WWE ရဲ႕ Main Event ၿပိဳင္ပြဲႀကီးတစ္ခုျဖစ္တဲ႔ Elimination Chamber ပြဲႀကီးကေတာ့ ၿပီးခဲ့တဲ႔ တနဂၤေႏြေန႔ညပုိင္းမွာ ( အေမရိကန္စံေတာ္ခ်ိန္ ) အေမရိကန္ႏုိင္ငံ ဟူစတန္ တကၠဆက္ျပည္နယ္က တိုယုိတာစင္တာအတြင္းမွာ က်င္းပျဖစ္ခဲ႔ပါတယ္။ ဒီၿပိဳင္ပြဲႀကီးမွာ WWE သမုိင္းတေလွ်ာက္ ပထမဆုံးအေနနဲ႔ အမ်ိဳးသမီးႏွစ္ေယာက္တြဲ ခါးပတ္အသစ္ခ်န္ပီယံလုပြဲကုိပါ ထည့္သြင္းက်င္းပျဖစ္ခဲ႔ပါတယ္။

WWE Women Tag Team Champion ခါးပတ္အသစ္လုပြဲကုိ Elimination Chamber စည္းမ်ဥ္းနဲ႔ က်င္းပခဲ႔တာျဖစ္ပါတယ္။ Elimination Chamber စည္းမ်ဥ္းအရ အမ်ိဳးသမီး၂ေယာက္တြဲ အဖြဲ႕၆ဖြဲ႕က ဒီၿပိဳင္ပြဲကုိ ဝင္ေရာက္ယွဥ္ၿပိဳင္ရတာျဖစ္ၿပီးေတာ့ တစ္ဖြဲ႕ခ်င္းစီ အႏုိင္အရွုံး ဆုံးျဖတ္ၿပီးမွ ေနာက္ဆုံးက်န္ခဲ႔တဲ႔အဖြဲ႕က ခါးပတ္အသစ္ကုိ ပုိင္ဆုိင္ရတာျဖစ္ပါတယ္။ ေနာက္ၿပီး ပြဲစစခ်င္းမွာ အဖြဲ႕၂ဖြဲ႕ကသာ စတင္ထုိးသတ္ရတာျဖစ္ၿပီးေတာ့ က်န္တဲ႔၄ဖြဲ႕က ႀကိဳးဝုိင္းေထာင့္က အခန္း၄ခန္းမွာ ကုိယ့္အလွည့္ေရာက္လာခ်ိန္ထိ ေစာင့္ဆုိင္းေနရတာျဖစ္ပါတယ္။ ဒီပြဲမွာေတာ့ ဆာရွာဘန္႔နဲ႔ေဘလီတုိ႔က၁ဖြဲ႕ ၊ ႏုိင္ရာဂ်က္စ္နဲ႔တာမီနာတုိ႔က၁ဖြဲ႕ ၊ အုိင္ေကာနစ္က၁ဖြဲ႕ ၊ မန္ဒီရုိစ့္နဲ႔ဆုိနီယာဒီေဗးလ္တုိ႔က၁ဖြဲ႕ ၊ လစ္ဗ္ေမာ္ဂန္နဲ႔ဆာရာလုိဂန္တုိ႔က၁ဖြဲ႕ ၊ ကာမယ္လာနဲ႔နာအုိမီတုိ႔၁ဖြဲ႕နဲ႔ အဖြဲ႕၆ဖြဲ႕ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ပါတယ္။

ပထမဆုံးစတင္ ထုိးသတ္ရတာကေတာ့ ဆာရွာဘန္႔ ေဘလီအတြဲနဲ႔ မန္ဒီရုိစ့္ ဆုိနီယာဒီေဗးလ္အတြဲျဖစ္ပါတယ္။ ဒီၿပိဳင္ပြဲကေန ပထမဆုံး ထြက္ခြာခဲ႔ရတာကေတာ့ နာအုိမီနဲ႔ကာမယ္လာတုိ႔အတြဲျဖစ္ၿပီးေတာ့ အုိင္ေကာနစ္အဖြဲ႕ရဲ႕ လက္ခ်က္နဲ႔ ရွုံးသြားခဲ့တာျဖစ္ပါတယ္။ ့ အုိင္ေကာနစ္အဖြဲ႕ကပဲ ႏုိင္ရာဂ်က္စ္နဲ႔ တာမီနာတုိ႔ရ႕ဲ ပြဲသိမ္းတုိက္ကြက္နဲ႔ ဒုတိယေျမာက္ထြက္ခြာရတဲ႔အဖြဲ႕ ျဖစ္လာခဲ႔ရပါတယ္။ ဆက္လက္ၿပီး တာမီနာရဲ႕ ႀကိဳးဝုိင္းေပၚက ခုန္ခ်တဲ႔တုိက္ကြက္နဲ႔ ေမာ္ဂန္နဲ႔လုိဂန္တုိ႔အတြဲလည္း ထြက္ခြာခဲ႔ရပါတယ္။ ဒါေပမယ့္ ဆာရွာ ေဘလီ ၊ မန္ဒီ ဆုိနီယာတုိ႔ ၂တြဲပူးေပါင္းၿပီး တာမီနာကုိ အႏုိင္တုိက္ခဲ႔ကာ ေနာက္ဆုံးမွာေတာ့ ဆာရွာက သူမရဲ႕ အခ်ဳပ္တုိက္ကြက္နဲ႔ ဆုိနီယာကုိ အေကာင္းဆုံးထိန္းခ်ဳပ္ခဲ႔ၿပီး ေဘလီနဲ႔အတူ WWE ရဲ႕ ပထမဦးဆုံး အမ်ိဳးသမီးအတြဲလုိက္ခ်န္ပီယံေတြ ျဖစ္လာခဲ႔ရပါတယ္။

(Unicode)

WWE ရဲ့ Main Event ပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့ Elimination Chamber ပွဲကြီးကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညပိုင်းမှာ ( အမေရိကန်စံတော်ချိန် ) အမေရိကန်နိုင်ငံ ဟူစတန် တက္ကဆက်ပြည်နယ်က တိုယိုတာစင်တာအတွင်းမှာ ကျင်းပဖြစ်ခဲ့ပါတယ်။ ဒီပြိုင်ပွဲကြီးမှာ WWE သမိုင်းတလျှောက် ပထမဆုံးအနေနဲ့ အမျိုးသမီးနှစ်ယောက်တွဲ ခါးပတ်အသစ်ချန်ပီယံလုပွဲကိုပါ ထည့်သွင်းကျင်းပဖြစ်ခဲ့ပါတယ်။

WWE Women Tag Team Champion ခါးပတ်အသစ်လုပွဲကို Elimination Chamber စည်းမျဉ်းနဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။ Elimination Chamber စည်းမျဉ်းအရ အမျိုးသမီး၂ယောက်တွဲ အဖွဲ့၆ဖွဲ့က ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရတာဖြစ်ပြီးတော့ တစ်ဖွဲ့ချင်းစီ အနိုင်အရှုံး ဆုံးဖြတ်ပြီးမှ နောက်ဆုံးကျန်ခဲ့တဲ့အဖွဲ့က ခါးပတ်အသစ်ကို ပိုင်ဆိုင်ရတာဖြစ်ပါတယ်။ နောက်ပြီး ပွဲစစချင်းမှာ အဖွဲ့၂ဖွဲ့ကသာ စတင်ထိုးသတ်ရတာဖြစ်ပြီးတော့ ကျန်တဲ့၄ဖွဲ့က ကြိုးဝိုင်းထောင့်က အခန်း၄ခန်းမှာ ကိုယ့်အလှည့်ရောက်လာချိန်ထိ စောင့်ဆိုင်းနေရတာဖြစ်ပါတယ်။ ဒီပွဲမှာတော့ ဆာရှာဘန့်နဲ့ဘေလီတို့က၁ဖွဲ့ ၊ နိုင်ရာဂျက်စ်နဲ့တာမီနာတို့က၁ဖွဲ့ ၊ အိုင်ကောနစ်က၁ဖွဲ့ ၊ မန်ဒီရိုစ့်နဲ့ဆိုနီယာဒီဗေးလ်တို့က၁ဖွဲ့ ၊ လစ်ဗ်မော်ဂန်နဲ့ဆာရာလိုဂန်တို့က၁ဖွဲ့ ၊ ကာမယ်လာနဲ့နာအိုမီတို့၁ဖွဲ့နဲ့ အဖွဲ့၆ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

ပထမဆုံးစတင် ထိုးသတ်ရတာကတော့ ဆာရှာဘန့် ဘေလီအတွဲနဲ့ မန်ဒီရိုစ့် ဆိုနီယာဒီဗေးလ်အတွဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲကနေ ပထမဆုံး ထွက်ခွာခဲ့ရတာကတော့ နာအိုမီနဲ့ကာမယ်လာတို့အတွဲဖြစ်ပြီးတော့ အိုင်ကောနစ်အဖွဲ့ရဲ့ လက်ချက်နဲ့ ရှုံးသွားခဲ့တာဖြစ်ပါတယ်။ ့ အိုင်ကောနစ်အဖွဲ့ကပဲ နိုင်ရာဂျက်စ်နဲ့ တာမီနာတို့ရဲ့ ပွဲသိမ်းတိုက်ကွက်နဲ့ ဒုတိယမြောက်ထွက်ခွာရတဲ့အဖွဲ့ ဖြစ်လာခဲ့ရပါတယ်။ ဆက်လက်ပြီး တာမီနာရဲ့ ကြိုးဝိုင်းပေါ်က ခုန်ချတဲ့တိုက်ကွက်နဲ့ မော်ဂန်နဲ့လိုဂန်တို့အတွဲလည်း ထွက်ခွာခဲ့ရပါတယ်။ ဒါပေမယ့် ဆာရှာ ဘေလီ ၊ မန်ဒီ ဆိုနီယာတို့ ၂တွဲပူးပေါင်းပြီး တာမီနာကို အနိုင်တိုက်ခဲ့ကာ နောက်ဆုံးမှာတော့ ဆာရှာက သူမရဲ့ အချုပ်တိုက်ကွက်နဲ့ ဆိုနီယာကို အကောင်းဆုံးထိန်းချုပ်ခဲ့ပြီး ဘေလီနဲ့အတူ WWE ရဲ့ ပထမဦးဆုံး အမျိုးသမီးအတွဲလိုက်ချန်ပီယံတွေ ဖြစ်လာခဲ့ရပါတယ်။