လီဗာပူးလ်အသင်းရဲ့ အီဂျစ်တိုက်စစ်ကစားသမား မိုဟာမက်ဆာလာဟာ လက်ရှိမှာ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်ရှိနေတော့ပြီး အသင်းနဲ့ သက်တမ်းတိုးဖို့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်နေခဲ့ရာ အဆင်မပြေခဲ့လို့ လက်တွဲဖြုတ်ခဲ့မယ်ဆိုရင် သူ့ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေထဲကမှ ပြည်ပအသင်းတွေထက် ပရီးမီးယားလိဂ် ကလပ်အသင်းတွေဆီကိုသာ ပိုမိုပြောင်းရွှေ့လိုတယ်လို့ The Athletic ကနေ ဖော်ပြလာခဲ့ပါတယ်။

Something was not right' - Liverpool boss Jurgen Klopp awaiting fitness  update on Mohamed Salah - Eurosport

Photo Credit : Europsort

လီဗာပူးလ်ရဲ့ key player ကစားသမားဖြစ်သူ အီဂျစ်လက်ရွေးစင် တိုက်စစ်ကစားသမား မိုဆာလာဟာ ရိုးမားကနေ လီဗာပူးလ်အသင်းဆီ စတင်ပြောင်းရွှေ့လာကတည်းက အသင်းအတွက် အကောင်းဆုံးနေရာကနေ စွမ်းဆောင်ထားနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ပရီးမီးယားလိဂ်ရဲ့ ရွှေဖိနပ်ဆုကို ဆွန််ဟောင်မင်နဲ့အတူ ပူးတွဲပိုင်ဆိုင်ခဲ့သလို အသင်းကိုလည်း အက်အေဖလားနဲ့ လိဂ်ဖလား ရယူပေးခဲ့တဲ့အပြင် ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မိုဆာလာဟာ အခုဆိုရင် လီဗာပူးလ်အသင်းနဲ့ စာချုပ်တစ်နှစ်သာ ကျန်ရှိနေတော့ပြီး လာမယ့်တစ်ရာသီ အသင်းမှာ ဆက်ရှိနေမှာ ဖြစ်ပေမယ့်လည်း အသင်းနဲ့ ဆက်လက် သက်တမ်း တိုးမတိုးဆိုတာကတော့ မရေမရာ ဖြစ်နေရပါတယ်။

Could Liverpool lose Mohamed Salah to Paris Saint-Germain?

Photo Credit : The Top Flight

အသက်(၂၉)နှစ်အရွှယ်ရှိ ဆာလာဟာ ၂၀၁၇ခုနှစ်ကတည်းက ရိုးမားကနေ လီဗာပူးလ်အသင်းဆီ (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး (၅)နှစ်တာအတွင်းမှာ လီဗာပူးလ်နဲ့အတူ ချန်ပီယံလိဂ် ပရီးမီးယားလိဂ် ဥရောပစူပါဖလား ဖီဖာကလပ်ကမ္ဘာ့ဖလား အက်အေဖလား လိဂ်ဖလားတို့အားလုံးကို ပိုင်ဆိုင်နိုင်ခဲ့သလို တစ်ဦးချင်း အောင်မြင်မှုတွေကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ဒီလို အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနေသူ ဆာလာဟာ အသင်းနဲ့ ဆက်လက် လက်တွဲသွားဖို့က မရေမရာ ဖြစ်နေတဲ့အတွက် ဒီလို အခြေအနေရှိနေတဲ့ ဆာလာကိုလည်း ရီးယဲလ်မက်ဒရစ် ပီအက်စ်ဂျီ ဘာစီလိုနာတို့လို ဥရောပထိပ်တန်း ကလပ်အသင်းကြီးတွေက ခေါ်ယူသွားချင်နေပြီး ဆာလာကိုယ်တိုင်ကလည်း လီဗာပူးလ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ကိစ္စမှာ လစာပိုင်း အဆင်မပြေလို့ ဆက်လက်ညှိနှိုင်းမရခဲ့ရင် အသင်းနဲ့ လက်တွဲဖြုတ်သွားဖို့က သေချာသလောက်ကို ရှိနေပါတယ်။ ဒါပေမယ့် The Athletic ရဲ့ ဖော်ပြချက်မှာတော့ ဆာလာဟာ ပြည်ပကလပ်တွေထက် ပရီးမီးယားလိဂ် ကလပ်အသင်းတွေကိုသာ ရွေးချယ်ပြောင်းရွှေ့ချင်နေတယ်လို့ ဖော်ပြထားခဲ့လို့ ဆာလာရဲ့ အနာဂတ် အခြေအနေက ပိုပြီးတော့ကို စောင့်ကြည့်ချင်စရာ ဖြစ်လာခဲ့ရပါတယ်။