အီတလီကလပ် ဆမ်ဒိုးရီးယားအသင်းကတော့ အသင်းရဲ့ တိုက်စစ်မှူး ဂတ်ဘီယာဒီနီအနေနဲ့ ကိုရိုနာ ဗိုင်းရပ် ကူးစက်ခံနေရပြီ ဖြစ်ပါတယ်လို့ တရားဝင် ထုတ်ပြန်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ဆမ်ဒိုးရီးယား တိုက်စစ်မှူး ဂတ်ဘီယာဒီနီဟာ စီးရီးအေ ပြိုင်ပွဲမှာ ကိုရိုနာ ဗိုင်းရပ် ရောဂါ ကူးစက်ခံရတဲ့ ဒုတိယမြောက် ကစားသမား ဖြစ်သွားခဲ့ပြီး ပထမကတော့ ရူဂါနီ ဖြစ်ပါတယ်။ ဂျုဗင်တပ်အသင်း နဲ့ အီတလီ လက်ရွေးစင် နောက်ခံ ကစားသမား ရူဂါနီကတော့ စီးရီးအေ ပြိုင်ပွဲမှာ ကိုရိုနာ ဗိုင်းရပ် ရောဂါ ကူးစက်ခံရတဲ့ ပထမဆုံး ကစားသမား ဖြစ်သွားခဲ့ပါတယ်။

Photo Credit: Dailymail

အသက် (၂၈) နှစ်အရွယ် တိုက်စစ်မှူး ဂတ်ဘီယာဒီနီဟာ ပရီးမီးယားလိဂ်မှာ ကစားခဲ့စဉ်က ဆောက်သမ်တန်အသင်းအတွက် ကစားခဲ့ပြီး ဆမ်ဒိုးရီးယားအသင်းကို ပြောင်းသွားခဲ့ပါတယ်။ သူဟာ ဆမ်ဒိုးရီးယားအသင်းအတွက် (၂) နှစ်ရာသီမြောက် ကစားနေတဲ့ အချိန်မှာ ကိုရိုနာ ဗိုင်းရပ် ရောဂါ ကူးစားခဲ့ရတဲ့ (၂) ယောက်မြောက် စီးရီးအေ ကစားသမား ဖြစ်လာခဲ့ပါတယ်။ အီတလီနိုင်ငံဟာ ဥရောပ နိုင်ငံတွေထဲမှာ ကိုရိုနာ ဗိုင်းရပ် ရောဂါ ဖြစ်ပွားမှု အမြန်ဆန်ဆုံး နိုင်ငံ ဖြစ်ပြီး စီးရီးအေ ပွဲစဉ်တွေကို လာမယ့် ဧပြီလ (၃) ရက်အထိ ရပ်ထားပြီ ဖြစ်ပါတယ်။

Photo Credit: Dailymail

ဆမ်ဒိုးရီးယားအသင်းအနေနဲ့ တိုက်စစ်မှူး ဂတ်ဘီယာဒီနီကို ကိုရိုနာ ဗိုင်းရပ် ကူးစက်ခံရကြောင်း တရားဝင် ထုတ်ပြန်ခဲ့ပြီး သူ့ကို တစ်ဦးတည်း သီးသန့် ခွဲထားမယ်လို့ ဖော်ပြသွားတာ ဖြစ်ပါတယ်။ ဆမ်ဒိုးရီးယားအသင်းက “ဆမ်ဒိုးရီးယားအသင်းအနေနဲ့ ကစားသမား ဂတ်ဘီယာဒီနီကို ကိုရိုနာ ဗိုင်းရပ် ကူးစက်ခံရပြီ ဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။ သူ ကိုယ်ပူချိန် အနည်းငယ် ရှိနေပေမဲ့ ကောင်းစွာ ရှိနေပါတယ်။ အသင်းအနေနဲ့ စည်းမျဉ်းမှာ ဖော်ပြထားတဲ့ အတိုင်း တစ်ဦးတည်း ထားသွားမှာ ဖြစ်ပါတယ်”လို့ တရားဝင် အတိသလင် ထုတ်ပြန် ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။ စီးရီးအေ ကစားသမား ဖြစ်ကြတဲ့ ဂျုဗင်တပ် နောက်ခံလူ ရူဂါနီ နဲ့ ဆမ်ဒီုးရီးယား တိုက်စစ်မှူး ဂတ်ဘီယာဒီနီတို့ အမြန်ဆုံး ပြန်လည် သက်သာလာကြဖို့အတွက် ဆုတောင်းပေးကြပါဗျာ။