ဘာစီလိုနာ မန်စီးတီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေရဲ့ ပစ်မှတ်ဖြစ်နေတဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ စပိန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဆာအူးကတော့ သူရဲ့ လူမှုကွန်ယက်ပေါ်ကနေ ပရိသတ်တွေ လုံးဝကို အံ့အားသင့်မယ် ပို့စ်တစ်ခုကို တင်သွားခဲ့ပါတယ်။ ဆာအူးက သူရဲ့တွစ်တာပေါ်ကနေ လာမယ့်(၃)ရက်အတွင်းမှာ သူရဲ့ အသင်းသစ်ကို ထုတ်ပြန်ကြေညာသွားဖို့ (၃)ရက်ပဲ ကျန်ရှိတော့တယ်ဆိုတဲ့ ထူးထူးခြားခြား အပြောင်းအရွှေ့ပို့စ်တစ်ခုကို တင်သွားခဲ့တာကြောင့် ဆာအူးရဲ့ အနာဂတ်က ဝုန်းခနဲဆိုသလို လှုပ်ခတ်သွားခဲ့ရပါတယ်။

Photo Credit : Getty Image

ဒီရက်ပိုင်းအတွင်း အသက်(၂၅)နှစ်အရွှယ် စပိန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဆာအူနဲ့ပတ်သက်တဲ့ အပြောင်းအရွှေ့သတင်းတွေ လုံးဝကို ငြိမ်သက်နေခဲ့ရာ အခုတော့ ကစားသမားကိုယ်တိုင်က သူရဲ့ တွစ်တာပေါ်ကနေ အသင်းသစ်ဆိုတဲ့ စကားလုံးကို သေချာရေးသားထားပြီး အဲ့ဒီစာသားရဲ့အောက်မှာလည်း “ဒါကို လာမယ့်(၃)ရက်အတွင်းမှာ ထုတ်ပြန်ေကြေညာသွားမယ်” လို့ ပါ ရေးသားထားခဲ့ပါသေးတယ်။ ကောလဟာလတွေတောင် ဘာမှသိပ်ထွက်ပေါ်ထားခြင်းမရှိပဲ သူရဲ့အသင်းသစ်ကို အခုလို ကြေညာသွားတော့မယ်လို့ ရေးသားထားခဲ့တာကတော့ အတော်လေးကို အံ့အားသင့်စရာဖြစ်ခဲ့ရပါတယ်။

Photo Credit : Getty Image

ဒီလို အနာဂတ်လှုပ်ခတ်နေတဲဲ့ ဆာအူးနဲ့ သတင်းအထွက်ဆုံးအသင်းကတော့ ကစားသမားတိုင်းနဲ့ အမြဲလိုလို သတင်းထွက်နေတတ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဖြစ်ပြီး အသက်လက်တီကိုဘက်ကနေ ဆာအူးအတွက် ပေါင်သန်းတစ်ရာကျော်လောက်အထိ စျေးခေါ်ထားခဲ့လို့သာ သတင်းတွေက ပြန်ငြိမ်သွားခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် အခု ဆာအူးရဲ့ ထုတ်ပြန်ကြေညာချက်ကလည်း ထူးဆန်းနေတာကြောင့် သူရဲ့အသင်းသစ်က ဘယ်အသင်းဖြစ်နိုင်သလဲဆိုတာ မှန်းဆရခက်လို့နေပြီး အသင်းတိုင်းကလည်း ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် စီးပွားရေးတွေ ထိခိုက်ထားရတဲ့အတွက် သူ့လို တန်ကြေးမြင့်မားလွန်းတဲ့ ကစားသမားကို ခေါ်ယူနိုင်ဖို့ဆိုတာ ခက်ခဲလွန်းနေပါတယ်။ တကယ်လို့သာ ယူနိုက်တက်အသင်းဆီကို ဆာအူးရောက်လာခဲ့မယ်ဆိုရင်တော့ ကွင်းလယ်လူပေါ့ဘာကိုလည်း ယူနိုက်တက်ဘက်ကနေ သေချာပေါက် ရောင်းချသွားမှာဖြစ်သလို လက်ရှိမှာလည်း ပေါ့ဘာရဲ့ အခြေအနေကလည်း မရေမရာဖြစ်နေဆဲပဲမို့ ဆာအူးရဲဲ့ အသင်းသစ်က ယူနိုက်တက်သာ ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။