လီဗာပူးလ္ ကစားသမားေဟာင္း ဂ်ာဆြန္ မက္ကက္တီရာက မာေနးဟာ လီဗာပူးလ္ အသင္းမွာ အလြန္ ေပ်ာ္႐ြင္ေနၿပီး ဆာလတ္ကေတာ့ ဒီႏွစ္ မဟုတ္ရင္ ေနာက္ႏွစ္မွာ အသင္းေျပာင္းႏိုင္ေခ်ရွိတယ္လို႔ အျမင္မွ်ေဝခဲ့ပါတယ္။ လီဗာပူးလ္ ေတာင္ပံကစာသးမား မာေနးဟာ လက္ရွိရာသီမွာ ၿပိဳင္ပြဲစုံ (၂၉) ပြဲ ကစားၿပီးတဲ့ အခ်ိန္မွာ သြင္းဂိုး (၁၅) ဂိုး သြင္းယူထားၿပီး ၿပီးခဲ့တဲ့ (၂၀၁၉) ခုႏွစ္ ဘလြန္းဒီေအာ္ဆု အဆင့္သတ္မွတ္ခ်က္မွာေတာ့ အဆင့္ (၄) ေနရာကို ရရွိခဲ့တာ ျဖစ္ပါတယ္။

Photo Credit: Goal

ဆီနီေဂါ ၾကယ္ပြင့္ မာေနးဟာ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ြ႕ ေဈးကြက္မွာ ရီးရဲလ္အသင္းရဲ႕ စိတ္ဝင္စားမႈကို ခံခဲ့ရေပမဲ့လည္း လီဗာပူးလ္အသင္းမွာ ဆက္ကစားဖို႔ ေ႐ြးခ်ယ္ခဲ့ၿပီး လီဗာပူးလ္ အသင္းနဲ႔ (၂၀၂၃) ခုႏွစ္အထိ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ပါတယ္။ (၁၉၉၅) ခုႏွစ္ကေန (၁၉၉၉) ခုႏွစ္ အထိ လီဗာပူးလ္အသင္းမွာ ကစားခဲ့တဲ့ မက္ကက္တီရာက မာေနးဟာ လီဗာပူးလ္အသင္းမွာသာ ဆက္ကစားမွာ ျဖစ္ၿပီး ဆာလတ္က (၂) ႏွစ္အတြင္း အသင္းေျပာင္းႏိုင္တယ္လို႔ ေျပာခဲ့ပါတယ္။

Photo Credit: Goal

ဂ်ာဆြန္ မက္ကက္တီရာက “တကယ္လို႔ မာေနးကသာ ထြက္သြားရင္ေတာ့ လီဗာပူးလ္အသင္းရဲ႕ ပ်က္စီးျခင္း အစ ျဖစ္ႏိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ သူက လက္ရွိအခ်ိန္မွာ အေကာင္းဆုံးပုံစံကို ရရွိထားလို႔ပါ။ ကြၽန္ေတာ့္အျမင္မွာ သူက ဆာလတ္ထက္ အစားထိုးဖို႔ ပိုခက္ခဲပါတယ္။ မာေနးက လီဗာပူးလ္အသင္းမွာ အေတာ္ကို ေပ်ာ္တယ္လို႔ ထင္ပါတယ္။ ဆာလတ္ကိုေတာ့ အေျပာင္းအလဲ လုပ္ခ်င္ေနတယ္လုိ႔ ျမင္မိၿပီး ဒီႏွစ္မဟုတ္ရင္ ေနာက္ႏွစ္ အသင္းေျပာင္းႏိုင္ပါတယ္”လို႔ ေျပာပါတယ္။

{Unicode}

လီဗာပူးလ် ကစားသမားဟောင်း ဂျာဆွန် မက်ကက်တီရာက မာနေးဟာ လီဗာပူးလ် အသင်းမှာ အလွန် ပျော်ရွင်နေပြီး ဆာလတ်ကတော့ ဒီနှစ် မဟုတ်ရင် နောက်နှစ်မှာ အသင်းပြောင်းနိုင်ချေရှိတယ်လို့ အမြင်မျှဝေခဲ့ပါတယ်။ လီဗာပူးလ် တောင်ပံကစာသးမား မာနေးဟာ လက်ရှိရာသီမှာ ပြိုင်ပွဲစုံ (၂၉) ပွဲ ကစားပြီးတဲ့ အချိန်မှာ သွင်းဂိုး (၁၅) ဂိုး သွင်းယူထားပြီး ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ် ဘလွန်းဒီအော်ဆု အဆင့်သတ်မှတ်ချက်မှာတော့ အဆင့် (၄) နေရာကို ရရှိခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

ဆီနီဂေါ ကြယ်ပွင့် မာနေးဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ ရီးရဲလ်အသင်းရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပေမဲ့လည်း လီဗာပူးလ်အသင်းမှာ ဆက်ကစားဖို့ ရွေးချယ်ခဲ့ပြီး လီဗာပူးလ် အသင်းနဲ့ (၂၀၂၃) ခုနှစ်အထိ စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ (၁၉၉၅) ခုနှစ်ကနေ (၁၉၉၉) ခုနှစ် အထိ လီဗာပူးလ်အသင်းမှာ ကစားခဲ့တဲ့ မက်ကက်တီရာက မာနေးဟာ လီဗာပူးလ်အသင်းမှာသာ ဆက်ကစားမှာ ဖြစ်ပြီး ဆာလတ်က (၂) နှစ်အတွင်း အသင်းပြောင်းနိုင်တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

ဂျာဆွန် မက်ကက်တီရာက “တကယ်လို့ မာနေးကသာ ထွက်သွားရင်တော့ လီဗာပူးလ်အသင်းရဲ့ ပျက်စီးခြင်း အစ ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူက လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံကို ရရှိထားလို့ပါ။ ကျွန်တော့်အမြင်မှာ သူက ဆာလတ်ထက် အစားထိုးဖို့ ပိုခက်ခဲပါတယ်။ မာနေးက လီဗာပူးလ်အသင်းမှာ အတော်ကို ပျော်တယ်လို့ ထင်ပါတယ်။ ဆာလတ်ကိုတော့ အပြောင်းအလဲ လုပ်ချင်နေတယ်လို့ မြင်မိပြီး ဒီနှစ်မဟုတ်ရင် နောက်နှစ် အသင်းပြောင်းနိုင်ပါတယ်”လို့ ပြောပါတယ်။