မန်ယူ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကတော့ ဒေါ့မွန် တောင်ပံ ကစားသမား ဆန်ချိုဟာ မန်ယူအသင်းကို ပြောင်းဖို့ (၂) ကြိမ်မတွေးဘဲ ပြောင်းသွားလိမ့်မယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ ဒေါ့မွန် တောင်ပံ ကစားသမား ဆန်ချိုဟာ အင်္ဂလန်နိုင်ငံသား ဖြစ်တာကြောင့် အင်္ဂလန်နိုင်ငံက မန်ယူအသင်းကို ကြေးကြီးကြီးနဲ့ ပြောင်းဖို့ ချိတ်ဆက်နေပါတယ်လို့ သတင်း ထွက်နေပါတယ်။ ဆန်ချိုဟာ အရင်က အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ မန်စီးတီးအသင်းအတွက် ကစားခဲ့ပြီး အင်္ဂလန်နိုင်ငံက ပရီးမီးယားလိဂ် အသင်း တစ်သင်းသင်းကို ပြောင်းလာနိုင်ချေ ရှိနေပါတယ်။

Photo Credit: Goal

မန်ယူ တိုက်စစ်မှူး ဘာဘာတော့ဗ်ကတော့ ဆန်ချိုအနေနဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ကစားမယ် ဆိုရင် အင်္ဂလန် နည်းပြ ဆောက်ဂိတ်က သူ့ကို ပို စောင့်ကြည့်မှာ ဖြစ်ပြီး အင်္ဂလန် လက်ရွေးစင်အသင်းမှာ ကစားဖို့ အခွင့်အရေး ပို များသွားမှာ ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ အသက် (၂၀) အရွယ် တောင်ပံ ကစားသမား ဆန်ချိုဟာ လက်ရှိရာသီမှာ ချန်ပီယံလိဂ် ပွဲစဉ် (၈) ပွဲ ကစားပြီးရာမှာ သွင်းဂိုး (၂) ဂိုး နဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် (၂၃) ပွဲ ကစားပြီးရာမှာ သွင်းဂိုး (၁၄) ဂိုး သွင်းခဲ့ပြီး ဘာဘာတော့ဗ်ကတော့ မန်ယူကို ပြောင်းလာချင်မယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

ဘာဘာတော့ဗ်က “ဆန်ချိုက မန်ယူအသင်းကို ပြောင်းလိမ့်မယ်လို့ အများကြီး ပြောကြတယ်။ သူ့ရဲ့ကိစ္စနဲ့ ပက်သက်ပြီး ပြောရမယ် ဆိုရင် သူက အင်္ဂလန်နိုင်ငံသား ဖြစ်ပြီး မန်ယူအသင်းက သူ့အတွက် ရှိနေလို့ပါ။ ဆန်ချိုအနေနဲ့ မန်ယူအသင်းကို ပြောင်းဖို့အတွက် (၂) ကြိမ် မတွေးဘဲ ပြောင်းလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် အရင်က ပြောခဲ့သလိုပါပဲ။ ဆန်ချိုမှာ အရည်အချင်းရှိတယ်။ ပြေးအားရှိတယ်။ သွင်းဂိုး ရှိတယ်။ ဂိုးဖန်တီးမှုရှိတယ်။ လက်ရွေးစင် အသင်းမှာလည်းပဲ ဒီလို ဆက်ဖြစ်နေလိမ့်မယ်လို့ ကျွန်တော် သေချာပြောရဲပါတယ်။ သူသာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ကစားရင် နည်းပြ ဆောက်ဂိတ်က သူ့ကို ပိုပြီး စောင့်ကြည့်မယ်လို့ ထင်မိပါတယ်။ မန်ယူက သူ့ကို ခေါ်နိုင်ရင် ကြီးမားတဲ့ ခေါ်ယူမှု ဖြစ်မှာပါ”လို့ ပြောခဲ့ပါတယ်။