လီဗာပူးလ်အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဂျော်ဒန်ဟန်ဒါဆန်က သူရဲ့အသင်းဖော် တိုက်စစ်ကစားသမား မိုဟာမက်ဆာလာက လက်ရှိဘောလုံးရာသီမှာ အသင်းအတွက် အရမ်းကို ခြေစွမ်းပြနိုင်လျက်ရှိပြီး သူရဲ့လက်ရှိခြေစွမ်းတွေက အသင်းကို စတင်ရောက်လာတဲ့ ပွဲဦးထွက်နှစ်က ခြေစွမ်းတွေထက်ကို ပိုမိုသာလွန်လျက်ရှိနေပြီး အသင်းအတွက် သူရဲ့သွင်းဂိုးမှတ်တမ်းစံချိန်တွေကလည်း ကွန်ပျူတာဂိမ်းထဲကအတိုင်းလိုပဲလို့ ချီးကျူးပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၈)နှစ်အရွှယ်ရှိ အီဂျစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဆာလာဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး(၆)ဂိုးအထိ သွင်းယူလို့ထားပြီး လက်ရှိမှာ အသင်းရဲ့ဂိုးသွင်းအများဆုံး ကစားသမားတစ်ယောက် ဖြစ်နေသလို အဲဗာတန်အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရတဲ့ မာဆေးဆိုက်ဒါဘီပွဲအတွင်းမှာလည်း သူရဲ့လီဗာပူးလ်ကစားသမားဘဝ ရာပြည့်သွင်းဂိုးကို ရယူသွားနိုင်ခဲ့ပါတယ်။ ဆာလာနဲ့ပတ်သက်ပြီး အသင်းခေါင်းဆောင်ဟန်ဒါဆန်က “မိုဆာလာရဲ့စံချိန်မှတ်တမ်းတွေက ပါးစပ်အဟောင်းသား ဖြစ်လောက်စရာပါ”

Photo Credit t: GiveMeSport

“အသင်းအတွက် ပွဲပေါင်း(၁၅၉)ပွဲအထိ ပါဝင်ကစားခဲ့အပြီးမှာ သွင်းဂိုးတစ်ရာ ရရှိခဲ့တာဆိုတော့ ကွန်ပျူတာဂိမ်းတွေထဲကအတိုင်းလိုပါပဲ။ ကျွန်တော်သိရသလောက်ဆိုရင် မိုဆာလာက လီဗာပူးလ်အသင်းရဲ့သမိုင်းကြောင်းတလျှောက် သွင်းဂိုးတစ်ရာပြည့်တဲ့ ကစားသမားတွေထဲမှာ တတိယမြောက် အမြန်ဆုံးကစားသမားပါ။ သူရဲ့အထက်မှာတော့ ရော်ဂျာဟန့်နဲ့ ဂျက်ပါကင်ဆန်ဆိုတဲ့ ကစားသမားကြီးတွေပဲ ရှိခဲ့တာပါ။ ဒီကစားသမားတွေ ရယူနိုင်ခဲ့တဲ့ စံချိန်မှတ်တမ်းတွေဆိုတာကလည်း နှစ်ပေါင်းအတော်ကြာခဲ့ပါပြီ။ အခု သူက ဒီကစားသမားတွေနဲ့ကို အတူတကွ မှတ်တမ်းတင်ခံလိုက်ရပါပြီ။ ဒါကို ကျွန်တော်မအံ့သြမိပါဘူး။ ဒါပေမယ့် သူရဲ့ကြိုးစားအားထုတ်မှုအပေါ်မှာ အသိအမှတ်ပြုမှုတွေကတော့ ဒီထက်မက ပိုရသင့်တယ်လို့ ကျွန်တော်ထင်မိတယ်။ သူနဲ့အတူ တွဲဖက်ကစားနေရသူတစ်ယောက်အဖြစ်နဲ့ သူ့အပေါ် ထင်မြင်မိရသလောက် ပြောရမယ်ဆိုရင်တော့ လက်ရှိမှာ သူက ပွဲဦးထွက်ရာသီထက်တောင် ပိုကောင်းမွန်လို့နေပါတယ်။ နောက်ပြီး အသင်းရဲ့တိုက်စစ်မှာ သူရဲ့ပါဝင်ပတ်သက်မှုကလည်း ပွဲဦးထွက်ရာသီကပင် ပိုပြီးအရေးပါနေတယ်လို့ ဆိုရမှာပါ။ သူက အံ့သြစရာကောင်းလောက်အောင် ပိုပြီးကောင်းသထက်ကောင်းလာတယ်” လို့ မစ်ဂျေးလန်းအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။