လီဗာပူးလ်အသင်းရဲ့နည်းပြဖြစ်သူဂျာဂင်ကလော့ပ်ကတော့သူတို့အသင်းရဲ့အဓိကကစားသမားတစ်ဦးဖြစ်တဲ့ဆာလက်ကိုနိုင်ငံလက်ရွေးစင်အသင်းဖြစ်တဲ့အီဂျစ်အသင်းက၂၀၂၀အိုလံပစ်ပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ဖို့ရွေးချယ်ထားမှုအပေါ်ဘာမှမဆုံးဖြတ်ရသေးဘူးလို့ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Standard.com

     ၂၀၂၀အိုလံပစ်ပြိုင်ပွဲဟာဂျပန်နိုင်ငံမှာကျင်းပမှာဖြစ်ပြီးအိုလံပစ်ပြိုင်ပွဲဝင်အီဂျစ်အသင်းဟာအသင်းရဲ့အသင်းခေါင်းဆောင်အဖြစ်ဆာလက်ကိုရွေးချယ်ဖို့စီစဉ်ထားကာအဆိုပါကိစ္စရပ်နဲ့ပတ်သတ်ပြီးမကြာသေးမီကမှထုတ်ဖော်ပြောကြားထားခဲ့ပါတယ်။

Photo Credit: Standard.com

    အကယ်၍ဆာလက်ကသာအိုလံပစ်ပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ပါကလီဗာပူးလ်အသင်းရဲ့ရာသီကြိုခြေစမ်းပွဲတွေကိုလွဲချော်မယ့်အပြင်လီဗာပူးလ်အသင်းရဲ့ရာသီအစပွဲစဉ်တချို့ကိုပါလွဲချော်ရမှာပါ။လက်ရှိမှာတော့လီဗာပူးလ်နည်းပြကလော့ပ်ကအဆိုပါကိစ္စရပ်အပေါ်သဘောမကျဖြစ်နေကာဆာလက်ကိုအီဂျစ်အသင်းထံစေလွှတ်ဖို့ကိစ္စကိုမဆုံးဖြတ်ရသေးဘူးလို့အင်တာဗျူးတစ်ခုမှာပြောဆိုသွားပါတယ်။

Photo Credit: Standard.com

     အိုလံပစ်ပြိုင်ပွဲကိုဆာလက်ဝင်ရောက်ကစားမယ့ကိစ္စအပေါ်ကလော့ပ်ကကစားသမားတစ်ယောက်ကိုကျွန်တော်ကရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်မှာဆုံးရှုံးချင်တယ်လို့ခင်ဗျားထင်လား။ကျွန်တော်တို့မှာဆုံးဖြတ်ဖို့ကိစ္စတချို့ကျန်ရှိနေပါသေးတယ်။ကျွန်တော်ကမို(ဆာလက်) ရယ်နည်းပြအဖွဲ့ဝင်တွေရယ်နဲ့စကားပြောဖို့လိုပါတယ်။ဘာတွေဖြစ်လာမလဲဆိုတာမဆုံးဖြတ်ရသေးပါဘူးလို့ပြောကြားသွားခဲ့ပါတယ်။