လီဗာပူးလ္ တိုက္စစ္မႉး ဆာလတ္ကေတာ့ တနဂၤေႏြ႕ည (၁၁း၀၀) အခ်ိန္၊ မန္ယူအသင္းနဲ႔ ကစား ရမယ့္ ပြဲစဥ္ မတိုင္ခင္ အရင္က ပြဲစဥ္မွာ မန္ယူအသင္းက လီဗာပူးလ္အသင္းဆီကေန (၁) မွတ္ ရယူႏိုင္ခဲ့တာက သူ မပါလို႔ပါလို႔ ေျပာခဲ့ပါတယ္။ နည္းျပ ကေလာ့ပ္ရဲ႕ လီဗာပူးလ္အသင္းကေတာ့ လက္ရွိရာသီမွာ ပရီးမီးယားလိဂ္ ပြဲစဥ္ (၂၁) ပြဲ ကစားၿပီးတဲ့ေနာက္ (၁) ပြဲမွ မရႈံးေသးေပမဲ့လည္း မန္ယူအသင္းကို သေရက်ၿပီး ရမွတ္ (၃) မွတ္ျပည့္ မယူႏိုင္ဘဲ (၁) မွတ္စီ ခြဲေဝသြားခဲ့ၾကပါတယ္။

Photo Credit: DailyMail

မန္ယူအသင္းဟာ လီဗာပူးလ္အသင္းနဲ႔ သေရက်ခဲ့တာေၾကာင့္ လက္ရွိရာသီ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲမွာ လီဗာပူးလ္အသင္းဆီကေန ရမွတ္ ရယူႏိုင္တဲ့ တစ္သင္းတည္းေသာ အသင္း ျဖစ္ၿပီး တနဂၤေႏြညမွာ ရမွတ္ ျပန္ယူႏိုင္မလား ေစာင့္ၾကည့္ရဦးမွာပါပဲ။ ဆာလတ္ဟာ မန္ယူအသင္းနဲ႔ သေရက်ခဲ့တဲ့ ပြဲစဥ္ကို ေျခခ်င္းဝတ္ ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့ၿပီး မန္ယူအသင္းက လီဗာပူးလ္အသင္းဆီကေန ရမွတ္ရယူႏိုင္ခဲ့တာက သူ ဒဏ္ရာရေနခဲ့တာေၾကာင့္ပါလို႔ ေနာက္ေျပာင္ခဲ့ပါတယ္။

Photo Credit: DailyMail

ဆာလတ္ဟာ လက္ရွိရာသီ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲမွာ မန္ယူအသင္းကပဲ လီဗာပူးလ္ အသင္းဆီကေန ရမွတ္ ရယူႏိုင္ခဲ့တယ္ေနာ္လုိ႔ အေမးခံလုိက္ရတဲ့ အခ်ိန္မွာ သူက “အမွန္ပါပဲ။ ဘာလို႔လဲဆိုရင္ ကြၽန္ေတာ္ ဒဏ္ရာရေနခဲ့လို႔ပါ။ အဲလုိ မဟုတ္ပါဘူး။ သူတို႔က ကြၽန္ေတာ္တို႔နဲ႔ ကစားသြားခဲ့တဲ့ ပြဲစဥ္မွာ ေကာင္းစြာ ကစားခဲ့လို႔ပါ။ ကြၽန္ေတာ္တို႔အသင္းမွာ အႏိုင္ရဖို႔ အခြင့္ေရး ရွိခဲ့ေပမဲ့လည္း ကံမေကာင္းခဲ့ပါဘူး။ အခုက လာမယ့္ပြဲကို အာ႐ုံစိုက္ၿပီး အႏိုင္ရဖို႔ပါပဲ“လို႔ ေျပာသြားခဲ့ပါတယ္။

{Unicode}

လီဗာပူးလ် တိုက်စစ်မှူး ဆာလတ်ကတော့ တနင်္ဂနွေ့ည (၁၁း၀၀) အချိန်၊ မန်ယူအသင်းနဲ့ ကစား ရမယ့် ပွဲစဉ် မတိုင်ခင် အရင်က ပွဲစဉ်မှာ မန်ယူအသင်းက လီဗာပူးလ်အသင်းဆီကနေ (၁) မှတ် ရယူနိုင်ခဲ့တာက သူ မပါလို့ပါလို့ ပြောခဲ့ပါတယ်။ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းကတော့ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၁) ပွဲ ကစားပြီးတဲ့နောက် (၁) ပွဲမှ မရှုံးသေးပေမဲ့လည်း မန်ယူအသင်းကို သရေကျပြီး ရမှတ် (၃) မှတ်ပြည့် မယူနိုင်ဘဲ (၁) မှတ်စီ ခွဲဝေသွားခဲ့ကြပါတယ်။

Photo Credit: DailyMail

မန်ယူအသင်းဟာ လီဗာပူးလ်အသင်းနဲ့ သရေကျခဲ့တာကြောင့် လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ လီဗာပူးလ်အသင်းဆီကနေ ရမှတ် ရယူနိုင်တဲ့ တစ်သင်းတည်းသော အသင်း ဖြစ်ပြီး တနင်္ဂနွေညမှာ ရမှတ် ပြန်ယူနိုင်မလား စောင့်ကြည့်ရဦးမှာပါပဲ။ ဆာလတ်ဟာ မန်ယူအသင်းနဲ့ သရေကျခဲ့တဲ့ ပွဲစဉ်ကို ခြေချင်းဝတ် ဒဏ်ရာကြောင့် လွဲချော်ခဲ့ပြီး မန်ယူအသင်းက လီဗာပူးလ်အသင်းဆီကနေ ရမှတ်ရယူနိုင်ခဲ့တာက သူ ဒဏ်ရာရနေခဲ့တာကြောင့်ပါလို့ နောက်ပြောင်ခဲ့ပါတယ်။

Photo Credit: DailyMail

ဆာလတ်ဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ မန်ယူအသင်းကပဲ လီဗာပူးလ် အသင်းဆီကနေ ရမှတ် ရယူနိုင်ခဲ့တယ်နော်လို့ အမေးခံလိုက်ရတဲ့ အချိန်မှာ သူက “အမှန်ပါပဲ။ ဘာလို့လဲဆိုရင် ကျွန်တော် ဒဏ်ရာရနေခဲ့လို့ပါ။ အဲလို မဟုတ်ပါဘူး။ သူတို့က ကျွန်တော်တို့နဲ့ ကစားသွားခဲ့တဲ့ ပွဲစဉ်မှာ ကောင်းစွာ ကစားခဲ့လို့ပါ။ ကျွန်တော်တို့အသင်းမှာ အနိုင်ရဖို့ အခွင့်ရေး ရှိခဲ့ပေမဲ့လည်း ကံမကောင်းခဲ့ပါဘူး။ အခုက လာမယ့်ပွဲကို အာရုံစိုက်ပြီး အနိုင်ရဖို့ပါပဲ“လို့ ပြောသွားခဲ့ပါတယ်။