[Unicode]

ကိုယ်ရဲ့ဖုန်းထဲကနေ ဘောလုံးဂိမ်းလေးဆော့ကစားလိုက်ရုံနဲ့ တန်ဖိုးကြီးဆုမဲပေါင်းများစွာပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးတစ်ခုသိပြီပြီလား။ ‘ဒုန်းဒုန်းဒုန်း’ လို့ အမည်ပေးထားတဲ့ ဘောလုံးဂိမ်းအစီအစဉ်လေးကတော့ အူရီဒူးမြန်မာမှ စီစဉ်တင်ဆက်လိုက်တဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းအစီအစဉ်လေးတစ်ခုဖြစ်ပြီး My Ooredoo App ထဲကနေ ဒေတာအစီအစဉ်တွေဝယ်ယူလိုက်တာနဲ့ အူရီဒူးရဲ့ ‘ဒုန်း ဒုန်း ဒုန်း’ ဘောလုံးဂိမ်းကိုဆော့ကစားနိုင်မှာဖြစ်ပြီး 200GB အထိ ဒေတာလက်ဆောင်တွေ ချက်ချင်းလက်ငင်း ကံထူးနိုင်မှာဖြစ်ပါတယ်။

အထူးဆုကြီးတွေအနေနဲ့ကတော့ 2019 မော်ဒယ် Suzuki Swift ကားအသစ်ကြီး ၁၀ စီး၊ Honda Wave မော်တော်ဆိုင်ကယ်အစီး ၅၀၊ iPhone 11 အလုံး ၁၀၀ နဲ့ ရွှေဒင်္ဂါး အပြား ၁၀၀ စတဲ့တန်ဖိုးကြီးဆုလက်ဆောင်တွေကိုလည်း အပတ်စဉ် ကံစမ်းမဲဖောက်ပေးသွားမှာဖြစ်ပါတယ်။ အူရီဒူးဆင်းကဒ်အသုံးပြုသူတိုင်း ကံထူးရှင်ဖြစ်နိုင်မယ့်အခွင့်အရေးရှိပြီး လက်ရှိမှာလည်း ဒုန်းဒုန်းဒုန်းဘောလုံးဂိမ်းကစားရင်း အထူးဆုကြီးတွေရရှိသွားကြတဲ့ ပထမဆုံးကံထူးရှင်တွေလည်း ထွက်ပေါ်လို့လာခဲ့ပြီဖြစ်ပါတယ်။

ဒုန်းဒုန်းဒုန်းဘောလုံးဂိမ်းကစားပြီး ပထမဆုံးကံထူးသွားကြတဲ့ အထူးဆုကြီးတွေကတော့ 2019 မော်ဒယ် Suzuki Swift ကားတစ်စီး၊ Honda Wave မော်တော်ဆိုင်ကယ် ၅ စီး၊ iPhone 11 ၁၀ လုံးနဲ့ ရွှေဒင်္ဂါး ၁၀ ပြားတို့ကို အသီးသီးဆွတ် ခူးရရှိသွားကြတာဖြစ်ပါတယ်။ ဒီလိုရင်ခုန်စရာအထူးဆုကြီးတွေကို ၂၀၂၀ ဖေဖော်ဝါရီလကုန်အထိ အပတ်စဉ် Ooredoo Myanmar Facebook Page ကနေ Live လွင့်ပြီး ကံထူးရှင်တွေကို ရွေးချယ်ပေးသွားဦးမှာဆိုတော့ နောက်တစ်ပတ်ရဲ့ ကံထူးရှင်စာရင်းမှာ ကိုယ်ပါဝင်နိုင်ဖို့ လက်မနှေးဘဲ အမြန်ဆုံးဒေတာအစီအစဉ်တွေဝယ် ဂိုးတွေများများသွင်းပြီး ကံစမ်းမဲအစီအစဉ်လေးမှာ ပါဝင်ကံစမ်းလိုက်ပါဦးနော်။

ဒုန်းဒုန်းဒုန်းဘောလုံးဂိမ်းလေးကိုကစားပြီး ဆုကြီးတွေကံထူးချင်တယ်ဆိုရင်တော့ အူရီဒူးဆင်းကဒ်ထည့်ထားတဲ့ ကိုယ့်ရဲ့ဖုန်းထဲမှာ *565# ကိုခေါ်ပြီး My Ooredoo App ကိုဒေါင်းလုတ်လုပ် (သို့မဟုတ်) My Ooredoo App ကို Update လုပ်ထားဖို့တော့လိုပါမယ်။ My Ooredoo App ကို ဒေါင်းလုတ်ရယူရန် လင့်တွေကတော့ Android အတွက် http://ore.do/gpmoa, iOS အတွက် http://ore.do/iosmoa တို့ ဆိုပြီး သီးသန့်စီလုပ်ပေးထားပါတယ်။ ဒီအစီအစဉ်လေးတွေနဲ့ပတ်သက်လို့ အသေးစိတ်ကိုသိချင်တယ်ဆိုရင်တော့ http://ore.do/ddd1 မှာလည်း ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

နောက်ထပ်ထူးခြားတဲ့အစီအစဉ်တစ်ခုအနေနဲ့ iPhone X ကံထူးနိုင်မယ့် DonDonDon TikTok Dance Competition ပြိုင်ပွဲလေးကို ဖေဖော်ဝါရီလကုန်အထိ အချိန်ထပ်မံတိုးမြှင့်လိုက်ပြီဖြစ်တာကြောင့် အကဝါသနာရှင်တွေအနေနဲ့ ကိုယ့်ရဲ့ Talent တွေကို အကောင်းဆုံးထုတ်ပြထားတဲ့ အမိုက်စားအကဗီဒီယိုလေးတွေဖန်တီးပြီး အမြန်ဆုံးပြိုင်ပွဲဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ DonDonDon TikTok Dance Competition ပြိုင်ပွဲလေးနဲ့ပတ်သတ်တဲ့ အသေးစိတ်အချက်အလက်တွေကို အောက်ပါ https://web.facebook. com/notes/ooredoo-myanmar/don-don-don- dance-contest/2474971419292750 လင့်ခ်မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

[Zawgyi]




