လီဗာပူးလ်အသင်းရဲ့ ညာနောက်ခံ ကစားသမားဟောင်း ဖြစ်သူ ဂလန် ဂျွန်ဆင်ကတော့ ဒေါ့မွန်အသင်းရဲ့ တောင်ပံ ကစားသမား ဆန်ချိုကို မန်ယူအသင်းကို ပြောင်းဖို့ ရွေးချယ်ရင် ဖိအားတွေ အလွန် များမှာကြောင့် လီဗာပူးလ်အသင်းကို ပြောင်းသင့်တယ်လို့ ဆိုပါတယ်။ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ ဆန်ချိုကို စိတ်ဝင်စားနေတဲ့ ဥရော အသင်းတွေ များစွာထဲက တစ်သင်း ဖြစ်ပြီး လာမယ့် နွေရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ အင်္ဂလန် ကြယ်ပွင့် ဆန်ချိုကို ခေါ်ယူနိုင်ချေ အရှိဆုံး အသင်း အဖြစ်လည်း သတ်မှတ်ခံရပါတယ်။

Photo Credit: ECHO

မန်ယူအသင်းဟာ ဒေါ့မွန်အသင်းရဲ့ တောင်ပံလူ ဆန်ချိုကို ခေါ်ယူဖို့ အရင် ကတည်းက ကြိုးစားလာခဲ့ပြီ လာမယ့် နွေရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ ဆန်ချိုကို အပြီးသတ် ခေါ်ယူနိုင်ချေ ရှိတယ်လို့ ကောလဟာလသတင်းတွေ အများအပြား ထွက်လာခဲ့ပါတယ်။ ဆန်ချိုဟာ အရင်ကတည်းက အင်္ဂလန်နိုင်ငံမှာ ပြန်ကစားချင်တယ်လို့ ပြောသွားခဲ့ဖူးပြီး လီဗာပူးလ်အသင်းရဲ့ နောက်ခံ ကစားသမား ဂလန် ဂျွန်ဆင်ကတော့ ဆန်ချို အနေနဲ့ အင်္ဂလန်နိုင်ငံမှာ ပြန်ကစားချင်ရင် လီဗာပူးလ်အသင်းမှာ ကစားသင့်တယ်လို့ ဆိုပါတယ်။

Photo Credit: ECHO

ဂလန် ဂျွန်ဆင်က “ဆန်ချိုက ဥရောပ ထိပ်သီးအသင်းတွေ အာလုံးနီးပါးနဲ့ ချိတ်ဆက်နေ ပေမယ့်လည်း တကယ်လို့ လီဗာပူးလ်အသင်းက သူ့ကို ကမ်းလှမ်းလိုက်မယ် ဆိုရင်တော့ သူ့အနေနဲ့ ငြင်းဖို့ ခက်ခဲမယ်လို့ ကျွန်တော် ထင်ပါတယ်။ တကယ်လို့ ဆန်ချိုက အင်္ဂလန် နိုင်ငံမှာ ကစားချင်တယ် ဆိုရင် ဘယ်အသင်းကမှ သူ့ကို လီဗာပူးလ်အသင်းလို အာမာခံမှုမျိုး ပေးနိုင်မှာ မဟုတ်ပါဘူး။ သူက မန်ယူအသင်းကို သွားမယ် ဆိုရင် သူ ကွင်းထဲ ဝင်လာပြီ ဆိုတာနဲ့ ဖိအားတွေ အရမ်း များမှာ ဖြစ်ပြီး လူငယ် ကစားသမား တစ်ယောက်အတွက် အလွန်များတဲ့ တာဝန် ဖြစ်ပါတယ်။ မန်ယူအသင်းကို ပို ကောင်းလာအောင် ပြုလုပ်ပေးဖို့ ဆန်ချိုကို မျှော်လင့်ကြမှာပါ။ လီဗာပူးလ်အသင်းမှာသာ ကစားမယ် ဆိုရင် ဆန်ချိုအနေနဲ့ ဖိအားတွေ အများကြီး ပို နည်းသွားမှာ ဖြစ်ပါတယ်”လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။