မန်စီးတီးအသင်းရဲ့တိုက်စစ်ကစားသမား ဆာဂျီယိုအဂွေရိုကတော့ ဒီတစ်ပတ်အတွင်းမှာ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ကို ဆင်နွဲရဦးမှာမဟုတ်သေးပဲ လာမယ့်(၂၂)ရက်နေ့မှသာ အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ဆင်နွဲရမှာဖြစ်တာကြောင့် အခုလို အနားရသေးတဲ့ အချိန်အတွင်း ဒီတစ်ပတ်အတွင်းမှာ ကျင်းပသွားဖို့ရှိနေတဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ပွဲစဉ်(၁)က ပွဲစဉ်(၅)ပွဲရဲ့ ရလဒ်တွေကို သုံးသပ်ခန့်မှန်းပေးသွားခဲ့ပါတယ်။

အဂွေရိုဟာ ဒီနေ့စနေ့ညမှာ ယှဉ်ပြိုင်ကစားသွားမယ့် ဖူလ်ဟမ်နဲ့ အာဆင်နယ်အသင်းတို့ရဲ့ လန်ဒန်ဒါဘီပွဲ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ဆောက်သမ်တန်အသင်းတို့ပွဲ လီဗာပူးလ်နဲ့ လိဒ်စ်ယူနိုက်တက်အသင်းတို့ပွဲအပါအဝင် ဒီတစ်ပတ်ရဲ့အကောင်းဆုံးသောပွဲဖြစ်တဲ့ စပါးအသင်းနဲ့ အဲဗာတန်အသင်းတို့ပွဲအပြင် ဘရိုက်တန်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ပွဲစဉ်တွေကို ကြိုတင်ခန့်မှန်းပေးသွားခဲ့တာဖြစ်ပါတယ်။

အဂွေရိုရဲ့ခန့်မှန်းချက်
ဖူလ်ဟမ် 1-1 အာဆင်နယ်
ခရစ္စတယ်ပဲလေ့စ် 2-1 ဆောက်သမ်တန်
လီဗာပူးလ် 1-1 လိဒ်စ်
စပါး 2-1 အဲဗာတန်
ဘရိုက်တန် 1-3 ချယ်လ်ဆီး

အဂွေရိုရဲ့ခန့်မှန်းချက်တွေထဲကမှ လန်ဒန်ဒါဘီပွဲဖြစ်တဲ့ ဖူလ်ဟမ်နဲ့ အာဆင်နယ်တို့ပွဲကတော့ လုံးဝကို မှားယွင်းခဲ့ပြီး ဧည့်သည်အာဆင်နယ်က (၃)ဂိုးပြတ်နဲ့ကို အနိုင်ရခဲ့ပါတယ်။ ဒါ့အပြင် အဂွေရိုဟာ သူတို့အသင်းရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့ လီဗာပူးလ်ကိုလည်း လိဒ်စ်အသင်းနဲ့ပွဲမှာ ရုန်းကန်ရနိုင်ဖွယ် ရှိတယ်လို့ ခန့်မှန်းခဲ့ပြီး တစ်ဂိုးစီသာ သရေကျမယ်လို့ တွက်ဆခဲ့ပါတယ်။ အဂွေရိုက သူရဲ့ခန့်မှန်းချက်တွေကို Transfermarket.com ကနေ ဖော်ပြသွားခဲ့တာလည်းဖြစ်ပါတယ်။