လီဗာပူးလ်အသင်းရဲ့ ဂန္တဝင်ကစားသမားကြီးတစ်ယောက်ဖြစ်ပြီး လက်ရှိအချိန်မှာ စကော့တလန်ထိပ်သီးကလပ် ရိန်းဂျားစ်အသင်းရဲ့နည်းပြအဖြစ် ဆောင်ရွှက်နေတဲ့ စတီဖင်ဂျရတ်ရဲ့ ကစားသမားဘဝအတွင်း ရယူနိုင်ခဲ့တဲ့ စံချိန်မှတ်တမ်းကောင်းတစ်ခုဖြစ်တဲ့ လီဗာပူးလ်အသင်းရဲ့ သမိုင်းကြောင်းတလျှောက် ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း သွင်းဂိုးအများဆုံးရယူနိုင်ခဲ့တဲ့ စံချိန်ကောင်းတစ်ခုကို အခုအခါမှာတေ့ာ တိုက်စစ်ကစားသမား မိုဟာမက်ဆာလာက ဒီစံချိန်နဲ့ တူညီသွားခဲ့ပြီလို့ သိရှိရပါတယ်။

Photo Credit : Football 365

အသက်(၂၈)နှစ်အရွှယ်ရှိ အီဂျစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဆာလာဟာ ၂၀၁ရခုနှစ်ကမှ ရိုးမားအသင်းကနေ လီဗာပူးလ်အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် (၃)နှစ်တာ ပါဝင်ကစားပြီးတဲ့နောက် သွင်းဂိုးတစ်ရာပြည့်အောင် သွင်းယူနိုင်ခဲ့သလို မနေ့ညက အတ္တလန်တာအသင်းနဲ့ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း သွင်းဂိုးတစ်ဂိုး ရယူနိုင်ခဲ့တဲ့အတွက် ဆာလာရဲ့ လီဗာပူးလ်အသင်းအတွက် ချန်ပီယံလိဂ်သွင်းဂိုးက (၂၁)ဂိုးအထိကို ရှိလာခဲ့ပါတယ်။ ဒီသွင်းဂိုးပမာဏာဟာ ဂျရတ်တင်ရှိထားခဲ့တဲ့ အသင်းရဲ့ဥရောပပြိုင်ပွဲအတွင်း အမြင့်မားဆုံးသွင်းဂိုးဖြစ်ကာ ဒီလိုစံချိန်မှတ်တမ်းကောင်းတစ်ခုကို (၃)ရာသီအတွင်းမှာပဲ တူညီအောင် အမီလိုက်နိုင်ခဲ့တဲ့ ဆာလာရဲ့စွမ်းဆောင်ရည်ကတော့ တကယ့်ကို အံ့မခန်းပဲဖြစ်ပါတယ်။

Photo Credit : Twitter

ဆာလာဟာ လက်ရှိဘောလုံးရာသီမှာ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ(၁၂)ပွဲ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၉)ဂိုးအထိကို သွင်းယူထားနိုင်ခဲ့ကာ ဂိုးဖန်တီးမှု(၁)ကြိမ် ပြုလုပ်ထားခဲ့သလို ပရီးမီးယားလိဂ်မှာလည်း (၇)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ မနေ့ညက ပွဲအတွင်းမှာ ဆာလာလိုပဲ လီဗာပူးလ်အသင်းအတွက် စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့သူကတော့ ကစားသမားသစ်ဖြစ်တဲ့ ဒီယေဂိုဂျိုတာပဲဖြစ်ပါတယ်။ နွေစျေးကွက်ကမှ ဝုလ်ဗ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်ကစားသမားဂျိုတာဟာ မနေ့ညက ပွဲစဉ်အတွင်းမှာ ဟက်ထရစ်သွင်းဂိုး ရယူထားနိုင်ခဲ့ကာ အခုဆိုရင် ဒီကစားသမားရဲ့ လီဗာပူးလ်အသင်းအတွက် သွင်းယူနိုင်ခဲ့တဲ့ ဂိုးအရေအတွက်က ပြိုင်ပွဲစုံ(၁၀)ပွဲအတွင်းမှာပဲ (၇)ဂိုးအထိ ရှိလာခဲ့ရပါတယ်။ နောက်ဆိုရင်တော့ ဂျိုတာအနေနဲ့ လတ်တလောဂိုးသွင်းခြေမမှန်ဖြစ်နေတဲ့ ဖာမီနိုရဲ့နေရာကို ဝင်ရောက်နိုင်ဖို့ အခြေအနေကောင်းနေပြီး ဆာလာ မာနေး ဂျိုတာတို့(၃)ယောက်တို့ရဲ့ တိုက်စစ်အစုအဖွဲ့ကို ပုံမှန်မြင်တွေ့လာရနိုင်ပါတယ်။