနေ တိုက်ရိုက်အနီကတ်ပြကာ ထုတ်ပယ်ခဲ့လို့ လာမယ့်ဒုတိယအကျော့ကို လွဲချော်ရတော့မှာဖြစ်သလို ရီးရဲလ်အနေနဲ့ နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်ခဲ့မယ်ဆိုရင်လည်း ရာမို့စ်က ဒီအနီကတ်ပြစ်ဒဏ်ကြောင့် ထပ်ပြီးပွဲပယ်ခံရမှုတွေနဲ့ ရင်ဆိုင်လာရနိုင်ပါတယ်။

Photo Credit : Sportskeeda

ဒီအနီကတ်ဟာ ရာမို့စ်ရဲ့ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ၄ကြိမ်မြောက် အပြသခံခဲ့ရတဲ့ အနီကတ်ဖြစ်ပြီး နာမညိကျော်ဝါရင့် ကစားသမားကြီးဖြစ်တဲ့ အီဗရာဟီမိုဗစ်နဲ့ အက်ဂါဒေးဗစ်တို့ရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲထဲ အနီကတ်စံချိန်တင်ပြခံရမှုကိုပါ လိုက်မှီသွားခဲ့ပါတယ်။ ဒါ့အပြင် ရာမို့စ်ဟာ သူရဲ့စီနီယာဘောလုံးသမားဘဝတလျှောက်မှာ ဒီအနီကတ်ပြစ်ဒဏ်အပါအဝင် အနီကတ်ပေါင်း ၂၆ကြိမ်ထိကို ပြသထားခံရပြီး ဘောလုံးအားကစားသမိုင်းအတွင်း အနီကတ်အကြိမ်ရေ အများဆုံပြသခံထားရတဲ့ ကစားသမားတွေစာရင်းထဲ တတိယနေရာမှာ ရှိနေခဲ့ရပြီး ဒုတိယနေရာက နိုက်စ်ကစားသမားဟောင်း ခရေးရူးလ်နဲ့တောင် သိပ်မကွာတော့ပဲ ဒီပုံစံအတိုင်းသာဆိုရင်တော့ ခရေးရူးလ်ကိုပါ ကျော်တတ်သွားဖွယ်ရှိနေပါတယ်။ ဒါပေမယ့် ရာမို့စ်ဟာ သူရဲ့ခံစစ်ကစားပုံကောင်းမွန်မှုကြောင့် ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတစ်ဦးအဖြစ် လက်ရှိအချိန်ထိ သတ်မှတ်ခံထားရဆဲဖြစ်ပါတယ်။