မန်စီးတီး နည်းပြ ဂွါဒီယိုလာကတော့ တိုက်စစ်မှူး အဂွဲရိုဟာ မနက်ဖြန် ဗုဒ္စဟူးနေ့ည ရှက်ဖီးလ် အသင်းနဲ့ ကစားရမယ့် အက်ဖ်အေ ဖလား ပဉ္စမအဆင့် ပွဲစဉ် နဲ့ တနင်္ဂနွေနေ့ည မန်ယူအသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ကစားဖို့ အဆင်သင့် ဖြစ်နေပါပြီလို့ ပြောသွားခဲ့ပါတယ်။ မန်စီးတီး တိုက်စစ်မှူး အဂွဲရိုဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အက်စတွန်ဗီလာအသင်းကို (၁-၂) နဲ့ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ ကာရာဘောင် ဖလား ပွဲစဉ်က ဒုတိယပိုင်းမှာ ခြေထောက်ဒဏ်ရာ ရရှိခဲ့ပြီး တိုက်စစ်မှူး ဂျေဆပ်နဲ့ လူစားလဲ ရတာကြောင့် ပွဲစဉ်အချို့ကို လွဲချော်နိုင်သလို ဖြစ်ခဲ့ပါတယ်။

Photo Credit: Goal

မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာကတော့ မနက်ဖြန်၊ ဗုဒ္စဟူးနေ့ည၊ ကြာသပတေးနေ့ နံနက် (၂း၁၅) အချိန် ရှက်ဖီးလ်အသင်းနဲ့ ကစားရမယ့် အက်ဖ်အေ ဖလား ပဉ္စမအဆင့်အတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ အဂွဲရိုအနေနဲ့ လာမယ့် ပွဲစဉ်တွေကို ကစားနိုင်မယ်လို့ ဆိုခဲ့ပါတယ်။ မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာကတော့ မနက်ဖြန် ကစားမယ့် အက်ဖ်အေ ဖလား ပွဲစဉ်မှာ ဂိုးသမား ဘရာဗိုက ဂိုးသမား အဖြစ် ဆက်လက် ပွဲဦးထွက် လာမှာ ဖြစ်တယ်လို့ ပြောခဲ့သလို သူက “အဂွဲရိုက မနက်ဖြန်အတွက် ကစားဖို့ အဆင့်ပါပဲ”လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာဟာ မနက်ဖြန်ည ကစားရမယ့် အက်ဖ်အေ ဖလား ပွဲစဉ်မှာ တိုက်စစ်မှူး အဂွဲရိုကို အရဲစွန့် အသုံးပြုဖို့ အလားအလာ နည်းပါးနေပြီး မန်ယူအသင်းနဲ့ ကစားသွားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာသာ ပွဲထုတ် အသုံးပြုလာဖို့ အလားအလာ ပိုများပါတယ်။ တိုက်စစ်မှူး အဂွဲရိုဟာ လက်ရှိ ပရီးမီးယားလိဂ် ပွဲစဉ် (၂၁) ပွဲ ကစားပြီးရာမှာ သွင်းဂိုး (၁၆) ဂိုး နဲ့ ဂိုးဖန်တီးမှု (၃) ကြိမ် ပြုလုပ်ထားတာကြောင့် ပရီးမီးယားလိဂ် သွင်းဂိုး (၁၉) ဂိုးအထိ တိုက်ရိုက် ပါဝင်ပက်သက်ထားပြီး မန်စီးတီးအသင်းရဲ့ အဓိက တိုက်စစ် မောင်းနှင်အား ဖြစ်နေခဲ့ပါတယ်။ နည်းပြ ပက် ဂွါဒီယိုလာအနေနဲ့ မန်ယူအသင်းနဲ့ ကစားမယ့် ပွဲစဉ်မှာ တိုက်စစ်မှူး အဂွဲရိုကို အသုံးပြုနိုင်မှာ ဖြစ်တာကြောင့် မန်စီးတီး အသင်းရဲ့ တိုက်စစ်အင်အား ပို တောင့်တင်းမှာ ဖြစ်ပါတယ်။