လီဗာပူးလ် တိုက်စစ်မှူး ဆာလတ်ကတော့ ဘုန်းမောက်အသင်းကို (၂-၁) ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ်မှာ (၁) ဂိုး သွင်းခဲ့တာကြောင့်မို့ လီဗာပူးလ် တိုက်စစ်မှူးဟောင်း ဆွာရက်စ် နဲ့ တော်ရက်စ်တို့ကို ကျော်ပြီး စံချိန်သစ် (၂) ခုကို ထိုက်တန်စွာ ရရှိသွားခဲ့ပါတယ်။ တိုက်စစ်မှူး ဆာလတ်ကတော့ ဘုန်းမောက်အသင်းကို အနိုင်ရရှိသွားခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ် ပွဲစဉ် (၁၀၀) ပြည့်ပွဲ၊ ရာပြည့်ပွဲကို ကစားခဲ့ပြီး (၁) ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် သွင်းဂိုးပေါင်း (၇၀) ဂိုး ရှိလာပြီ ဖြစ်ပါတယ်။

Photo Credit: Goal

လီဗာပူးလ် တိုက်စစ်မှူး ဆာလတ်ဟာ ဘုန်းမောက်အသင်းနဲ့ ပွဲစဉ်မှာ (၁) ဂိုး သွင်းယူနိုင်ခဲ့ပြီး လက်ရှိရာသီမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၂၀) ပြည့် ခဲ့တာကြောင့် လီဗာပူးလ်အသင်းရဲ့ သမိုင်း တစ်လျှောက် (၃) ရာသီဆက် သွင်းဂိုး (၂၀) နဲ့အထက် သွင်းယူနိုင်တဲ့ ဒုတိယမြောက် လီဗာပူးလ် ကစားသမား ဖြစ်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းအတွက် (၃) ရက်သီဆက် ပြိုင်ပွဲစုံ သွင်းဂိုး (၂၀) နဲ့ အထက် သွင်းယူခဲ့တဲ့ ပထမဆုံး ကစားသမားမှာ မိုက်ကယ် အိုဝင် ဖြစ်ပြီး မိုက်ကယ် အိုဝင်ဟာ (၂၀၀၀-၀၁) ခုနှစ် နဲ့ (၂၀၀၂-၀၃) ခုနှစ်ကြားမှာ (၃) ရာသီဆက် သွင်းဂိုး (၂၀) နဲ့ အထက် သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: Goal

တိုက်စစ်မှူး ဆာလတ်ဟာ လီဗာပူးလ် တိုက်စစ်မှူးဟောင်း အိုဝင် ပြီးရင် လီဗာပူးလ်အသင်း အတွက် (၃) ရာသီဆက် သွင်းဂိုး (၂၀) နဲ့ အထက် သွင်းယူနိုင်ခဲ့တဲ့ ဒုတိယမြောက် ဖြစ်ခဲ့ပြီး ဆွာရက်စ် နဲ့ တောရက်စ်တို့ မလုပ်နိုင်ခဲ့တဲ့ စံချိန်သစ် တစ်ရပ်ကို တင်သွားခဲ့တာ ဖြစ်ပါတယ်။ ဆွာရက်စ် နဲ့ တောရက်စ်တို့ဟာ လီဗာပူးလ်အသင်းမှာ ကစားခဲ့စဉ်က (၃) ရာသီ ဆက်တိုက် သွင်းဂိုး (၂၀) နဲ့ အထက် မသွင်းနိုင်ခဲ့ကြဘဲ တောရက်စ်က (၃) ရာသီမှာ (၃၃ဂိုး၊ ၁၇ ဂိုး၊ ၂၂ ဂိုး) သွင်းယူခဲ့ပြီး ဆွာရက်စ်ကတော့ (၃) ရာသီမှာ (၁၇ဂိုး၊ ၃၀ဂိုး၊ ၃၁) ဂိုး သွင်းယူခဲ့ပါတယ်။ ဆာလတ်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၁၀၀) ပြည့်ပွဲ ကစားတဲ့ ပွဲစဉ်မှာ သွင်းဂိုး (၇၀) မြောက်ဂိုး သွင်းယူခဲ့ပြီး ပွဲစဉ် (၁၀၀) ကစားပြီးချိန်မှာ သွင်းဂိုး အများဆုံး လီဗာပူးလ် ကစားသမား ဖြစ်လာပါတယ်။