မန်စီးတီးအသင်းမှာ ပုံမှန်နေရာရဖို့ မလွယ်ကူတဲ့အတွက် ဂျာမန်ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ ထိပ်သီးအသင်းကြီးတစ်သင်းဖြစ်တဲ့ ဒေါ့မွန်ဆီကို ပြောင်းရွှေ့ခဲ့ပြီး ဒေါ့မွန်မှာ အလွန်တောက်ပတဲ့ ကြယ်တစ်ပွင့်ဖြစ်လာခဲ့တဲ့ အင်္ဂလန်တောင်ပံကစားသမားလေး ဂျေဒန်ဆန်ချိုကို ဥရောပအသင်းပေါင်းများစွာကနေ ခေါ်ယူဖို့အတွက် အပြိုင်အဆိုင် စိတ်ဝင်စားလျက်ရှိနေပြီး အဲ့ဒီအသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက် ချယ်လ်ဆီး ဘာစီလိုနာ ရီးရဲလ်မက်ဒရစ်အသင်းတွေက ထိပ်ဆုံးနေရာက ပါဝင်လို့နေပါတယ်။

Photo Credit : TEAMtalk

အသက်(၂၀)အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဆန်ချိုဟာ ၂၀၁၇ခုနှစ်ကမှ မန်စီးတီးအသင်းကနေ ဒေါ့မွန်ဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ လက်ရှိအချိန်မှာ အသင်းရဲ့ အမာခံကစားသမားတစ်ယောက်အဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။ အသင်းနဲ့ စတင်ပူးပေါင်းချိန်ကနေ လက်ရှိအချိန်ထိ ဒေါ့မွန်အတွက် သွင်းဂိုးပေါင်း(၃၁)ဂိုးနဲ့ ဂိုးဖန်တီးမှုပေါင်း(၄၂)ကြိမ် ပြုလုပ်ထားခဲ့တဲ့ ဆန်ချိုကို ခေါ်ယူဖို့အတွက် အသင်းများစွာကနေ ခေါ်ယူနိုင်ဖို့အတွက် အသီးသီးကြိုးစားနေကြပေမယ့် ဒီအသင်းတွေထဲက ချယ်လ်ဆီးကတော့ ဆန်ချိုငယ်ငယ်လေးကတည်း အားပေးတဲ့အသင်းဖြစ်တယ်လို့ The Athletic ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sky Sport

ဆန်ချိုဟာ ငယ်စဉ်တုန်းက လန်ဒန်မြို့ထဲက ကန်နင်တန်ပြည်နယ်မှာ မွေးဖွားကြီးပြင်းလာခဲ့သူဖြစ်လို့ ချယ်လ်ဆီးအသင်းကို အားပေးခဲ့ရတာဖြစ်ကာ အခု သူအရမ်းအားပေးခဲ့တဲ့ အသင်းကပါ သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အတွက် ဆန်ချိုအနေနဲ့ စဉ်းစားစရာ ဖြစ်လာနိုင်ပါတယ်။ ဒေ့ါမွန်ကလည်း သူတို့အသင်းမှာ ဆက်လက်ထိန်းသိမ်းရခက်နိုင်တဲ့ ဆန်ချိုကို ပေါင်သန်းတစ်ရာအပြင် ကစားသမားတစ်ယောက်လောက်နဲ့ ကမ်းလှမ်းလာဖြစ်မယ်ဆိုရင် အသင်းကနေ ထွက်ခွာခွင့်ပြုဖွယ်ရှိနေတာကြောင့် ချယ်လ်ဆီးဘက်ကနေ ဒီတောင်းဆိုမှုအတိုင်း ကမ်းလှမ်းလာဖွယ်လည်း ရှိနေပါတယ်။ တကယ်တော့ ဆန်ချိုကို ခေါ်ယူဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းက ထိပ်ဆုံးနေရာမှာ ဦးဆောင်နေတာဆိုပေမယ့်လည်း ဒေါ့မွန်ကနေ ပေါင်သန်းတစ်ရာအပြင် လူငယ်တိုက်စစ်မှူးလေး မေဆန်ဂရင်းဝုဒ်ကိုပါ တောင်းဆိုထားလို့ ယူနိုက်တက်က ဒီတောင်းဆိုမှုကို လုံးဝလက်မခံနိုင်ပဲ ငွေသားသက်သက်နဲ့သာ ကမ်းလှမ်းဖို့ရှိနေပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းကတော့ ဘဏ္ဍာရေးအခြေအနေကြောင့် ဆန်ချိုကို ကမ်းလှမ်းတော့မှာမဟုတ်ဘူးလို့ သိရှိရပါတယ်။