ပရီးမီးယားလိဂ် ချန်ပီယံလုဘက် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပွဲစဉ်အတွင်း ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်ခြင်းဟာ သူတို့အသင်းအတွက်တော့ စိတ်ကျေနပ်စရာကောင်းတဲ့ ရလဒ်မျိုး ဖြစ်မနေဘူးလို့ အာဆင်နယ် ခံစစစ်ကစားသမား ဝီလီယံ ဆာလီဘာက မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ် လီဗာပူးလ် မန်စီးတီးတို့ (၃)သင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အကြိတ်အနယ်နဲ့ အပြိုင်အဆိုင် ဖြစ်လို့နေပြီး အာဆင်နယ်နဲ့ မန်စီးတီးတို့ ထိပ်တိုက် တွေ့ဆုံနေတုန်း သရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် နိုင်ပွဲရထားတဲ့ လီဗာပူးလ်က ဒီနှစ်သင်းကို အမှတ်အသာနဲ့ ဦးဆောင်သွားနိုင်ခဲ့ပါတယ်။

Photo Credit : Sky Sports

မန်စီးတီးနဲ့ အာဆင်နယ် ပွဲစဉ်အပြီး ဂိုးမရှိ သရေရလဒ်အပေါ် ကျေနပ်မှု ရှိသလားလို့ Sky Sports က အာဆင်နယ် နောက်ခံလူ ဆာလီဘာကို မေးလာခဲ့ရာ ဆာလီဘာက “မရှိပါဘူး။ ကျွန်တော်တို့အတွက် ဒီရလဒ်က စိတ်ကျေနပ်စရာ မကောင်းပါဘူး။ ဒါပေမယ့်လည်း အဆင်တော့ပြေပါတယ်။”

“ကျွန်တော်တို့ အနိုင်မရနိုင်တဲ့ ပွဲတွေကနေ သင်ယူမှုတွေ လုပ်ဆောင်နိုင်ခဲ့တယ်။ ကျွန်တော် ရှုံးနိမ့်သွားမှာ မလိုလာပါဘူး။ ဒါကြောင့် ကျွန်တော်တို့ ရှုံးပွဲမတွေ့ရအောင် အကောင်းဆုံး ကစားခဲ့တယ်။ ဒါကြောင့်ပဲ ဒီပွဲမှာ သရေတစ်မှတ်ကို ပိုင်ဆိုင်နိုင်ခဲ့တယ်။ ဒါပေမယ့်လည်း ဒီရလဒ်အပေါ် ကျွန်တော်တို့တွေ ကျေနပ်မနေပါဘူး။”

 

Photo Credit : Metro

“ကျွန်တော်တို့ခေါင်းထဲမှာ ဒီပွဲနဲ့ ပတ်သက်ပြီး အများကြီး ရှိနေခဲ့မယ်လို့ ကျွန်တော် ထင်တယ်။ မန်ချက်စတာ စီးတီးဆိုတာကလည်း ကမ္ဘာ့အကောင်းဆုံး အသင်းတစ်သင်း ဆိုတာကိုလည်း ကျွန်တော်တို့ သိထားတယ်။ ဒါကြောင့် ပွဲအတွင်းမှာလည်း ဒီထက်မက ပိုပြီး အာရုံစိုက်ထားဖို့ လိုအပ်တယ်။”

“ကျွန်တော်တို့တွေ သူတို့အသင်းကို ကောင်းကောင်း ယှဉ်ပြိုင်နိုင်ခဲ့တယ်။ ဂိုးမပေးရအောင်လည်း ကစားနိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့အသင်းကလည်း ဂိုးမသွင်းနိုင်ခဲ့ပြန်ဘူး။” လို့ ဖြေဆိုသွားခဲ့ပါတယ်။ လက်ရှိမှာ အာဆင်နယ်အသင်းဟာ ဒုတိယနေရာမှာပဲ ဆက်လက် ရပ်တည်နေပြီး ထိပ်ဆုံးက လီဗာပူးလ်နဲ့ (၂)မှတ် ကွာဟလို့နေပါတယ်။