MySport Myanmar

မက်ဆီကို ခေါ်ယူပေးဖို့ အသင်းထံ တောင်းဆိုခဲ့တဲ့ Al-Ittihad ပရိသတ်များ

ဆော်ဒီအာရေဗျရဲ့ နာမည်ကျေုာ် ဘောလုံးကလပ်အသင်း တစ်သင်းဖြစ်သော Al-Ittihad အသင်းရဲ့ ပရိသတ်များစွာက သူတို့အသင်းနဲ့ Al-Nassr အသင်းတို့ ထိပ်တိုက် တွေ့ဆုံနေချိန်မှာ Al-Nassr အသင်းရဲ့ စူပါစတား ကစားသမားကြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုကို လှောင်ပြောင်ဖို့အတွက် ရော်နယ်လ်ဒိုရဲ့ မဟာပြိုင်ဘက် လီယွန်နယ်မက်ဆီ နာမည်ကို သံပြိုင် ရေရွတ်နေခဲ့သလို မက်ဆီကိုပါ ခေါ်ယူပေးဖို့ သူတို့အသင်းထံပါ တောင်းဆိုလာခဲ့ကြပါတယ်။

Photo Credit : Daily Mail

Al-Nassr အသင်းဟာ ကမ္ဘာ့ထိပ်တန်း ဘောလုံးသမားကြီး တစ်ဦးဖြစ်သူ ရော်နယ်လ်ဒိုကို အသင်းဆီ အရ ခေါ်ယူနိုင်ခဲ့ပြီးနောက် ဆော်ဒီကလလပ်အသင်းတွေအနေနနဲ့ တခြားသော ထိပ်တန်း ဘောလုံးသမားတွေကို ဆက်လက် ခေါ်ယူနိုင်ဖွယ် ရှိနိုင်တယ်လို့ သုံးသပ်လာကြပြီး Al-Nassr ရဲ့ ပြိုင်ဘက်အသင်း တစ်သင်းသင်းအနေနဲ့လည်း ရော်နယ်လ်ဒိုရဲ့ ပြိုင်ဘက် မက်ဆီကို ခေါ်ယူပြနိုင်လိမ့်မယ်လို့ ယူဆလာခဲ့ကြပါတယ်။

Photo Credit : Goal

ဒီတစ်ပတ် ဆော်ဒီ အမှတ်ပေးလိဂ် ပွဲစဉ်အဖြစ် Al-Ittihad အသင်းနဲ့ ရော်နယ်လ်ဒိုရဲ့ Al-Nassr အသင်းတို့ ထိပ်တိုက် တွေ့ဆုံခဲ့ကြရာ ရော်နယ်လ်ဒိုနဲ့ သူ့အသင်းဖော်တွေ ပွဲမစခင် သွေးပူလေ့ကျင့်ခန်းဆင်းနေစဉ်မှာ Al-Ittihad ပရိသတ်တွေက မက်ဆီနာမည်ကို အော်ဟစ်နေခဲ့ပါတယ်။ ရော်နယ်လ်ဒိုအတွက် ပိုပြီး အထိနာစေခဲ့တာကတော့ Al-Ittihad အသင်းက သူရဲ့ Al-Nassr အသင်းကို တစ်ဂိုးတည်း ကပ်အနိုင်ယူပြီး အဆင့်(၁)နေရာကိုပါ ရယူသွားခဲ့တာကြောင့်ပါပဲ။ ဒါက ရော်နယ်လ်ဒိုအတွက်တော့ ဆော်ဒီ အမှတ်ပေးလိဂ်မှာ ပထမဆုံးအကြိမ် ရင်ဆိုင်လိုက်ရတဲ့ လိဂ်ရှုံးပွဲ ဖြစ်သလို ဒီ Al-Ittihad အသင်းကိုပဲ ဆော်ဒီ စူပါလိဂ်မှာပါ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာထားခဲ့ရပါတယ်။

Photo Credit : Goal

ဒီလို အပြိုင်အဆိုင် ဖြစ်နေရချိန်မှာ Al-Ittihad အသင်းရဲ့ ပရိသတ်တွေက ရော်နယ်လ်ဒိုရဲ့ပြိုင်ဘက်ကြီး မက်ဆီကို ရအောင် ခေါ်ယူပေးဖို့ အသင်းထံ တောင်းဆိုမှုတွေ ပြုလုပ်လာခဲ့ပြီး တကယ်လို့ မက်ဆီသာ ရောက်လာခဲ့မယ်ဆိုရင်တော့ တချိန်က ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ ရော်နယ်လ်ဒို မက်ဆီ အားပြိုင်မှုကို ဆော်ဒီလိဂ်မှာ တဖန် ပြန်လည်ပြီး မြင်တွေ့ခွင့် ရနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မက်ဆီအနေနဲ့ကတော့ လက်ရှိကလပ် ပီအက်စ်ဂျီနဲ့ သက်တမ်း မတိုးဖြစ်ခဲ့ရင်တောင် ဥရောပ ဘောလုံးနယ်ပယ်အတွင်းမှာသာ ဆက်လက် ကျင်လည်သွားဖွယ်ပဲ ရှိနေပါတယ်။

Exit mobile version