92 Class လုိ႔ေျပာလုိက္ရင္ မန္ခ်က္စတာယူႏုိက္တက္အသင္းခ်စ္သူေတြ အကုန္သိၾကမွာပါ။ ယူႏုိက္တက္ကုိ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္လာတဲ႔အထိ အားေပးခဲ႔သူဆုိရင္ 92 Class နဲ႔ ရင္းႏွီးကြ်မ္းဝင္ေနမွာပါ။ 92 Class ဆုိတာကေတာ့ ၁၉၉၂ခုႏွစ္မွာ ယူႏုိက္တက္စီနီယာအသင္းနဲ႔ စတင္ပူးေပါင္းခြင့္ရခဲ႔ၾကတဲ႔ ယူႏိုက္တက္အကယ္ဒမီထြက္ ကစားသမားအုပ္စုကုိ ဆုိလုိတာျဖစ္ၿပီး အဲ့ဒီအခ်ိန္က အဆုိပါအုပ္စုထဲမွာ ေဒးဗစ္ဘက္ခမ္း နဗီးလ္ညီေနာင္ နီကီဘတ္ ရုိင္ယန္ဂစ္ ေပါစခုိးတုိ႔လုိ ကစားသမားေကာင္းေတြ ပါဝင္ခဲ႔ၿပီး ယူႏုိက္တက္အသင္းအတြက္ အက်ိဳးအျပဳဆုံးေသာ ကစားသမားေတြ ျဖစ္ခဲ႔ရပါတယ္။

Photo Credit : Getty Images

ယူႏုိက္တက္အသင္းဟာ ဒီ 92 Class ကုိအေျခခံၿပီး ၁၉၉၀ေႏွာင္းပုိင္းကာလေတြနဲ႔ ၂၀၀၀ျပည့္ႏွစ္လြန္ခ်ိန္ေတြအထိ ျပည္တြင္းမွာေရာ ဥေရာပမွာပါ ဟုန္းဟုန္းေတာက္ေအာင္ျမင္ေက်ာ္ၾကားခဲ႔ပါတယ္။ အခုလက္ရွိအခ်ိန္မွာ ဒီကစားသမားေတြကလည္း ေဘာလုံးသမားဘဝကေန အသီးသီးအနားယူသြားၾကၿပီး ေဘာလုံးနည္းျပလုပ္သူကလုပ္ ေဘာလုံးပြဲသုံးသပ္သူ လုပ္သူကလုပ္ ေဘာလုံးအသင္းပုိင္ရွင္အျဖစ္ ေဆာင္ရႊက္သူကေဆာင္ရႊက္နဲ႔ အကုန္လုံး တကြဲတျပားစီ ျဖစ္ေနခ်ိန္မွာ အေၾကာင္းအရာတစ္ခုေၾကာင့္ အားလုံးျပန္လည္စုစည္းသြားႏုိင္ခဲ႔ပါတယ္။

Photo Credit : Getty Images

အဲ့ဒါကေတာ့ ဒီကစားသမားေတြအကုန္လံုးစုၿပီး ေဘာလုံးအသင္းတစ္သင္းမွာ အစုရွယ္ယာဝင္လုိက္ၾကတာျဖစ္ပါတယ္။ သူတုိ႔ ရွယ္ယာဝင္ထားတဲ႔အသင္းကလည္း ဂရိတ္မန္ခ်က္စတာအေျခစုိက္ ဆဲလ္ဖုိဒ့္အသင္းျဖစ္ၿပီးေတာ့ တစ္ေယာက္ကုိ ၁၀ရာခိုင္ႏႈန္းဆီ ရွယ္ယာထည့္ဝင္ထားၾကတာျဖစ္ပါတယ္။ လက္ရွိ ဆဲလ္ဖုိဒ့္က အဂၤလန္လိဂ္တူးၿပိဳင္ပြဲမွာ ပါဝင္ကစားေနတာျဖစ္ၿပီးေတာ့ မေန႔ကပဲ ကာရာေဘာင္းပထမအဆင့္ ၿပိဳင္ပြဲအျဖစ္ ခ်န္ပီယံရွစ္က နာမည္ေက်ာ္အသင္းျဖစ္တဲ႔ လိဒ္ယူႏုိက္တက္နဲ႔ ရင္ဆုိင္ေတြ႔ဆုံျဖစ္ခဲ႔ပါတယ္။

Photo Credit : Getty Images

ဒီပြဲစဥ္ကုိ ရွယ္ယာဝင္မ်ားျဖစ္ၾကတဲ႔ ေပါစခုိး နဗီးလ္ညီေနာင္ နီကီဘတ္တုိ႔အျပင္ ဒီကစားသမားေတြအားလုံးရဲ႕ ဂုရုႀကီးျဖစ္တဲ႔ ဆာအဲလက္စ္ဖာဂူဆန္က လာေရာက္ၾကည့္ရွုအားေပးသြားခဲ႔ပါတယ္။ ဒါေပမယ့္ ဆဲလ္ဖုိဒ့္အသင္းကေတာ့ သူတုိ႔ထက္ အစစအရာရာ သာလြန္ေနတဲ႔ လိဒ္ယူႏုိက္တက္အသင္းကုိ ၃ဂုိးျပတ္နဲ႔ အေရးနိမ့္ခဲ႔ရၿပီး ကာရာေဘာင္းၿပိဳင္ပြဲကေနလည္း ေစာေစာစီးစီး ထြက္ခြာသြားခဲ့ရပါတယ္။ ဂယ္ရီနဗီးလ္ကေတာ့ ပထမပုိင္းအတြင္း ဆဲလ္ဖုိဒ့္အသင္းရဲ႕ ကစားဟန္ကုိ အရမ္းသေဘာက်ေနခဲ႔ၿပီး သူတုိ႔ရဲအသင္း ပုိၿပီးတုိးတတ္လာဦးမယ္လုိ႔လည္း ယုံၾကည္ေနပါတယ္ခင္ဗ်ာ။

(Unicode)

92 Class လို့ပြောလိုက်ရင် မန်ချက်စတာယူနိုက်တက်အသင်းချစ်သူတွေ အကုန်သိကြမှာပါ။ ယူနိုက်တက်ကို နှစ်ပေါင်းများစွာ ကြာမြင့်လာတဲ့အထိ အားပေးခဲ့သူဆိုရင် 92 Class နဲ့ ရင်းနှီးကျွမ်းဝင်နေမှာပါ။ 92 Class ဆိုတာကတော့ ၁၉၉၂ခုနှစ်မှာ ယူနိုက်တက်စီနီယာအသင်းနဲ့ စတင်ပူးပေါင်းခွင့်ရခဲ့ကြတဲ့ ယူနိုက်တက်အကယ်ဒမီထွက် ကစားသမားအုပ်စုကို ဆိုလိုတာဖြစ်ပြီး အဲ့ဒီအချိန်က အဆိုပါအုပ်စုထဲမှာ ဒေးဗစ်ဘက်ခမ်း နဗီးလ်ညီနောင် နီကီဘတ် ရိုင်ယန်ဂစ် ပေါစခိုးတို့လို ကစားသမားကောင်းတွေ ပါဝင်ခဲ့ပြီး ယူနိုက်တက်အသင်းအတွက် အကျိုးအပြုဆုံးသော ကစားသမားတွေ ဖြစ်ခဲ့ရပါတယ်။

Photo Credit : Getty Images

ယူနိုက်တက်အသင်းဟာ ဒီ 92 Class ကိုအခြေခံပြီး ၁၉၉၀နှောင်းပိုင်းကာလတွေနဲ့ ၂၀၀၀ပြည့်နှစ်လွန်ချိန်တွေအထိ ပြည်တွင်းမှာရော ဥရောပမှာပါ ဟုန်းဟုန်းတောက်အောင်မြင်ကျော်ကြားခဲ့ပါတယ်။ အခုလက်ရှိအချိန်မှာ ဒီကစားသမားတွေကလည်း ဘောလုံးသမားဘဝကနေ အသီးသီးအနားယူသွားကြပြီး ဘောလုံးနည်းပြလုပ်သူကလုပ် ဘောလုံးပွဲသုံးသပ်သူ လုပ်သူကလုပ် ဘောလုံးအသင်းပိုင်ရှင်အဖြစ် ဆောင်ရွှက်သူကဆောင်ရွှက်နဲ့ အကုန်လုံး တကွဲတပြားစီ ဖြစ်နေချိန်မှာ အကြောင်းအရာတစ်ခုကြောင့် အားလုံးပြန်လည်စုစည်းသွားနိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

အဲ့ဒါကတော့ ဒီကစားသမားတွေအကုန်လုံးစုပြီး ဘောလုံးအသင်းတစ်သင်းမှာ အစုရှယ်ယာဝင်လိုက်ကြတာဖြစ်ပါတယ်။ သူတို့ ရှယ်ယာဝင်ထားတဲ့အသင်းကလည်း ဂရိတ်မန်ချက်စတာအခြေစိုက် ဆဲလ်ဖိုဒ့်အသင်းဖြစ်ပြီးတော့ တစ်ယောက်ကို ၁၀ရာခိုင်နှုန်းဆီ ရှယ်ယာထည့်ဝင်ထားကြတာဖြစ်ပါတယ်။ လက်ရှိ ဆဲလ်ဖိုဒ့်က အင်္ဂလန်လိဂ်တူးပြိုင်ပွဲမှာ ပါဝင်ကစားနေတာဖြစ်ပြီးတော့ မနေ့ကပဲ ကာရာဘောင်းပထမအဆင့် ပြိုင်ပွဲအဖြစ် ချန်ပီယံရှစ်က နာမည်ကျော်အသင်းဖြစ်တဲ့ လိဒ်ယူနိုက်တက်နဲ့ ရင်ဆိုင်တွေ့ဆုံဖြစ်ခဲ့ပါတယ်။

Photo Credit : Getty Images

ဒီပွဲစဉ်ကို ရှယ်ယာဝင်များဖြစ်ကြတဲ့ ပေါစခိုး နဗီးလ်ညီနောင် နီကီဘတ်တို့အပြင် ဒီကစားသမားတွေအားလုံးရဲ့ ဂုရုကြီးဖြစ်တဲ့ ဆာအဲလက်စ်ဖာဂူဆန်က လာရောက်ကြည့်ရှုအားပေးသွားခဲ့ပါတယ်။ ဒါပေမယ့် ဆဲလ်ဖိုဒ့်အသင်းကတော့ သူတို့ထက် အစစအရာရာ သာလွန်နေတဲ့ လိဒ်ယူနိုက်တက်အသင်းကို ၃ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ရပြီး ကာရာဘောင်းပြိုင်ပွဲကနေလည်း စောစောစီးစီး ထွက်ခွာသွားခဲ့ရပါတယ်။ ဂယ်ရီနဗီးလ်ကတော့ ပထမပိုင်းအတွင်း ဆဲလ်ဖိုဒ့်အသင်းရဲ့ ကစားဟန်ကို အရမ်းသဘောကျနေခဲ့ပြီး သူတို့ရဲအသင်း ပိုပြီးတိုးတတ်လာဦးမယ်လို့လည်း ယုံကြည်နေပါတယ်ခင်ဗျာ။