လီဗာပူးလ္ ကစားသမားေဟာင္း ဂ်ာဆြန္ မက္ကက္တီယာက နည္းျပ ကေလာ့ပ္ရဲ႕ လီဗာပူးလ္ အသင္းဟာ အခုလအတြင္းမွာ မန္ယူပစ္မွတ္ ဆန္ခ်ဳိကုိ ေခၚယူသင့္တယ္လုိ႔ ေျပာသြားပါတယ္။ လီဗာပူးလ္အသင္းက လက္ရွိရာသီမွာ ပရီးမီးယားလိဂ္ၿပိဳင္ပဲြမွာ (၁၃) မွတ္ျဖတ္ ဦးေဆာင္ေနၿပီး အရင္လ ဒီဇင္ဘာလက မီနာမီႏုိကုိ ဆဲလ္ဘတ္အသင္းကေန အျပီးသတ္ ေခၚယူႏုိင္ခဲ့ပါတယ္။

Photo Credit: Goal

ဂ်ာဆြန္ မက္ကက္တီယာဟာ လီဗာပူးလ္ကစားသမားေဟာင္း ျဖစ္ၿပီး ကစားသမားဘဝတုန္းက ကြင္းလယ္ေနရာမွာ အဓိက ကစားခဲ့ေပမဲ့ ေတာင္ပံ နဲ႔ ေနာက္တန္းမွာလည္း ကစားႏုိင္ပါတယ္။ မက္ကက္တီယာက အဂၤလန္ ၾကယ္ပြင့္ ဆန္ခ်ဳိဟာ နည္းျပ ကေလာ့ပ္ သေဘာက်ႏွစ္သက္တဲ့ ကစားသမားမ်ုိး ျဖစ္ၿပီး နည္းျပ ကေလာ့ပ္အေနနဲ႔ ေခၚယူသင့္တယ္လုိ႔ ေျပာခဲ့တာ ျဖစ္ပါတယ္။

Photo Credit: Goal

မက္ကက္တီယာက “နည္းျပ ကေလာ့ပ္အေနနဲ႔ အေျပာင္းအေရြ႕ ေစ်းကြက္မွာ ကစားသမားသစ္ ထပ္ေခၚယူဖုိ႔ ဖိအားေတြ ခံစားရမယ္လုိ႔ ကြ်န္ေတာ္ ထင္ေပမဲ့ ကြ်န္ေတာ္ သူ႔ကုိ ေခၚယူေစခ်င္တဲ့ ကစားသမား တစ္ဦး ရွိၿပီး၊ အဲဒီလူက ဆန္ခ်ဳိပါပဲ။ ဆန္ခ်ဳိက နည္းျပ ကေလာ့ပ္ သေဘာက်တဲ့ ကစားသမားမ်ဳိးနဲ႔ တူပါတယ္။ သူက ငယ္ၿပီး အရည္အခ်င္း ျပည့္ဝပါတယ္”လုိ႔ ေျပာခဲ့ပါတယ္။

{Unicode}

လီဗာပူးလ် ကစားသမားဟောင်း ဂျာဆွန် မက်ကက်တီယာက နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ် အသင်းဟာ အခုလအတွင်းမှာ မန်ယူပစ်မှတ် ဆန်ချိုကို ခေါ်ယူသင့်တယ်လို့ ပြောသွားပါတယ်။ လီဗာပူးလ်အသင်းက လက်ရှိရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၁၃) မှတ်ဖြတ် ဦးဆောင်နေပြီး အရင်လ ဒီဇင်ဘာလက မီနာမီနိုကို ဆဲလ်ဘတ်အသင်းကနေ အပြီးသတ် ခေါ်ယူနိုင်ခဲ့ပါတယ်။

Photo Credit: Goal

ဂျာဆွန် မက်ကက်တီယာဟာ လီဗာပူးလ်ကစားသမားဟောင်း ဖြစ်ပြီး ကစားသမားဘဝတုန်းက ကွင်းလယ်နေရာမှာ အဓိက ကစားခဲ့ပေမဲ့ တောင်ပံ နဲ့ နောက်တန်းမှာလည်း ကစားနိုင်ပါတယ်။ မက်ကက်တီယာက အင်္ဂလန် ကြယ်ပွင့် ဆန်ချိုဟာ နည်းပြ ကလော့ပ် သဘောကျနှစ်သက်တဲ့ ကစားသမားမျိုး ဖြစ်ပြီး နည်းပြ ကလော့ပ်အနေနဲ့ ခေါ်ယူသင့်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

မက်ကက်တီယာက “နည်းပြ ကလော့ပ်အနေနဲ့ အပြောင်းအရွေ့ ဈေးကွက်မှာ ကစားသမားသစ် ထပ်ခေါ်ယူဖို့ ဖိအားတွေ ခံစားရမယ်လို့ ကျွန်တော် ထင်ပေမဲ့ ကျွန်တော် သူ့ကို ခေါ်ယူစေချင်တဲ့ ကစားသမား တစ်ဦး ရှိပြီး၊ အဲဒီလူက ဆန်ချိုပါပဲ။ ဆန်ချိုက နည်းပြ ကလော့ပ် သဘောကျတဲ့ ကစားသမားမျိုးနဲ့ တူပါတယ်။ သူက ငယ်ပြီး အရည်အချင်း ပြည့်ဝပါတယ်”လို့ ပြောခဲ့ပါတယ်။