အီဂျစ်ဘောလုံး အဖွဲ့ချုပ် က မိုဟာမက် ဆာလက် အနေနဲ့ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရာမှာ ပိုးထပ်မံတွေ့ ရှိခဲ့ပေမယ့် သောကြာနေ့မှာ အင်္ဂလန်ကို သီးသန့်လေယာဉ်နဲ့ ပြန်လည် ထွက်ခွာသွားမှာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ လီဗာပူး အသင်းရဲ့ အဓိက တိုက်စစ် ကစားသမား တစ်ဦး ဖြစ်တဲ့ ဆာလက် ဟာ ပြီးခဲ့တဲ့ အပတ်က နိုင်ငံတကာပွဲစဉ်တွေ ကန်ဖို့ အတွက် မိခင် အီဂျစ်နိုင်ငံကို ပြန်ရောက်ရှိနေချိန်မှာ ကိုဗစ်ပိုးစစ်ဆေး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဆာလက် ဟာ ပြီးခဲ့တဲ့ အပတ် သောကြာနေ့ကတည်းက သီးသန့် ခွဲနေခဲ့ပြီးတော့ အီဂျစ်နိုင်ငံအသင်း ဆရာဝန် ကလည်း ဆာလက်ရဲ့ ရောဂါလက္ခဏာ ပြသမှုက မပြင်းထန်ဘူးလို့ အတည်ပြု ‌ပြောဆိုထားပါတယ်။

Photo Credit: Metro

ယခု တစ်ပတ် ဗုဒ္ဓဟူးနေ့ကလည်း ဆာလက် ကို ကိုဗစ်ပိုးရှိမရှိ ထပ်မံ စစ်ဆေးခဲ့ကာ ရလဒ်ကတော့ အခုချိန်ထိ ပို့စတစ် ဖြစ်နေသေးတယ်လို့ အီဂျစ် ဘောလုံးအဖွဲ့ချုပ်က ကြေညာလိုက်ပါတယ်။ ယနေ့ညမှာလည်း ထပ်မံ စစ်ဆေးခဲ့ပေမယ့် ဆာလက် အနေနဲ့ ပိုးထပ်မံတွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း ဆာလက်ဟာ သောကြာနေ့မှာ ဆေးဘက်ဆိုင်ရာပစ္စည်းအစုံ တပ်ဆင်ထားတဲ့ သီးသန့် လေယာဉ် နဲ့ အင်္ဂလန်မြေနဲ့ ပြန်လည်ရောက်ရှိလာမှာ ဖြစ်ပါတယ်။ အာဆင်နယ် ကစားသမား မိုဟာမက် အယ်လ်နီနေး က လည်း ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ဆာလက် နဲ့ အတူ သီးသန့်လေယာဉ် နဲ့ ပြန်လာမာ ဖြစ်ပါတယ်။ အီဂျစ် ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားတဲ့ စာမှာတော့ “ အီဂျစ်ဘောလုံးအဖွဲ့ချုပ်နဲ့ အင်္ဂလိပ်ဘောလုံး ကလပ်တွေကြား သဘောတူညီမှု အရ မိုဟာမက် ဆာလတ် နဲ့ အယ်လ်နီနေး တို့ နှစ်ဦးကို ဆေးဘက်ဆိုင်ရာပစ္စည်းအစုံတပ်ဆင်ထားတဲ့ သီးသန့်လေယာဉ် နဲ့ အတူ ဟာဂါဒါ လေဆိပ်ကနေ ပြန်လည် ထွက်ခွာဖို့ သဘောတူညီခဲ့ပါတယ် ”

Photo Credit: Metro

“ သူတို့ နှစ်ဦစလုံး မကြာခင်မှာ နက်ဂတစ် ပြန်ဖြစ်ကာ သူတို့ရဲ့ သက်ဆိုင် အသင်း အသီးသီးမှာ ပြန်လည်ကစားနိုင်စေဖို့ မျှော်လင့်ပါတယ်။ ကစားသမား နှစ်ဦးစလုံး ကိုဗစ် ကူးစက်ခံရတဲ့ အချိန်ကတည်းက အီဂျစ်ဘောလုံး အဖွဲ့ချုပ်အနေနဲ့ သူတို့ ရဲ့ သက်ဆိုင်ရာ နှစ်သင်းစလုံး နဲ့ အဆက်အသွယ် မပြတ်တောက်ပဲ အမြဲ ရှိနေခဲ့ပါတယ်။ ကစသမား နှစ်ဦး စလုံးကို ဒီကနေ့ စစ်ဆေးခဲ့ရာမှာ သူတို့ရဲ့ ရလဒ်က ပို့စတစ် ဖြစ်နေပါတယ် ” ဆိုပြီး ထုတ်ပြန်ကြေညာထားပါတယ်။ အဆိုပါ သီးသန့် လေယာဉ်ရဲ့ ကုန်ကျ စရိတ် အတွက်တော့ လီဗာပူး နဲ့ အာဆင်နယ် အသင်းတို့က တစ်ဝက်ဆီ ပေးချေရမှာ ဖြစ်ပါတယ်။ ဆာလက် အနေနဲ့ကတော့ နောက်တစ်ကြိမ် ‌စစ်ဆေးတဲ့ အခါမှာ ပို့စတစ်သာ ထပ်ဖြစ်ခဲ့ရင် လက်စတာ နဲ့ ပွဲစဉ်ကို လွဲချော်ရဖွယ် ရှိနေပါတယ်။ ဂရီးမီးယားလိဂ် ရဲ့ ကျန်းမာရေးစည်းမျဉ်းတွေ အရ သူတို့ နှစ်ဦးစလုံးဟာ ကွာရမ်တင်း ၁၀ ရက်တိတိ ဝင်ရအုန်းမှာပါ။ ၁၀ ရက်မြောက်တဲ့ နေ့မှာ ပိုးရှိမရှိ ထပ်မံ စစ်ဆေးသွားမှာ ဖြစ်ပြီး နက်ဂတစ် ထွက်ပါက အသင်းနဲ့ အတူ လေ့ကျင်းရေး ပြန်ဆင်းနိုင်မှာ ဖြစ်ပါတယ်။