မန်ယူတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကတော့ အင်္ဂလန်လက်ရွေးစင် ဒေါ့မွန် ကစားသမား ဆန်ချိုဟာ ပြီးပြည့်စုံ ကစားသမား ဖြစ်ဖို့ အများကြီး လိုနေသေးတယ်လို့ ပြောခဲ့ပြီး ဘာကြောင့် အသင်းပြောင်းချင်ရတာလဲလို့ ပြောသွားခဲ့ပါတယ်။ တောင်ပံကစားသမား ဆန်ချိုဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ဒေါ့မွန်အသင်းက ထွက်သွားနိုင်ချေ ရှိပြီး လက်ရှိမှာက မန်ယူ၊ လီဗာပူးလ်၊ ချဲလ်ဆီးတို့နဲ့ ချိတ်ဆက်နေပါတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

Photo Credit: Goal

ဆန်ချိုဟာ လက်ရှိရာသီမှာ ဒေါ့မွန်အသင်းအတွက် ဘွန်ဒက်စ်လီဂါ ပွဲစဉ် (၁၉) ပွဲ ကစားပြီးတဲ့ အခါမှာ သွင်းဂိုး (၁၂) ဂိုး နဲ့ ဂိုးဖန်တီးမှု (၁၃) ကြိမ် ပြုလုပ်ထားတာကြောင့် သွင်းဂိုး (၂၅) ဂိုးမှာ တိုက်ရိုက် ပါဝင်ပက်သက်ထားပါတယ်။ သူဟာ အသက် (၁၉) နှစ်ပဲ ရှိသေးပြီး အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်ပေမဲ့လည်း မန်ယူ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က ပြီးပြည့်စုံတဲ့ ကစားသမား ဖြစ်လာဖို့ အများကြီး လိုအပ်ပါသေးတယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

ဘာဘာတော့ဗ်က “ကျွန်တော့်အမြင်မှာကတော့ ဆန်ချိုက ပွဲကစားဖို့ နဲ့ ဆက်လက်တိုးတတ်ဖို့ လိုအပ်နေပါတယ်။ ဒါကြောင့်ပဲ သူ အသင်းက ထွက်ချင်တာကို ကျွန်တော် အံ့သြနေမိပါတယ်။ ဘာလို့လဲဆိုရင် ဒေါ့မွန်အသင်းက သူ့ကို အဲဒီလို အခွင့်အရေး ပေးနေလို့ပါ။ သူက ပြီးပြည့်စုံတဲ့ ကစားသမား ဖြစ်ဖို့ အများကြီး လိုပါသေးတယ်။ သူက သိပ် ငယ်ပါသေးတယ်။ ဒါကြောင့် သူ ဘယ်အသင်းကိုပဲ ပြောင်းပြောင်း ပွဲထွက် ကစားခွင့် ရဖို့ မျှော်လင့်ပါတယ်”လို့ ပြောခဲ့ပါတယ်။