ဂျုဗင်တပ် နည်းပြ ဆာရီက အေစီမီလန်အသင်းနဲ့ ကစားရမယ့် ကိုပါအီတလီ ပွဲစဉ်မတိုင်ခင်မှာ ဖိအားတွေ မခံစားချင်ဘူးဆိုရင် စာတိုက်မှာပဲ အလုပ်လုပ်မှာပေါ့လို့ ပြောသွားတာ ဖြစ်ပါတယ်။ နည်းပြ ဆာရီရဲ့ ဂျုဗင်တပ်အသင်းဟာ ယခုအပတ် ကြာသပတေးည၊ သောကြာနေ့ နံနက် (၂း၁၅) မှာ အေစီမီလန်အသင်းနဲ့ ကိုပါ အီတလီ ဆီမီး ဖိုင်နယ် ပထမ အကျော့ ကစားရမှာပါ။

 

Photo Credit: Gettyimage

ဂျုဗင်တပ်အသင်းဟာ ပြီးခဲ့တဲ့ အပတ် တနင်္ဂနွေနေ့ညက ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ ဗီရိုနာ အသင်းကို (၂-၁) နဲ့ အရေးနိမ့်ခဲ့ပြီး နည်းပြ ဆာရီလည်း ဖိအားတွေ ခံစားခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဂျုဗင်တပ် နည်းပြ ဆာရီကတော့ ရှုံးပွဲတွေ ကြံခဲ့ရလို့ ဖိအားတွေ မခံစားချင်ဘူးဆိုရင် နည်းပြ မလုပ်ဘဲ စာတိုက်မှာသာ အလုပ်သွားလုပ်မယ်လို့ ချေပသွားတာ ဖြစ်ပါတယ်။

 

Photo Credit: Gettyimage

ဆာရီက “တကယ်လို့ ကျွန်တော် ဖိအား မခံစားချင်ဘူးဆိုရင် ကျွန်တော် စာတိုက်မှာပဲ အလုပ် လုပ်မှာပေါ့။ ဒါက ကျွန်တေ်ာ့ရဲ့ အလုပ်ပါ။ ကျွန်တော်တို့က ရာသီအစမှာ ချမှတ်ထားတဲ့ ရည်ရွယ်ချက်ကို ရောက်ဖို့ ဦးတည်နေကြပါတယ်။ ပြိုင်ပွဲတွေမှာ မှားနေတာတွေလည်း ရှိမှာပါ။ ဒါကြောင့် သုံးသပ်မှုတွေကိုလည်း ပြုလုပ်ရပါမယ်”လို့ အခိုင်အမာ ပြောသွားတာ ဖြစ်ပါတယ်။

Photo Credit: Gettyimage

ဂျုဗင်တပ်အသင်းဟာ ဗီရိုနာအသင်းနဲ့ ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ် (၂၃) မှာ ရှုံးနိမ့်ခဲ့တာကြောင့် ရမှတ် (၅၄) မှတ်တူ၊ ဂိုးကွာခြားချက်နဲ့ အဆင့် (၂) နေရာကို ဆင်းပေးလိုက်ရပါတော့တယ်။ လက်ရှိမှာတော့ စီးရီးအေ အမှတ်ပေး ဇယားကို အင်တာမီလန်အသင်းက ဦးဆောင်ပြီး အင်တာလည်း လာမယ့် ပွဲစဉ် အနေနဲ့ နာပိုလီအသင်းနဲ့ ကိုပါအီတီလီ ဆီမီးဖိုင်နယ် ပွဲစဉ်ကို စားသွားရမှာပါ။