ရီးရဲလ် မက်ဒရစ် အသင်းခေါင်းဆောင် ရာမို့စ်ဟာ သူ့ရဲ့ဇနီးသည် ပီလာ ရူဘီယို (Pilar Rubio) နဲ့ အတူ စပိန်နိုင်ငံက ကိုရိုနာ ဗိုင်းရပ်ရောဂါ ကူးစက်မှုကို ကာကွယ်နိုင်ဖို့ လှူဒါန်းမှု ပြုလုပ်ခဲ့ပြီး သူတို့ရဲ့ လှူဒါန်းမှုကို Unicef က တစ်ဆင့် လှူဒါန်းသွားမှာ ဖြစ်တယ်လို့ ဖော်ပြသွားခဲ့ပါတယ်။ နောက်ခံလူ ရာမို့စ် နဲ့ သူ့ရဲ့ ဇနီးသည် ပီလာ ရာဘီယိုတို့အနေနဲ့ မျက်နှာဖုံးစွပ် (၂၆၄, ၅၇၁)၊ ကာကွယ်ရေး ပစ္စည်း (၁,၀၀၀) နဲ့ စမ်းသပ်ဝတ်စုံ – testing kits – (၁၅,၀၀၀) လှူဒါန်းသွားမှာ ဖြစ်ပြီး စပိန်နိုင်ငံက ကိုရိုနာ ဗိုင်းရပ် ရောဂါကို ကာကွယ်ဖို့အတွက် လှူဒါန်းမှာပဲ ဖြစ်ပါတယ်။

Photo Credit: As.Com

စပိန် နောက်ခံလူ ရာမို့စ်ဟာ Unifer ရဲ့ သံတမန် တစ်ဦး ဖြစ်တာကြောင့် သူ နဲ့ သူဇနီးသည်ရဲ့ လှူဒါန်းမှုကို Unicef ကနေ တစ်ဆင့် ပြုလုပ်သွားမှာ ဖြစ်ကြောင်း ရေးသားဖော်ပြသွားပါတယ်။ Twitter – တွစ်တာမှာ ရာမို့စ်က “ကျွန်တော်တို့ Unicef နဲ့ အတူ ပူးပေါင်း ဆောင်ရွက်ပြီးပါပြီ။ အရေးပေါ် နဲ့ အဖြစ်မနေ လိုအပ်တဲ့ အကူအညီပါပဲ။ ကျန်းမာရေး ဝတ်စုံ နဲ့ ဆေးဝန်ထမ်းတွေ အတွက် လိုအပ်တာတွေ အားလုံးက သောကြာနေ့မှာ စပိန်နိုင်ငံကို ရောက်ရှိလာမှာ ဖြစ်ပါတယ်” လို့ ရေးသားခဲ့ပြီး သူ့ရဲ့ လှူဒါန်းမှုအကြောင်းကို တရားဝင် အသိပေးသွားလိုက်တာ ဖြစ်ပါတယ်။

Photo Credit: As.Com

Unicef ကလည်း ရာမို့စ် နဲ့ သူ့ရဲ့ ဇနီးသည် ပီလာ ရာဘီယိုတို့ကို သူတို့ရဲ့ လှူဒါန်းမှုအတွက် ကျေးဇူးတင် ရှိပါတယ်လို့ Twitter ကနေ တစ်ဆင့် ပြန်လည် ဖော်ပြ ရေးသားသွားခဲ့ပါတယ်။ စပိန်နိုင်ငံဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် သေဆုံးသူ အများဆုံး နိုင်ငံ ဖြစ်လာခဲ့ပြီး ကိုရိုနာ ဗိုင်းရပ် စတင် ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံက သေဆုံးသူ ဦးရေကို ကျာ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ စပိန်နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက နောက်ဆုံး ထုတ်ပြန်ချက်အရ၊ နောက်ဆုံး (၂၄) နာရီအတွင်းမှာ သေဆုံး (၇၃၈) ဦး ရှိတယ်လို့ ဖော်ပြခဲ့ပြီး ကူးစက်သူကလည်း တိုးလာနေပါတယ်။ စပိန်နိုင်ငံဟာ လက်ရှိအချိန်မှာ ကိုရိုနာ ဗိုင်းရပ် ကူးစက်ခံရသူ (၄၇,၆၁၀) ဦး ရှိနေပြီ ဖြစ်ပြီး သေဆုံးသူ (၃,၄၃၄) ဦး ရှိနေတာကြောင့် ကိုရိုနာ ဗိုင်းရပ် အပြင်းဆုံး နိုင်ငံ ဖြစ်လာခဲ့ပါတယ်။