နှလုံးခုန်နှုန်း ပုံမှန်မဟုတ်တဲ့ ပြသာနာရပ်ကြောင့် အသက်(၃၃)နှစ်အရွှယ်မှာပဲ ဘောလုံးသမားဘဝကနေ အနားယူလိုက်ရတဲ့ မန်စီးတီးနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ တိုက်စစ်ကစားသမားဟောင်းတစ်ဦးဖြစ်သူ ဆာဂျီယိုအဂွဲရိုးဟာ ဘောလုံးသမားဘဝကို ကျောခိုင်းလိုက်ရပြီး ရက်ပိုင်းလေးအတွင်းမှာပဲ အဂွဲရိုးကို သူရဲ့အသင်းဟောင်း မန်စီးတီးအသင်း အပါအဝင် ဘောလုံးအားကစားနဲ့ ပတ်သက်ဆက်နွ်ယ်နေတဲ့ အလုပ်အကိုင်သစ် (၄)မျိုးလောက်ကနေ ကမ်းလှမ်းမှုတွေ ပြုလုပ်ထားတယ်လို့ သိရှိရပါတယ်။

Photo Credit : Marca

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက်အတွင်းမှာပဲ ဆယ်စုနှစ်တစ်ခုကြာထိ ကျင်လည်ခဲ့ဖူးတဲ့ မန်စီးတီးအသင်းကနေ ဘာစီလိုနာအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ အဂွဲရိုးဟာ သူရဲ့အသင်းသစ် ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ(၅)ပွဲသာ ပါဝင်ကစားခဲ့ရတာ ဖြစ်ပါတယ်။ ပထမကတော့ (၃)လဝန်းကျင်လောက်သာ အနားယူရဖွယ် ရှိခဲ့တဲ့ အဂွဲရိုးဟာ သူရဲ့နှလုံးခုန်မှု ပုံမှန်မဟုတ်တဲ့ အခြေအနေကြောင့် ဘောလုံးသမားဘဝကို အဆုံးသတ်လိုက်ဖို့သာ ဆုံးဖြတ်ချက် ချမှတ်လိုက်ရတဲ့ အဂွဲရိုးကို လတ်တလောမှာတော့ သူရဲ့ ကလပ်အသင်းဟောင်း မန်စီးတီးအသင်းဘက်ကနေ အသင်းရဲ့ သံမတန်ရာထူးအဖြစ် ကမ်းလှမ်းထားသလို နောက်ထပ် ဘောလုံးအားကစားနဲ့ ပတ်သက်ဆကနွ်ယ်နေတဲ့ အလုပ်အကိုင် (၃)မျိုးခန့်လောက်ပါ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

Photo Credit : Eurosport

မန်စီးတီးအသင်းအတွက် ဆယ်စုနှစ် တစ်ခုနီးပါးလောက်ကို ပါဝင်ကစားပေးခဲ့ပြီး ဆုဖလားအောင်မြင်မှုတွေရော တစ်ဦးချင်း အောင်မြင်မှုတွေကိုပါ ရယူနိုင်ခဲ့တဲ့ အဂွဲရိုးဟာ မန်စီးတီးအသင်း ပရိသတ်တွေရဲ့ အချစ်တော်တစ်ဦးဖြစ်နေတာကြောင့် တစ်ကမ္ဘာလုံးမှာရှိတဲ့ မန်စီးတီး ပရိသတ်တွေနဲ့ တွေ့ဆုံဆက်ဆံနိုင်မယ့် အသင်းသံတမန်ရာထူးအဖြစ် တာဝန်ပေးသွားချင်တာ ဖြစ်ပါတယ်။ တကယ်လို့ ဒီအလုပ်ကို အဂွဲရိုးဘက်ကနေ လက်မခံဖြစ်ဘူးဆိုရင်တောင် သူရဲ့မွေးရပ်မြေ အာဂျင်တီးနားနိုင်ငံရဲ့ လက်ရွေးစင်အသင်းနဲ့ လူငယ်အသင်းတွေရဲ့ နည်းပြအဖွဲ့ဝင် ရာထူးတွေပါ ကမ်းလှမ်းထားတာမျိုးပါ ရှိနေတဲ့အတွက် ရွေးချယ်စရာများစွာ ရှိနေနိုင်ပါတယ်။ တကယ်လို့ ဒီအလုပ်(၃)မျိုးလုံးကိုပါ တာဝန်ယူ ဆောင်ရွှက်ဖို့အတွက် စိတ်ပါဝင်စားမှု မရှိဘူးဆိုရင်လည်း နာမည်ကြီး အားကစားရုပ်သံလိုင်းတွေမှာ ဘောလုံးအကြောင်း သုံးသပ်ဆွေးနွေးသူအဖြစ်နဲ့ပါ ကမ်းလှမ်းခံထားရတာကြောင့် အဂွဲရိုးအနေနဲ့ ဘောလုံးသမားဘဝကနေ အနားယူလိုက်ပေမယ့် ဘောလုံးနယ်ပယ်နဲ့ အဆက်အသွယ်မပြတ် ဆက်လက်ရှိနေနိုင်တဲ့ အခွင့်အလမ်းတွေကို ပိုင်ဆိုင်နေတာရ ဖြစ်တာမို့ ဘယ်ကမ်းလှမ်းမှုကို ရွေးချယ်သွားမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။