မန်ချက်စတာစီးတီးအသင်းရဲ့ အဓိက ကစားသမားဖြစ်သူ တိုက်စစ်မှူး အာလင်းဟာလန်းက သူရဲ့ သွင်းဂိုးစွမ်းရည်တွေကြောင့် ဘောလုံးနယ်ပယ်အတွင်း စံချိန်ပေါင်းများစွာကို ထပ်မံ ရိုက်ချိုးနိုင်လိမ့်မယ်လို့ မန်စီးတီး ဂန္တဝင် ကစားသမားကြီး ဆာဂျီယိုအဂွဲရိုးက အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit : CNN

အခုနှစ် နွေရာသီကမှ ဒေါ့မွန်ကနေ မန်စီးတီးအသင်းဆီ ရောက်ရှိလာခဲ့တဲ့ ဟာလန်းက အခုဆိုရင် မန်စီးတီးအတွက် ပွဲပေါင်း(၂၀) ကစားထားခဲ့ရာ သွင်းဂိုး စုစုပေါင်း (၂၆)ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာလည်း (၁၄)ပွဲတည်းနဲ့ ဂိုးပေါင်း(၂၀)ကို အလျင်အမြန်ဆုံး သွင်းယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ်နဲ့ပါ စံချိန်သစ် စိုက်ထူနိုင်ခဲ့ပါတယ်။ ဒီလိို ဂိုးသွင်းအားကောင်းနေတဲ့ ဟာလန်းနဲ့ ပတ်သတ်ပြီး အဂွဲရိုးက “သူသာ အပြောင်းအလဲမရှိ အခုအတိုင်း ဆက်သွားနေမယ်ဆိုရင် မန်စီးတီးအသင်းနဲ့ ဆက်သွားနေမယ်ဆိုရင်တော့ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ အခု သူရဲ့အချက်အလက်တွေကို ကြည့်လိုက်ပါ”

Photo Credit : The Athletic

“သူဟာ ပရီးမီးယားလိဂ် ပထမအဆင့်မှာပဲ (၁၈)ဂိုး သွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ ဘောလုံးရာသီတစ်ခုတည်းမှာ အမြင့်ဆုံး သွင်းဂိုးက (၃၄)ဂိုး ရှိနေတာဖြစ်လို့ သူရဲ့ ဂိုးသွင်းအားကိုသာ ဆက်ထိန်းထားနိုင်မယ်ဆိုရင်တော့ ဒီသွင်းဂိုးပမာဏကို သေချာပေါက် ဖြတ်ကျော်သွားနိုင်မှာပါ။ ဟာလန်းက တခြားကလပ်အသင်းတွေမှာလည်း သူရဲ့ စွမ်းဆောင်ရည်နဲ့ form ကို ထိန်းသိမ်းနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူရဲ့ ဏိန်းဂဏန်းတွေက တကယ့်ကို ထူးထူးခြားခြားပါပဲ။ ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ ကွဲပြားခြားနားတဲ့ ပြိုင်ပွဲတစ်ခုဖြစ်လို့ ပရီးမီးယားလိဂ်မှာ စွမ်းဆောင်နိုင်ဖို့အတွက် သူရဲ့ တိုးတတ်မှုကို ထိန်းသိမ်းထားရပါမယ်။ သူရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ဘောလုံးရာသီကတော့ ကောင်းမွန်ခဲ့ပါတယ်” လို့ ပြောဆိုလာခဲ့ပါတယ်။ အသက်(၂၂)နှစ်အရွယ်ရှိ နော်ဝေလက်ရွေးစင် ဟာလန်းက ၂၀၂၂ခုနှစ် တစ်နှစ်တာအတွင်းမှာ တရားဝင်ပွဲစဉ်ပေါင်း (၄၂)ပွဲ ပါဝင်ကစားခဲ့ရာ စုစုပေါင်း (၄၅)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ အခုလည်း သူရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးက ဂိုး(၂၀)ထိပါ ရောက်ရှိလာခဲ့ပြီဖြစ်လို့ အဂွဲရိုး ပြောဆိုခဲ့သလို ပရီးမီးယားလိဂ်ရဲ့ သွင်းဂိုးစံချိန် (၃၄)ဂိုးကိုပါ ကျော်ဖြတ်သွားဖို့ အခြေအနေ အလွန်ကောင်းနေသလို မန်စီးတီးအတွက် အဂွဲရိုး သွင်းယူခဲ့တဲ့ ဂိုးပေါင်း (၂၆၀)ကိုပါ ကျော်ဖြတ်သွားနိုင်ဖွယ်ပါ ရှိနေရပါတယ်။