ဘိုင်လေ နည်းပြ ရှောင် ဒိုက်ချီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ရှုံးပွဲ မရှိ နည်းပြနိုင်ခဲ့တာကြောင့် အာဆင်နယ် နည်းပြ အာတီတာ နဲ့ မန်ယူ နည်းပြ ဆိုးလ်ရှားကို ကျော်ပြီး ဖေဖော်ဝါရီလ တစ်လတာ အကောင်းဆုံး ပရီးမီးယားလိဂ် နည်းပြဆုကို ထိုက်ထိုက်တန်တန် ရရှိနိုင်ခဲ့ပါတယ်။ ဘိုင်လေ နည်းပြ ရှောင် ဒိုက်ချီဟာ ဖေဖော်ဝါရီလအတွင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၄) ပွဲမှာ (၂) ပွဲသရေ၊ (၂) ပွဲနိုင်နဲ့ ရှုံးပွဲ မရှိခဲ့တာကြောင့် ရလဒ်ကောင်း ရရှိခဲ့ပြီး တစ်လတာ အကောင်းဆုံး နည်းပြဆုကိုပါ ရရှိသွားခဲ့ပါတယ်။

Photo Credit: Dailymail

ဘိုင်လေအသင်းဟာ ဖေဖော်ဝါရီလအတွင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲကိုမှ မရှုံးနိမ့်ခဲ့တာကြောင့် အမှတ်ပေး ဇယားမှာ အဆင့် တက်လာခဲ့ပြီး အဆင့် (၁၀) ရရှိခဲ့ပါတယ်။ ဘိုင်လေအသင်းဟာ ဖေဖော်ဝါရီလမှာ အာဆင်နယ်အသင်းနဲ့ ပထမဆုံး ပွဲစဉ် ကစားခဲ့စဉ်မှာ ဂိုးမရှိ သရေကျခဲ့ပြီး နောက်ထပ် ကစားခဲ့တဲ့ ပွဲစဉ် (၂) ပွဲကို အနိုင်ရခဲ့သလို နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် (၄) ပွဲမြောက်မှာတော့ နယူးကာဆယ်အသင်းနဲ့ သရေကျခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Dailymail

ဘိုင်လေနည်းပြ ဒိုက်ချီဟာ ဖေဖော်ဝါရီလ တစ်လတာ အကောင်းဆုံး စကာတင် နည်းပြ စာရင်းထဲမှာ ပါဝင်ခဲ့ကြတဲ့ မန်ယူ နည်းပြ ဆိုးလ်ရှား၊ အာဆင်နယ် နည်းပြ အာတီတာ နဲ့ ရှက်ဖီးလ် နည်းပြ ခရစ် ဝိုင်ဒါတို့ကို ကျော်ပြီး တစ်လတာ အကောင်းဆုံး နည်းပြဆုကို ရရှိနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘိုင်လေ နည်းပြ ဒိုက်ချီက “ဒီဆုက အဖွဲ့လိုက်ရတဲ့ ဆုပါ။ အားပေးမှုတွေ အားလုံးအတွက်ကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ အသင်းဝန်ထမ်းတွေ မပါဘဲ နည်းပြ တစ်ယောက်အနေနဲ့ ဘာကိုမှ ရနိုင်မှာ မဟုတ်ပါဘူး။ ကစားသမားတွေ မပါဘူးဆိုရင် ဘာဆိုဘာမှ မရနိုင်ပါဘူး။ ကစားသမားတွေက အကောင်းဆုံး ကစားခဲ့ကြလို့ပါပဲ”လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။