ယနေ့မှာပဲ အသက်၂၀နှစ် ပြည့်သွားတဲ့ အင်္ဂလန်တောင်ပံ ကစားသမားလေး ဂျေဒန်ဆန်ချို ဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ လက်ရှိ ကစားနေတဲ့ ဒေါ့မွန်အသင်းကနေ ပရီးမီးယားလိဂ် အသင်းတစ်သင်းဖြစ်တဲ့ မန်ယူ အသင်းထံကို ပြောင်းရွှေ့ဖို့အတွက် စိတ်ဝင်စားနေတဲ့ အကြောင်းကို သူ့ရဲ့ အင်စတာဂရမ် အကောင့်ကနေတဆင့် အရိပ်အမြွက်ပြသွားခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒါကတော့ ဆန်ချိုဟာ သူ့ရဲ့ အင်စတာဂရမ်အကောင့်ကနေတဆင့် Live လွှင့်နေရာကနေ မန်ယူအသင်း ပရိသတ် တစ်ဦးရဲ့ Commentကို ပြုံးလျက် လိုက်ပါ လုပ်ဆောင်ခဲ့တာကြောင့် လက်ရှိအချိန်မှာ မန်ယူအသင်းရဲ့ပရိသတ်တွေကြားမှာ ဆန်ချိုရဲ့ လုပ်ရပ်ဟာ သတင်းကြီးနေခဲ့ဖြစ်ပြီး လာမယ့် ရာသီမှာ မန်ယူအသင်းထံ အမှန်တကယ် ပြောင်းလာမယ့်သူအဖြစ် သတ်မှတ်ခံထားရပါတယ်။

Photo Credit: Metro.com

အဆိုပါ ပရိသတ်ရဲ့ အကောင့်နာမည်က Miraculouspogba ဖြစ်ပြီး သူဟာ ဆန်ချိုရဲ့ Liveမှာ ” လာမယ့်ဘောလုံးရာသီမှာ မန်ယူ အသင်းကို ပြောင်းလာမယ်ဆိုရင် သူ့ရဲ့ Commentကို ကျော်သွားပါ ” လို့ ရေးသားခဲ့တာ ဖြစ်ကာ သူ့ရဲ့ Commentကို မြင်ချိန်မှာတော့ ဆန်ချိုဟာ ပြုံးသွားခဲ့တာကို Liveထဲမှာ မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ဆန်ချိုက အဆိုပါ ပရိသတ်ရဲ့ Commentကို အမှန်တကယ် မသိချင်ယောင်ဆောင်ခဲ့ပြီး ” ပရိသတ်တွေအားလုံး အိမ်ထဲမှာပဲ နေကြပါ ” လို့ ပြောဆိုခဲ့ကာ စကားလမ်းကြောင်း လွှဲခဲ့ပါတယ်။ ဆန်ချိုရဲ့ လုပ်ရပ်ကို မြင်တွေ့ပြီးနောက်မှာတော့ Miraculouspogba ဟာ သူ့ရဲ့အကောင့်မှာ အဆိုပါ အခိုက်အတန့်ကို Videoလေးလုပ်ပြီး တင်ခဲ့ကာ သူ့ကိုယ်သူလည်း အေးဂျင့်အဖြစ် တင်စားခဲ့ပါတယ်။

Photo Credit: Metro.com

လက်ရှိမှာတော့ မန်ယူပရိသတ်တွေက ဆန်ချိုရဲ့ အပြုအမူကို သဘောကျနေကြသလို မန်ယူအသင်းဟာလည်း ဆန်ချိုကို ခေါ်ယူဖို့ ကြိုးစားမှုဟာ အရာထင်နေခဲ့ပြီလို့ မန်ချက်စတာအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားခဲ့ကြပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရ မန်ယူအသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့အတွက် လွန်ခဲ့တဲ့ နှစ်လကတည်းက ကြိုးစားနေခဲ့တာ ဖြစ်ကြောင်းနဲ့ လက်ရှိအချိန်မှာတော့ ဆန်ချိုကို ခေါ်ယူခွင့်ရဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပြီလို့ အတွင်းသတင်းတေ​ွအရ သိရှိထားရပါတယ်။ အသက်၂၀သာ ရှိသေးတဲ့ ဆန်ချိုဟာ လက်ရှိဘောလုံးရာသီမှာ ဒေါ့မွန် အသင်းအတွက် ဘွန်ဒက်စ်လီဂါပွဲစဉ် ၂၃ပွ​ဲ ကစားထားရာမှာ ၁၄ဂိုးသွင်းယူထားပြီး ၁၅ဂိုး ဖန်တီးပေးထားနိုင်ခဲ့သူ ဖြစ်ကာ သူ့ရဲ့တန်ကြေး ဟာ ပေါင်၁၀၀သန်း ဝန်းကျင်ရှိပါတယ်။