လီဗာပူးလ်အသင်းရဲ့ အီဂျစ်တိုက်စစ်ကစားသမား မိုဟာမက်ဆာလာက ဘောလုံးရာသီတစ်ခု ကုန်ဆုံးသွားတိုင်း ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း သူ စွမ်းဆောင်နိုင်ခဲ့တာတွေနဲ့ လာမယ့်ဘောလုံးရာသီသစ်အတွင်း သူ ရယူသွားဖို့ ပစ်မှတ်ထားတာတွေကို တွေးတောနိုင်ဖို့အတွက် ပင်လယ်ကမ်းခြေကို တစ်ယောက်တည်း ခရီးထွက်ကာ အချိန်အနည်းငယ် ဖန်တီးတတ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၉)နှစ်အရွှယ်ရှိ အီဂျစ်လက်ရွေးစင် တိုက်စစ်ကစားသမား မိုဆာလာဟာ ရိုးမားကနေ လီဗာပူးလ်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီကနေ စတင်ပြီး အသင်းနဲ့ ဆုဖလားအောင်မြင်မှုတွေအပြင် တစ်ဦးချင်း အောင်မြင်မှုတွေမှာလည်း ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု (၂)ကြိမ် ပိုင်ဆိုင်နိုင်ခဲ့သလို ဒီရာသီမှာလည်း တတိယမြောက် ရွှေဖိနပ်ဆုကိုပါ ပိုင်ဆိုင်နိုင်ဖို့ အခြေအနေ ကောင်းမွန်နေရပါတယ်။ ဆာလာဟာ လီဗာပူးလ်ကို ရောက်ရှိလာချိန်ကတည်းကနေ အခုချိန်ထိ အသင်းရဲ့ အရမ်းအရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံနေရသလို အောင်မြင်တဲ့ ကစားသမားတစ်ယောက် ဖြစ်နေရခြင်းအတွက် ဘယ်အရာတွေက အထောက်အကူ ဖြစ်စေခဲ့လဲဆိုတာကို ရှင်းပြသွားခဲ့ပါတယ်။

Mohamed Salah drinks from a coconut wearing a fedora as he enjoys beach  break before Liverpool return

Photo Credit : The Sun

ဆာလာက “ကျွန်တော်က ကိုယ့်ကိုကိုယ် အရမ်းရိုးသားပါတယ်။ ရာသီတစ်ခုပြီးတိုင်း ကျွန်တော် ဘာတွေ တိုးတတ်ပြောင်းလဲသလဲဆိုတာကို ခြေရာခံတယ်။ အားလပ်ရက်တွေဆိုရင်တော့ ကျွန်တော် တစ်ယောက်တည်းပဲ ဖြတ်သန်းတယ်။ ပင်လယ်ကြီးကို မျက်နှာမူပြီး ဆက်ပြီး တိုးတတ်အောင်မြင်ချင်တဲ့ အရဂာတွေကို ချရေးပါတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် ပွင့်လင်းပြီး ရိုးသားလေ ပိုကောင်းလာလေပါပဲ။ ဖြစ်ချင်တာတွေ အများကြီးကိုလည်း ချရြေုးဖစ်တယ်။ ချန်ပီယံလိဂ်ဖလားနဲ့ ပရီးမီးယားလိဂ်ဖလားတွေကို ထပ်မံဆွတ်ခူးဖို့ကိုလည်း ကျွန်တော် ချရေးပါသေးတယ်။ ဒါတွေက ဘောလုံးရာသီတွေအတွင်း ကျွန်တော့်ကို လှုံဆော်ပေးနိုင်တယ်။ ကျွန်တေ်ာကိုယ်ကျွန်တော် ဘောလုံးရာသီကောင်းတစ်ခု ပိုင်ဆိုင်ထားတယ်လို့ မြင်မိတယ်။ နောက်ပြီး တစ်ဦးချင်း အောင်မြင်မှုတွေကို လိုချင်တယ်ဆိုရင် အသင်းနဲ့အတူ အောင်မြင်မှုရဖို့ ပိုလိုအပ်တယ်လို့ပါ တွေးမိပါတယ်။ ကျွန်တော်ရဲ့ ပထမဆုံးဘောလုံးရာသီမှာ (၄၄)ဂိုး သွင်းယူနိုင်ခဲ့တယ်။ ဒါကြောင့် အသင်းနဲ့အတူ အောင်နိုင်ခဲ့မယ်ဆိုရင် တစ်ဦးချင်းမှာလည်း အောင်မြင်မှုတွေက ရရှိလာမှာပါ။ ဒီရာသီမှာလည်း ကျွန်တော်တို့တွေ ဆုဖလားကြီးတွေကို ရယူပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ အဲ့ဒီဆုတွေက တစ်ဦးချင်း အောင်မြင်မှုတွေကပါ အလိုအလျောက် ပူးတွဲပါရှိလာမှာပါ” လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။