MySport Myanmar

ဆာဆူအိုလို ကြယ်ပွင့် ဆကာမာကာကို ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ မန်ယူ

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ အားနည်းချက် တရပ်လို ဖြစ်နေတဲ့ တိုက်စစ်ပိုင်း အတွက် ဆာဆူအိုလိုနဲ့အတူ တောက်ပနေတဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဆကာမာကာကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဝါရင့် တိုက်စစ်မှူး တဦး ဖြစ်သူ ကာဗာနီကို အသင်းကနေ ထွက်ခွာခွင့် ပေးထားရသလို အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး တဦး ဖြစ်တဲ့ ရိုနယ်ဒိုကလည်း အသင်းကနေ ထွက်ခွာခွင့် တောင်းခံထားတာကြောင့် အန်သိုနီ မာရှယ် တဦးထဲကသာ တိုက်စစ်မှူး နေရာမှာ ကစားနိုင်တဲ့ တဦးထဲသော တိုက်စစ်မှူး ဖြစ်နေပါတယ်။

Photo Credit: Football Italia

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ယခု နွေဈေးကွက် အတွင်းမှာ အထောင်တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ စီစဉ်နေပြီး ဆာဆူအိုလိုနဲ့အတူ တောက်ပနေတဲ့ ဆကာမာကာဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမား ဖြစ်နေပါတယ်။

အသက် ၂၃နှစ် အရွယ် အီတလီ လက်ရွေးစင် တိုက်စစ်မှူး ဆကာမာကာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆာဆူအိုလိုနဲ့ အတော်လေး တောက်ပခဲ့တဲ့ တိုက်စစ်မှူး တဦး ဖြစ်ပြီး သူက ဆာဆူအိုလို အတွက် စီးရီးအေပြိုင်ပွဲမှာ ၃၆ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၆ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: Football Italia

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ စီစဉ်ထားပြီး ဆကာမာကာဟာ သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ဖြစ်နေကြောင်း သိရပါတယ်။

ဆာဆူအိုလိုကတော့ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး ဆကာမာကာ အတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း အထိ လိုချင်နေပြီး ဆကာမာကာကလည်း ယခု နွေဈေးကွက် အတွင်းမှာ ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ချင်နေတာကြောင့် မန်ချက်စတာ ယူနိုက်တက်ကသာ ဆကာမာကာ အတွက် ကမ်းလှမ်းမှု လုပ်ခဲ့ရင် အောင်မြင်မှု ရဖို့ ရာခိုင်နှုန်း များပြားနေပါတယ်။

Exit mobile version