ဘွန်ဒက်လီဂါကလပ်အသင်း တစ်သင်း ဖြစ်တဲ့ ဒေါ့မွန်အသင်းအတွက် လက်ရှိဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေ ထုတ်ပြထားတဲ့ အသက်၁၉နှစ်အရွယ် လူငယ် တောင်ပံကစားသမားလေး ဆန်ချိုဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဒေါ့မွန်ကနေ ထွက်ခွာဖို့အတွက် ကျိန်းသေသွားခဲ့ပြီလို့ သိရပါတယ်။
Photo Credit: Standard.com
ယခုနှစ် ဘောလုံးရာသီမှာ ဒေါ့မွန်အတွက် ဘွန်ဒက်စ်လီဂါပွဲစဉ် ၁၉ပွဲပါဝင်ကစားပေးထားရာမှာ ၁၂ဂိုးသွင်းယူထားနိုင်ခဲ့ပြီး ၁၃ဂိုး ဖန်တီးပေးထားနိုင်ခဲ့တဲ့ ဆန်ချိုဟာ ဘွန်ဒက်စ်လီဂါရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်ကာ သူ့ရဲ့တန်ကြေးကတော့ အနိမ့်ဆုံး ပေါင် ၁၀၀သန်း ရှိပါတယ်။
Photo Credit: Standard.com
လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရ ဆန်ချိုကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ် အသင်းနှစ်သင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့ မန်ယူအသင်းတို့က စိတ်ဝင်စားနေပြီး ဂျာမဏီသတင်းစာတွေရဲ့ ဖော်ပြမှုအရတော့ မန်ယူဟာ ဆန်ချိုကို ခေါ်ယူနိုင်ဖို့ ပိုမိုနီးစပ်နေတယ်လို့ သိရှိရပါတယ်။
Photo Credit
ယမန်နေ့မှာ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ ချယ်လ်ဆီးအသင်းဟာ အေဂျက်အသင်းရဲ့ တောင်ပံကစားသမား ဇီရက်စ်ကို ရာသီကုန်မှာ ပေါင်၄၅သန်းနဲ့ ခေါ်ယူဖို့အတွက် နှုတ်အားဖြင့် သဘောတူညီမှုရရှိခဲ့ကြောင်း သိရကာ ဇီရက်စ် ကို ခေါ်ယူနိုင်ခဲ့ပါက ဆန်ချိုကို ထပ်မံ ခေါ်ယူဖို့ မဖြစ်နိုင်တာကြောင့် မန်ယူအသင်းအနေနဲ့ ဆန်ချိုကို ခေါ်ယူဖို့ ပိုမို နီးစပ်လာခဲ့တာပါ။