ဒီနှစ် နွေစျေးကွက်အတွင်းမှာ စပါးအသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီး အသင်းလက်မဲ့ ကစားသမား ဖြစ်ခဲ့ရတဲ့ အိုင်ဗရီကို့စ် ညာနောက်ခံလူ ဆာဂျီအော်ရီယာဟာ စပါးအသင်းရဲ့ ခါးသီးလန်ဒန်မြို့ခံ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့့ဖို့အတွက် နီးစပ်မှု ရှိခဲ့ပေမယ့်လည်း အသင်းဟောင်းရဲ့ အခါးသီးဆုံး ပြိုင်ဘက်အသင်းတစ်သင်း ဖြစ်နေတာကြောင့် ပြောင်းရွှေ့ခဲ့ခြင်း မရှိတာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Football London

အသက်(၂၈)နှစ်အရွှယ်ရှိ အိုင်ဗရီကို့စ်လက်ရွေးစင် နောက်ခံအစွန်လူ အော်ရီယာဟာ ၂၀၁၆ခုနှစ်ကမှ ပီအက်စ်ဂျီအသင်းကနေ စပါးအသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းနဲ့ (၄)နှစ်နီးပါး ကျင်လည်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အော်ရီယာဟာ နောက်ပိုင်းနှစ်တွေမှာ ပွဲထွက်ကစားခွင့်တွေ တဖြည်းဖြည်း ပျောက်ဆုံးလာတာကြောင့် နွေစျေးကွက်အတွင်း ရောင်းချဖို့ ပြင်ဆင်ခဲ့ရာ ခေါ်ယူမှု ကလပ်အသင်း မရှိလာခဲ့တာကြောင့် နောက်ဆုံးမှာ အော်ရီယာရဲ့ စာချုပ်ကို ဖျက်သိမ်းပေးခဲ့ပြီး အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပေးခဲ့ပါတယ်။

Photo Credit : EveryEvery NG

Free Agent ကစားသမားတစ်ယောက် ဖြစ်သွားခဲ့တဲ့ အော်ရီယာဟာ ဟက်တာဘယ်လာရင်ကို ရီးယဲလ်ဘက်တစ်အသင်းဆီ အငှားနဲ့ ပို့ဆောင်လိုက်တဲ့ အာဆင်နယ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လာခဲ့ပေမယ့် နောက်ဆုံးမှာတော့ အော်ရီယာက အာဆင်နယ်ကို ပယ်ချခဲ့လို့ အာဆင်နယ်လည်း ကာဂလီယာရီရဲ့ ဂျပန်နောက်ခံလူ တိုမီယာစုကိုပဲ အစားထိုးခေါ်ယူသွားခဲ့ရတာ ဖြစ်ပါတယ်။ ဒီအကြောင်းကိစ္စနဲ့ပတ်သက်ပြီး အော်ရီယာက “ပထမဆုံးအနေနဲ့တော့ စပါးအသင်းရဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်စကား ဆိုချင်ပါတယ်။ သူတို့တွေနဲ့အတူ တကယ့်ကို အံ့မခန်း ဘောလုံးရာသီ (၄)ခုကို ဖြတ်သန်းခဲ့ရတယ်။ အသင်းပရိသတ်တွေက ခြားနားမှု ရှိပေမယ့်လည်း အရမ်းကောင်းမွန်တဲ့ အမှတ်တရတချို့လည်း ရှိခဲ့ရတယ်။ ဒီအသင်းရဲ့ ကိုယ်စားပြုအရောင်ကို ဝတ်ဆင်ပြီး ကစားခဲ့ရတာကိုလည်း အရမ်းဂုဏ်ယူမိပါတယ်။ ကျွန်တော့်ကိုယ်ကျွန်တော်လည်း အင်္ဂလန်ရဲ့ အခြားသော ကလပ်အသင်းမှာ ကစားနေတာကို မဖြစ်စေချင်ပါဘူး။ နောက်ပြီး ကျွန်တော်ရဲ့ အသင်းဟောင်းအပေါ် လေးစားသမှု အသင်းရဲ့ သမိုင်းကြောင်းနဲ့ ကျွန်တော်တို့အားလုံး ဝေမျှခဲ့ကြတဲ့ အရာတွေကြောင့် အသင်းရဲ့ ရန်သူအသင်းဆီ ကျွန်တော် လုံးဝကို မပြောင်းချင်ပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ အော်ရီယာဟာ လာလီဂါကလပ် ဗီလာရီးယဲလ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လို့ထားပါတယ်။