နည္းျပ ဆုိးလ္ရွားရဲ႕ မန္ယူအသင္းဟာ ကာရာေဘာင္ ဖလား ဆီမီး ဖုိင္နယ္ ပဲြစဥ္မွာ မန္စီးတီး အသင္းကုိ (၁-၀) ရလဒ္နဲ႔ အႏုိင္ရၿပီးတဲ့ေနာက္ ကာရင္တန္ ေလ့က်င့္ေရးကြင္းကုိ ေလ့က်င့္ဖုိ႔ လာေရာက္ခဲ့ၾကတာ ျဖစ္ပါတယ္။ ေလ့က်င့္ေရးကြင္းကုိ ေရာက္လာတဲ့ ကစားသမားေတြထဲမွာ မန္ယူ ကြင္းလယ္လူ တြန္မီေနးလည္း ပါဝင္လာခဲ့ၿပီး တြန္မီေနးဟာ အရင္က သူ႔အေဖနဲ႔ အတူ ေလ့က်င့္ေရး ကြင္းကုိ လာေလ့ရွိေပမဲ့လည္း အခုက သူ ကုိယ္တုိင္ ကားေမာင္းလာခဲ့ပါတယ္။

Photo Credit: Gettyimage

မန္ယူအသင္းဟာ မေန႔ညက ကစားခဲ့တဲ့ ကာရာေဘာင္ ဖလား ဆီမီး ဖုိင္နယ္ ပဲြစဥ္မွာ မန္စီးတီး အသင္းကုိ (၁-၀) နဲ႔ အႏုိင္ရသြားခဲ့ေပမဲ့ ႏွစ္ေက်ာ့ေပါင္း ရလဒ္ (၃-၂) နဲ႔ အေရးနိမ့္ခဲ့တာေၾကာင့္ ဗုိလ္လုပဲြနဲ႔ လဲြေခ်ာ္သြားခဲ့ပါတယ္။ မန္ယူ ကစားသမားေတြဟာ မန္စီးတီးအသင္းကုိ အႏုိင္ရၿပီး ေနာက္ေန႔ ၾကာသပေတးေန႔ နံနက္မွာ ေလ့က်င့္ေရး ဆင္းဖုိ႔ ကာရင္တန္ ေလ့က်င့္ေရးကြင္းကုိ ကားေတြနဲ႔ ေရာက္ရွိလာခဲ့ၾကၿပီး ကြင္းလယ္လူ တြန္မီေနးလည္း ပါဝင္လာခဲ့တာပဲ ျဖစ္ပါတယ္။

Photo Credit: Gettyimage

မန္ယူအသင္းဟာ မန္စီးတီးအသင္းနဲ႔ ကစားခဲ့တဲ့ ကာရာေဘာင္ ဖလား ပဲြစဥ္ မတုိင္ခင္ေလးမွာ ကြင္းလယ္လူ ဖာနန္ဒက္စ္ကုိ ေခၚယူဖုိ႔ စပုိ႔တင္းအသင္းနဲ႔ သေဘာတူညီခ်က္ ရရွိသြားခဲ့ပါၿပီုလို႔ အတည္ျပဳခဲ့ပါတယ္။ မန္ယူအသင္းဟာ ကြင္းလယ္လူ ေပါ့ဘာ ျပန္ကစားႏုိင္ေသးတာေၾကာင့္မုိ႔ ကြင္းလယ္ပိုင္း အားခ်က္ေတြ ရွိေနခဲ့ေပမဲ့ တကယ္လုိ႔ ဖာနန္ဒက္စ္ ေရာက္ရွိလာၿပီး တြန္မီေနးပါ ဒဏ္ရာက အျပည့္အဝ သက္သာလာရင္ ကြင္းလယ္ပုိင္း အားျပန္ေကာင္းလာမွာပဲ ျဖစ္ပါတယ္။

{Unicode}

နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ ကာရာဘောင် ဖလား ဆီမီး ဖိုင်နယ် ပွဲစဉ်မှာ မန်စီးတီး အသင်းကို (၁-ဝ) ရလဒ်နဲ့ အနိုင်ရပြီးတဲ့နောက် ကာရင်တန် လေ့ကျင့်ရေးကွင်းကို လေ့ကျင့်ဖို့ လာရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ လေ့ကျင့်ရေးကွင်းကို ရောက်လာတဲ့ ကစားသမားတွေထဲမှာ မန်ယူ ကွင်းလယ်လူ တွန်မီနေးလည်း ပါဝင်လာခဲ့ပြီး တွန်မီနေးဟာ အရင်က သူ့အဖေနဲ့ အတူ လေ့ကျင့်ရေး ကွင်းကို လာလေ့ရှိပေမဲ့လည်း အခုက သူ ကိုယ်တိုင် ကားမောင်းလာခဲ့ပါတယ်။

Photo Credit: Gettyimage

မန်ယူအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ကာရာဘောင် ဖလား ဆီမီး ဖိုင်နယ် ပွဲစဉ်မှာ မန်စီးတီး အသင်းကို (၁-ဝ) နဲ့ အနိုင်ရသွားခဲ့ပေမဲ့ နှစ်ကျော့ပေါင်း ရလဒ် (၃-၂) နဲ့ အရေးနိမ့်ခဲ့တာကြောင့် ဗိုလ်လုပွဲနဲ့ လွဲချော်သွားခဲ့ပါတယ်။ မန်ယူ ကစားသမားတွေဟာ မန်စီးတီးအသင်းကို အနိုင်ရပြီး နောက်နေ့ ကြာသပတေးနေ့ နံနက်မှာ လေ့ကျင့်ရေး ဆင်းဖို့ ကာရင်တန် လေ့ကျင့်ရေးကွင်းကို ကားတွေနဲ့ ရောက်ရှိလာခဲ့ကြပြီး ကွင်းလယ်လူ တွန်မီနေးလည်း ပါဝင်လာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Gettyimage

မန်ယူအသင်းဟာ မန်စီးတီးအသင်းနဲ့ ကစားခဲ့တဲ့ ကာရာဘောင် ဖလား ပွဲစဉ် မတိုင်ခင်လေးမှာ ကွင်းလယ်လူ ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ စပို့တင်းအသင်းနဲ့ သဘောတူညီချက် ရရှိသွားခဲ့ပါပြီုလို့ အတည်ပြုခဲ့ပါတယ်။ မန်ယူအသင်းဟာ ကွင်းလယ်လူ ပေါ့ဘာ ပြန်ကစားနိုင်သေးတာကြောင့်မို့ ကွင်းလယ်ပိုင်း အားချက်တွေ ရှိနေခဲ့ပေမဲ့ တကယ်လို့ ဖာနန်ဒက်စ် ရောက်ရှိလာပြီး တွန်မီနေးပါ ဒဏ်ရာက အပြည့်အဝ သက်သာလာရင် ကွင်းလယ်ပိုင်း အားပြန်ကောင်းလာမှာပဲ ဖြစ်ပါတယ်။