MySport Myanmar

ဆောင်းဈေးကွက်မှာ ကက်စီမဲရိုးကို ခေါ်ယူဖို့ ဆော်ဒီကလပ်အသင်းတွေ စိတ်ဝင်စားနေ

ဆော်ဒီပရိုလိဂ်ရဲ့ ထိပ်သီး ကလပ်အသင်းတွေဟာ လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက် ဖွင့်လှစ်ချိန်မှာပဲ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ကက်စီမဲရိုးကို ခေါ်ယူသွားဖို့အတွက် အပြိုင်အဆိုင် စိတ်ဝင်စားနေကြတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ဆော်ဒီကလပ်အသင်းတွေဟာ ဒီနှစ်နွေရာသီမှာ ကစားသမား အင်အားဖြည့်တင်းမှုတွေ အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ပြီး ပရီးမီးယားလိဂ်က စူပါစတား ဘောလုံးသမားတွေကိုလည်း ပြောင်းရွှေ့ကြေးများစွာနဲ့ ခေါ်ယူခဲ့ပါသေးတယ်။

Photo Credit : Tribuna

အခုလည်း နောက်ထပ် ပရီးမီးယားလိဂ်က ကမ္ဘာ့ထိပ်သီး ဘောလုံးသမားတစ်ဦးဖြစ်သူ ဘရာဇီးလ် ကွင်းလယ်လူ ကက်စီမဲရိုးကိုပါ ထပ်မံ ချိန်ရွယ်လာခဲ့ပါတယ်။ ရီးယဲလ်မက်ဒရစ် ကစားသမားဟောင်း ကက်စီမဲရိုးက မနှစ်ကမှ ရီးယဲလ်ကနေ ယူနိုက်တက်ဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့ ပွဲဦးထွက်ရာသီမှာတော့ အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ကက်စီမဲရိုးက အခု ဘောလုံးရာသီမှာတော့ မနှစ်ကလို ခြေစွမ်းမျိုးတွေ ပြန်လည် ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့အပြင် အခုလည်း တံကောက်ကြော ဒဏ်ရာကြောင့် လအနည်းငယ်ခန့်လောက် အနားယူနေရပါတယ်။

Photo Credit : The Sun

ဒီအချိန်မှာပဲ အယ်လ်နာဆာ အယ်လ်ဟီလာ နဲ့ အယ်လ်အာလီတို့လို ဆော်ဒီ ထိပ်တန်း ကလပ်အသင်းတွေက ကက်စီမဲရိုးကို သူတို့ လိဂ်ပြိုင်ပွဲဆီ ခေါ်ဆောင်သွားဖို့ စိတ်ဝင်စားလာခဲ့သလို ယူနိုက်တက် ပရိသတ်တွေကလည်း စွမ်းဆောင်ရည် ကျဆင်းလာတဲ့ ကက်စီမဲရိုးကို ရောင်းချလိုက်ဖို့ တိုက်တွန်းလာခဲ့ပါတယ်။

ဆော်ဒီကလပ်တွေဘက်ကတော့ ကက်စီမဲရိုးအပြင် သူရဲ့အသင်းဖော်ဖြစ်တဲ့ ဝါရင့် နောက်ခံလူ ဗာရန်းကိုပါ ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေပြီး ဗာရန်းကလည်း လက်ရှိ ယူနိုက်တက်မှာ နေရာပျောက်ဆုံးနေတာကြောင့် သူရဲ့အနာဂတ်နဲ့ ပတ်သက်လို့ စဉ်းစားလာဖွယ် ရှိနေပါတယ်။

Exit mobile version