ဆယ်လ်တာဗီဂိုအသင်းရဲ့ စပိန်တိုက်စစ်ကစားသမား ဆန်တီမီနာဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုမှာ အပြစ်ရှိကြောင်း တွေ့ရှိပြီးနောက်ပိုင်းမှာ ထောင်ဒဏ်(၄)နှစ်အထိ ချမှတ်ခံခ့ရပြီး ဆန်တီမီနာဘက်ကနေ အယူခံဝင်ခြင်း မအောင်မြင်ခဲ့ဘူးဆိုရင်တော့ ဒီထောင်ဒဏ်တွေကို ကျခံသွားရတော့မှာ ဖြစ်တယ်လို့ စပိန်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

<p>The 26-year-old will appeal against the sentence </p>

Photo Credit : The Telegraph

အသက်(၂၆)နှစ်အရွှယ်ရှိ စပိန်တိုက်စစ်ကစားသမား ဆန်တီမီနာဟာ ဆယ်လ်တာဗီဂို လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ၂၀၁၉ခုနှစ် ဒီဇင်ဘာလတုန်းက လိင်ပိုင်းဆိုင်ရာ စော်ကားမှု ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားခံခဲ့ရပါတယ်။ ဒီစွပ်စွဲခံရမှုမှာ သူနဲ့ ကြံရာပါအဖြစ် ပါဝင်ခဲ့တဲ့ ဆယ်လ်တာဗီဂို ကစားသမားဟောင်း ဒေးဗစ်ဂိုဒါကို ၂၀၂၂ခုနှစ် မတ်လမှာ ရုံးတင်စစ်ဆေးခဲ့ပြီး အပြစ်မရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် ဆန်တီမီနာကတော့ လိင်ပိုင်းဆိုင်ရာ ရန်လိုမှုတွေအပြင် ခြိမ်းခြောက်မှု အကြမ်းဖက်မှုတွေနဲ့ပါ ဆက်စပ်နေတယ်လို့ စွဲချက်တင်ခံထားရပါတယ်။

Celta's Santi Mina sentenced to four years in prison after being convicted  of sexual abuse - Football Espana

Photo Credit : Football Espana

လက်ရှိမှာ ဆန်တီမီနာက သူရဲ့အမှုကိစ္စအတွက် အယူခံဝင်သွားဖို့ ပြင်ဆင်လျက် ရှိလို့နေပြီး ဒီလို အယူခံဝင်ခြင်းလုပ်ငန်း ပြီးဆုံးတဲ့အထိ ဆန်တီမီနာကို ဆယ်လ်တာဗီဂိုအသင်းက အသင်းရဲ့ လူစာရင်းထဲကနေ ဖယ်ရှားထားခဲ့ပါတယ်။ ဆန်တီမီနာဟာ ဗလင်စီယာအသင်းမှာ ကစားနေစဉ် ၂၀၁ရခုနှစ်ခန့်က ဂိုဒါနဲ့အတူ ဗန်ကားတစ်စီးထဲမှာ အမျိုးသမီးတစ်ဦးကို မုဒိမ်းပြုကျင့်ခဲ့ပြီး တရားခံ အမျိုးသမီးရဲ့ ရှေ့နေ့ဖြစ်သူ ထုတ်ဖော်ပြောဆိုမှုအရ ဂိုဒါဟာ ကိုယ်တိုင် မုဒိမ်းကျင့်မှု မကျူးလွန်ခဲ့ပေမယ့်လည်း ဆန်တီမီနာ မုဒိမ်းကျင့်ဖို့ ကြိုးပမ်းနေခြင်းကို တားဆီးမှု တစ်စုံတစ်ရာ မလုပ်ဆောင်ခဲ့ဘူးလို့ သိရှိရပါတယ်။ ဒီကိစ္စရပ်နဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရရှေ့နေ့က ဆန်တီမီနာကို ထောင်ဒဏ်(၈)နှစ်အထိ ချမှတ်ပေးဖို့ တောင်းဆိုခဲ့ပြီး တရားခံရဲ့ ရှေ့နေ့ကတော့ ထောင်ဒဏ်(၉)နှစ်ခွဲလောက်အထိ ချမှတ်ပေးဖို့ တောင်းဆိုထားခဲ့ပါတယ်။ ဆန်တီမီနာနဲ့ ဂိုဒါတို့နှစ်ဦးကတော့ သူတို့ကို တရားစွဲဆိုခဲ့တဲ့ အမျိုးသမီးက သူတို့နဲ့ လိင်ဆက်ဆံမှုကို ကြည်ကြည်ဖြူဖြူ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်းနဲ့ မုဒိမ်းမှု ကျူးလွန်ခဲ့ခြင်း မရှိကြောင်း ထွက်ဆိုထားခဲ့ပြီး အခု ထောင်ဒဏ်အတွက်ကိုလည်း အယူခံတင်သွားဖို့ပါ ပြင်ဆင်နေပါတယ်။