လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူး ဆာလတ်ကတော့ BBC သတင်းမှာ လီဗာပူးလ် ပရီးမီးယားလိဂ် ရရှိခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းကို ရိုက်နေတဲ့ အချိန်မှာ လီဗာပူးလ်အသင်းကို ရောက်လာခဲ့တုန်းက လိဂ်ဖလား ရရှိချင်တယ်လို ပြောခဲ့စဉ်က ရူးနေပြီလို ပြောကြပေမယ့် ရရှိခဲ့တယ်လို ချေပခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ မတ်လ အလယ်လောက်က အင်္ဂလန်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ် စတင် ဖြစ်ပွားခဲ့တာကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲကို ရပ်နားခဲ့တဲ့ အချိန်မှာ ရမှတ် (၂၅) ဖြတ် ဦးဆောင်နေခဲ့တာ ဖြစ်ပြီး ရမှတ်ပေါင်း (၉၉) မှတ်နဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ပထမဆုံး အကြိမ် ရရှိသွားခဲ့ပါတယ်။

Photo Credit: Echo

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ရရှိဖို သေချာသလောက် ရှိနေတဲ့ အချိန်မှာ လက်ရှိရာသီကို ဖျက်သိမ်းရမယ်လို သတင်းတွေ ထွက်နေခဲ့တာကြောင့် ပရီးမီးယားလိဂ် ဆုဖလားနဲ့ လွဲချော်ရမလို ဖြစ်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ ဇွန်လမှာ ရာသီပြန်စခဲ့တာကြောင့် လိဂ်ဖလားကို ရရှိခဲ့တာ ြဖ်စပါတယ်။ လီဗာပူးလ်အသင်းဟာ အသင်းရဲ့ သမိုင်း တစ်လျှောက်မှာ ပထမဆုံး အကြိမ် ပရီးမီးယားလိဂ်ဖလား ရရှိခဲ့တာ ဖြစ်ပြီး လီဗာပူးလ် တိုက်စစ်မှူး ဆာလတ်က လီဗာပူးလ်အသင်းကို စရောက်လာခဲ့စဉ်မှာ လိဂ်ဖလား ရယူချင်တယ်လို ပြောခဲ့တုန်းက ဝေဖန်ခံရပေမယ့် ရယူနိုင်ခဲ့တယ်လို ချေပသွားပါတယ်။

Photo Credit: Echo

BBC သတင်းမှာ ဆာလတ်က “ကျွန်တော် ဒီအသင်းနဲ့ ပထမဆုံး အင်တာဗျူးခဲ့တဲ့ အချိန်ကတည်းက ပရီးမီးယားလိဂ် ဆုဖလားကို ရရှိချင်တယ်လို ကျွန်တော် ပြောခဲ့တယ်။ အခြားသူတွေက ကျွန်တော့်ကို ရူးနေကြပြီလို ပြောခဲ့ကြပေမယ့် ကျွန်တော်တို ရယူနိုင်ခဲ့ပါတယ်။ ရာသီအစာမှာ ပရီးမီးယားလိဂ်ကို အရမ်း ရချင်ခဲ့တယ်။ အသင်းအတွက် တစ်ခုခု ရယူပေးချင်ခဲ့ပြီး အဓိက ပစ်မှတ်က ပရီးမီးယားလိဂ် ဖလား ဖြစ်ခဲ့ပါတယ်။ မန်စီးတီးအသင်းကို အနိုင်ရတော့ ဒီဟာက ကျွန်တော်တိုကို ပိုပြီး ယုံကြည်မှု ပေးပါတယ်။ ဘာလိုလဲဆိုရင် သူတိုက ချန်ပီယံ ဖြစ်နေခဲ့လိုပါ။ မန်ယူအသင်းနဲ့ ပွဲစဉ်မှာ ဂိုးသွင်းပြီးနောက် ပရိသတ်တွေရဲ့ အားပေးမှုက ရူးသွပ်ချင်စရာပါပဲ။ ဒီဟာက အသင်းက လူတိုင်းအတွက် အထူးပါပဲ။ လူတွေက ရာသီဖျက်သိမ်းနိုင်တယ်လို ပြောကြတဲ့ အချိန်မှာ အချိုက ဆက်မကစားနိုင်ဘူးလို ပြောခဲ့ပါတယ်”လို ပြန်ပြောင်း ပြောပြခဲ့ပါတယ်။