ယေန႔မနက္မွာ ယွဥ္ၿပိဳင္ကစားခဲ့ၾကတဲ့ စီးရီးေအပြဲစဥ္မွာ စီးရီးေအခ်န္ပီယံ ဂ်ဴဗင္တပ္ဟာ ပါးမားအသင္းကို အိမ္ကြင္းမွာ ႏွစ္ဂိုး တစ္ဂိုးဆိုတဲ့ ရလဒ္နဲ႔ အနိုင္ရရွိခဲ့ၿပီး အမွတ္ေပးဇယားရဲ့ အဆင့္တစ္ေနရာမွာ ရပ္တည္ေနခဲ့ကာ ခ်န္ပီယံဆုအတြက္ လိုက္လံဖိအားေပးေနတဲ့ အင္တာမီလန္အသင္းနဲ႔ ေလးမွတ္အထိ ကြာဟတဲ့ အေနအထားတစ္ရပ္ကို ေရာက္ရွိသြားခဲ့ပါတယ္။

Photo Credit: Express.com

အဆိုပါပြဲစဥ္မွာ ေဝဖန္မွုေတြခံေနရတဲ့ ဂ်ဴဗီအသင္းရဲ့ အဓိကတိုက္စစ္မွူး ရိုနယ္ဒိုဟာ အသင္းအတြက္ အနိုင္ဂိုး ႏွစ္ဂိုးစလုံးကို သြင္းယူေပးခဲ့ၿပီး သူ႔ဆီမွာ ထိပ္တန္းအဆင့္ေျခစြမ္းေတြ က်န္ရွိေနေသးေၾကာင္းကို ျပသသြားခဲ့ပါတယ္။ အဆိုပါသြင္းဂိုးႏွစ္ဂိုးေၾကာင့္ ရိုနယ္ဒိုဟာ လက္ရွိ စီးရီးေအၿပိဳင္ပြဲမွာ ၁၇ပြဲကစား ၁၆ဂိုး သြင္းယူထားကာ ဂိုးသြင္းဘုရင္ဆုအတြက္ လာဇီယိုအသင္းက အမ္မိုဘိုင္းလီကို လိုက္လံ ဖိအားေပးနိုင္ခဲ့ပါတယ္။

Photo Credit: Express.com

ပြဲအၿပီးမွာေတာ့ ဂ်ဴဗင္တပ္အသင္းရဲ့ နည္းၿပ ဆာရီက အသင္းရဲ့ အနိုင္ဂိုးရွင္ျဖစ္တဲ့ ရိုနယ္ဒို ကို အထူးတလည္ ခ်ီးက်ဴးသြားခဲ့ၿပီး ရိုနယ္ဒိုဟာ အသင္းအတြက္ ျပႆနာေပါင္း ၁၀၀ကို ေျဖရွင္းေပးနိုင္သူျဖစ္ေၾကာင္း ခ်ီးက်ဴးေျပာဆိုသြားခဲ့ပါတယ္။ ဒါ့အျပင္ ဆာရီက ရိုနယ္ဒိုကို ခ်န္ပီယံလို႔လည္း တင္စားသြားခဲ့ပါေသးတယ္။

Photo Credit: Express.com

ရိုနယ္ဒိုရဲ့ ေျခစြမ္းနဲ႔ပတ္သတ္ၿပီး ဆာရီက ” ကၽြန္ေတာ္တို႔မွာ တစ္ခါတေလ ခင္ဗ်ားအတြက္ ျပႆနာတစ္ခု ယူလာေပးတတ္တဲ့ ခ်န္ပီယံ တစ္ဦးရွိပါတယ္။ ဒါေပမယ့္ သူက ျပႆနာ ၁၀၀ကို ေျဖရွင္းေပးတတ္သူလည္း ျဖစ္ပါတယ္။ အသင္းမွာရွိတဲ့ လက္က်န္ကစားသမားေတြက သူ႔ကို ဝန္းရံၿပီး ကစား႐ုံပါပဲ ” လို႔ ခ်ီးက်ဴးသြားခဲ့တာပါ။

ယနေ့မနက်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ စီးရီးအေပွဲစဉ်မှာ စီးရီးအေချန်ပီယံ ဂျူဗင်တပ်ဟာ ပါးမားအသင်းကို အိမ်ကွင်းမှာ နှစ်ဂိုး တစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့်တစ်နေရာမှာ ရပ်တည်နေခဲ့ကာ ချန်ပီယံဆုအတွက် လိုက်လံဖိအားပေးနေတဲ့ အင်တာမီလန်အသင်းနဲ့ လေးမှတ်အထိ ကွာဟတဲ့ အနေအထားတစ်ရပ်ကို ရောက်ရှိသွားခဲ့ပါတယ်။

Photo Credit: Express.com

အဆိုပါပွဲစဉ်မှာ ဝေဖန်မှုတွေခံနေရတဲ့ ဂျူဗီအသင်းရဲ့ အဓိကတိုက်စစ်မှူး ရိုနယ်ဒိုဟာ အသင်းအတွက် အနိုင်ဂိုး နှစ်ဂိုးစလုံးကို သွင်းယူပေးခဲ့ပြီး သူ့ဆီမှာ ထိပ်တန်းအဆင့်ခြေစွမ်းတွေ ကျန်ရှိနေသေးကြောင်းကို ပြသသွားခဲ့ပါတယ်။ အဆိုပါသွင်းဂိုးနှစ်ဂိုးကြောင့် ရိုနယ်ဒိုဟာ လက်ရှိ စီးရီးအေပြိုင်ပွဲမှာ ၁၇ပွဲကစား ၁၆ဂိုး သွင်းယူထားကာ ဂိုးသွင်းဘုရင်ဆုအတွက် လာဇီယိုအသင်းက အမ်မိုဘိုင်းလီကို လိုက်လံ ဖိအားပေးနိုင်ခဲ့ပါတယ်။

Photo Credit: Express.com

ပွဲအပြီးမှာတော့ ဂျူဗင်တပ်အသင်းရဲ့ နည်းပြ ဆာရီက အသင်းရဲ့ အနိုင်ဂိုးရှင်ဖြစ်တဲ့ ရိုနယ်ဒို ကို အထူးတလည် ချီးကျူးသွားခဲ့ပြီး ရိုနယ်ဒိုဟာ အသင်းအတွက် ပြဿနာပေါင်း ၁၀၀ကို ဖြေရှင်းပေးနိုင်သူဖြစ်ကြောင်း ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် ဆာရီက ရိုနယ်ဒိုကို ချန်ပီယံလို့လည်း တင်စားသွားခဲ့ပါသေးတယ်။

Photo Credit: Express.com

ရိုနယ်ဒိုရဲ့ ခြေစွမ်းနဲ့ပတ်သတ်ပြီး ဆာရီက ” ကျွန်တော်တို့မှာ တစ်ခါတလေ ခင်ဗျားအတွက် ပြဿနာတစ်ခု ယူလာပေးတတ်တဲ့ ချန်ပီယံ တစ်ဦးရှိပါတယ်။ ဒါပေမယ့် သူက ပြဿနာ ၁၀၀ကို ဖြေရှင်းပေးတတ်သူလည်း ဖြစ်ပါတယ်။ အသင်းမှာရှိတဲ့ လက်ကျန်ကစားသမားတွေက သူ့ကို ဝန်းရံပြီး ကစားရုံပါပဲ ” လို့ ချီးကျူးသွားခဲ့တာပါ။