ဘုိင္ယန္ျမဴးနစ္အသင္းကေတာ့ ဒီႏွစ္ေဘာလုံးရာသီအစမွာ အသင္းကေန လမ္းခြဲသြားခဲ႔ၾကၿပီျဖစ္တဲ႔ အာဂ်န္ေရာ္ဘင္နဲ႔ ဖရန္႔ရီဘာရီတုိ႔ရဲ႕ ေနရာေတြမွာ ျပန္လည္အစားထုိးႏုိင္ဖုိ႔အတြက္ မန္စီးတီးအသင္းရဲ႕ ဂ်ာမန္ေတာင္ပံကစားသမား လီရြိဳင္းဆာေနးကုိ အဓိကပစ္မွတ္ထားလာခဲ႔ေပမယ့္လည္း မန္စီးတီးကေတာ့ သူတုိ႔ရဲ႕ အဓိက ကစားသမားကုိ အသင္းကေန အလြယ္တကူ မေရာင္းထုတ္ခ်င္တာေၾကာင့္ ေျပာင္းေရႊ႔ေၾကးကုိ ျမင့္မားစြာေတာင္းဆုိခဲ႔တာေၾကာင့္ အေျပာင္းအေရႊ႔က ျဖစ္ေပၚလာခဲ႔ျခင္းမရွိပဲ ဖီလစ္ပီေကာ္တင္ဟုိနဲ႔ အုိင္ဗန္ပါရီဆစ္တုိ႔ကုိသာ တစ္ရာသီအငွားစာခ်ဳပ္နဲ႔ ေခၚယူခဲ႔လိုက္ရပါတယ္။

Photo Credit : Getty Images

ဒီကစားသမားႏွစ္ေယာက္လုံးဟာ အသင္းအတြက္ ေျခစြမ္းေကာင္းေတြကုိ ျပသထားႏုိင္ေပမယ့္လည္း ဘုိင္ယန္အသင္းကေတာ့ သူတုိ႔ရဲ႕ အဓိကပစ္မွတ္ျဖစ္လုိ႔ေနတဲ႔ အသက္၂၃ႏွစ္အရႊယ္ ေတာင္ပံတုိက္စစ္ကစားသမားဆာေနးကုိ ေခၚယူဖုိ႔အတြက္ လုံးဝကုိ လက္မေလွ်ာ့ႏုိင္ေသးပဲ ၿပီးခဲ႔တဲ႔တစ္ပတ္အတြင္းမွာပဲ ဂ်ာမနီႏုိင္ငံမွာ ဆာေနးရဲ႕ေအးဂ်င့္ျဖစ္သူ ေဒးဗစ္ဂတ္ဒ္နာနဲ႔ ဘုိင္ယန္ျမဴးနစ္အသင္းနဲ႔ ရင္းႏွီးကြ်မ္းဝင္သူတစ္ဦးတုိ႔ ေတြ႔ဆုံေဆြးေႏြးျဖစ္ခဲ႔ၾကၿပီး ဒါဟာ ဆာေနးရဲ႕ အေျပာင္းအေရႊ႔ကိစၥကုိသာ ေဆြးေႏြးၾကတာျဖစ္တယ္လုိ႔ သိရွိရပါတယ္။

Photo Credit : Getty Images

ဆာေနးဟာ ဒီႏွစ္ေဘာလုံးရာသီအစပုိင္းမွာပဲ မန္စီးတီးနဲ႔ လီဗာပူးလ္အသင္းတုိ႔ရဲ႕ ကြန္ျမဴနတီဒုိင္းပြဲစဥ္မွာပဲ ဒဏ္ရာရရွိသြားခဲ႔တာေၾကာင့္ ရက္ပုိင္းမ်ားစြာ အနားယူေနရၿပီး လာမယ့္ႏွစ္မွသာ မန္စီးတီးအတြက္ ျပန္လည္ကစားေပးႏုိင္မွာျဖစ္ပါတယ္။ ဘုိင္ယန္ျမဴးနစ္အသင္းဟာ ဒီႏွစ္ေဘာလုံးရာသီမွာ ကုိးမန္း နာဘရီတုိ႔လုိ အသင္းရဲ႕ရွိရင္းစြဲ ေတာင္ပံတုိက္စစ္ကစားသမားေတြရဲ႕ ေျခစြမ္းျပသႏုိင္မႈေတြရွိေနေပမယ့္လည္း အသင္းဆီကိုေတာ့ ဆာေနးလုိ ကစားသမားတစ္ေယာက္ မျဖစ္မေန ေရာက္ရွိလာႏုိင္ေအာင္ကုိေတာ့ အေလွ်ာ့မေပးႏုိင္ေသးပဲ ဆက္လက္ကမ္းလွမ္းမႈေတြကို ျပဳလုပ္လာဖြယ္ရွိေနပါေသးတယ္။

Photo Credit : Getty Images

ဒီရာသီမွာ ဒဏ္ရာျပသာနာေၾကာင့္ အသင္းအတြက္ လုံးဝကုိ ပြဲထြက္ခြင့္မရေသးတဲ႔ ဆာေနးဟာ ၂၀၁၆ခုႏွစ္ကမွ ေရွာ္ေကးအသင္းကေန မန္စီးတီးအသင္းဆီကုိ ေရာက္ရွိလာခဲ႔တာျဖစ္ၿပီးေတာ့ အသင္းနဲ႔ ပရီးမီးယားလိဂ္ဆုဖလားကုိ ၂ႀကိမ္ အက္ေအဖလားကုိ ၁ႀကိမ္ အီးအက္ဖ္အယ္ဖလား ၂ႀကိမ္စီ ဆြတ္ခူးႏုိင္ခဲ႔ပါတယ္။ ဒါ့အျပင္ ဆာေနးဟာ ၂၀၁၇-၂၀၁၈ ေဘာလုံးရာသီမွာလည္း ေျခစြမ္းေကာင္းေတြကုိ အထူးျပသႏုိင္ခဲ႔လုိ႔ PFA ရဲ႕ အေကာင္းဆုံးလူငယ္ကစားသမားဆုကုိပါ ပုိင္ဆုိင္ႏုိင္ခဲ႔ပါေသးတယ္။ မန္စီးတီးအသင္းကေတာ့ သူတုိ႔ရဲ႕ ေတာင္ပံကစားသမားဆာေနးအတြက္ ေျပာင္းေရႊ႔ေၾကး ေပါင္၁၄၅သန္းနဲ႔အထိကုိ ေတာင္းဆုိလုိ႔ထားတယ္လုိ႔လည္း သိရွိရပါတယ္။

(Unicode)

ဆာနေးအေးဂျင့်နဲ့ ဘိုင်ယန်တာဝန်ရှိသူတို့ တွေ့ဆုံဖြစ်ခဲ့ကြတယ်လို့ သတင်းထွက်လာခဲ့

ဘိုင်ယန်မြူးနစ်အသင်းကတော့ ဒီနှစ်ဘောလုံးရာသီအစမှာ အသင်းကနေ လမ်းခွဲသွားခဲ့ကြပြီဖြစ်တဲ့ အာဂျန်ရော်ဘင်နဲ့ ဖရန့်ရီဘာရီတို့ရဲ့ နေရာတွေမှာ ပြန်လည်အစားထိုးနိုင်ဖို့အတွက် မန်စီးတီးအသင်းရဲ့ ဂျာမန်တောင်ပံကစားသမား လီရွိုင်းဆာနေးကို အဓိကပစ်မှတ်ထားလာခဲ့ပေမယ့်လည်း မန်စီးတီးကတော့ သူတို့ရဲ့ အဓိက ကစားသမားကို အသင်းကနေ အလွယ်တကူ မရောင်းထုတ်ချင်တာကြောင့် ပြောင်းရွှေ့ကြေးကို မြင့်မားစွာတောင်းဆိုခဲ့တာကြောင့် အပြောင်းအရွှေ့က ဖြစ်ပေါ်လာခဲ့ခြင်းမရှိပဲ ဖီလစ်ပီကော်တင်ဟိုနဲ့ အိုင်ဗန်ပါရီဆစ်တို့ကိုသာ တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူခဲ့လိုက်ရပါတယ်။

Photo Credit : Getty Images

ဒီကစားသမားနှစ်ယောက်လုံးဟာ အသင်းအတွက် ခြေစွမ်းကောင်းတွေကို ပြသထားနိုင်ပေမယ့်လည်း ဘိုင်ယန်အသင်းကတော့ သူတို့ရဲ့ အဓိကပစ်မှတ်ဖြစ်လို့နေတဲ့ အသက်၂၃နှစ်အရွှယ် တောင်ပံတိုက်စစ်ကစားသမားဆာနေးကို ခေါ်ယူဖို့အတွက် လုံးဝကို လက်မလျှော့နိုင်သေးပဲ ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာပဲ ဂျာမနီနိုင်ငံမှာ ဆာနေးရဲ့အေးဂျင့်ဖြစ်သူ ဒေးဗစ်ဂတ်ဒ်နာနဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ရင်းနှီးကျွမ်းဝင်သူတစ်ဦးတို့ တွေ့ဆုံဆွေးနွေးဖြစ်ခဲ့ကြပြီး ဒါဟာ ဆာနေးရဲ့ အပြောင်းအရွှေ့ကိစ္စကိုသာ ဆွေးနွေးကြတာဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit : Getty Images

ဆာနေးဟာ ဒီနှစ်ဘောလုံးရာသီအစပိုင်းမှာပဲ မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာပဲ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ရက်ပိုင်းများစွာ အနားယူနေရပြီး လာမယ့်နှစ်မှသာ မန်စီးတီးအတွက် ပြန်လည်ကစားပေးနိုင်မှာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ ကိုးမန်း နာဘရီတို့လို အသင်းရဲ့ရှိရင်းစွဲ တောင်ပံတိုက်စစ်ကစားသမားတွေရဲ့ ခြေစွမ်းပြသနိုင်မှုတွေရှိနေပေမယ့်လည်း အသင်းဆီကိုတော့ ဆာနေးလို ကစားသမားတစ်ယောက် မဖြစ်မနေ ရောက်ရှိလာနိုင်အောင်ကိုတော့ အလျှော့မပေးနိုင်သေးပဲ ဆက်လက်ကမ်းလှမ်းမှုတွေကို ပြုလုပ်လာဖွယ်ရှိနေပါသေးတယ်။

Photo Credit : Getty Images

ဒီရာသီမှာ ဒဏ်ရာပြသာနာကြောင့် အသင်းအတွက် လုံးဝကို ပွဲထွက်ခွင့်မရသေးတဲ့ ဆာနေးဟာ ၂၀၁၆ခုနှစ်ကမှ ရှော်ကေးအသင်းကနေ မန်စီးတီးအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ အသင်းနဲ့ ပရီးမီးယားလိဂ်ဆုဖလားကို ၂ကြိမ် အက်အေဖလားကို ၁ကြိမ် အီးအက်ဖ်အယ်ဖလား ၂ကြိမ်စီ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဆာနေးဟာ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာလည်း ခြေစွမ်းကောင်းတွေကို အထူးပြသနိုင်ခဲ့လို့ PFA ရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပါသေးတယ်။ မန်စီးတီးအသင်းကတော့ သူတို့ရဲ့ တောင်ပံကစားသမားဆာနေးအတွက် ပြောင်းရွှေ့ကြေး ပေါင်၁၄၅သန်းနဲ့အထိကို တောင်းဆိုလို့ထားတယ်လို့လည်း သိရှိရပါတယ်။