လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူး ဆာလတ်ကတော့ လီဗာပူးလ်အသင်းနဲ့ အတူ ချန်ပီယံလိဂ် နဲ့ ပရီးမီးယားလိဂ် ဖလား ရရှိချင်နေခဲ့တာ ဖြစ်ပြီး (၂) ခုစလုံးကို ရရှိခဲ့တဲ့ အတွက်ကြောင့် တကယ် ကောင်းပါတယ်၊ မယုံနိုင်ရာ ဖြစ်ပါတယ်လို့လည်း ပြောကြားသွားလိုက်တာပဲ ဖြစ်ပါတယ်။ လီဗာပူးလ် တိုက်စစ်မှူး ဆာလတ်ဟာ လွန်ခဲ့တဲ့ (၂၀၁၇) ခုနှစ် အပြောင်းအရွှေ့မှာ အင်္ဂလန်ပရီးမီးယားလိဂ် ပြိုင်ပွဲက လီဗာပူးလ်အသင်းကို ရောက်ရှိလာခဲ့ပြီး (၂၀၁၉) ခုနှစ်မှာ ချန်ပီယံလိဂ် ဆုဖလား ရရှိခဲ့သလို (၂၀၂၀) ခုနှစ်မှာလည်း ပရီးမီးယားလိဂ် ဆုဖလားကိုပါ ရရှိသွားခဲ့ပါတယ်။

 

Photo Credit: Goal

 

လီဗာပူးလ်အသင်းဟာ နည်းပြ ကလော့ပ်ကို ခန့်အပ်ပြီးနောက် အသင်းရဲ့ ရလဒ်က သိသာစွာ တိုးတတ်လာခဲ့ပြီး လက်ရှိရာသီမှာတော့ အသင်းရဲ့ သမိုင်းမှာ တစ်ကြိမ်မှ မရခဲ့ဖူးတဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ဆုဖလားကို နှစ်ပေါင်း (၃၀) အတွင်း ပထမဆုံး အကြိမ် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဆာလတ်ဟာ လီဗာပူးလ်အသင်းမှာ (၃) နှစ်သာ ကစားသေးတာ ဖြစ်ပေမယ့်လည်း ဥရောပ အမြင့်မားဆုံး ချန်ပီယံလိဂ် ဖလား နဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ပရီးမီးယားလိဂ် ဆုဖလားကို ရရှိခဲ့ပြီး သူက ချန်ပီယံလိဂ် နဲ့ ပရီးမီးယားလိဂ် ဖလားကို ရရှိချင်ခဲ့တယ်လို့ ပြောသွားပါတယ်။

Photo Credit: Goal

 

ဆာလတ်က “လူတွေက ကျွန်တော့်ကို ချန်ပီယံလိဂ် နဲ့ ပရီးမီးယားလိဂ်ထဲမှာ ဘယ်ဆုဖလားကို ပိုကြိုက်သလဲလို့ အမြဲတမ်း မေးကြတဲ့ အချိန်မှာ ကျွန်တော်က နှစ်ခုစလုံးပါလို့ ဖြေနေခဲ့ပါတယ်။ ကျွန်တော် နှစ်ခုစလုံး ရယူနိုင်ခဲ့ပါတယ်။ ဒါဟာ သိပ် ကောင်းပါတယ်။ ဒီရာသီမှာ လိဂ်ဖလားကို ရရှိတာဟာ ခံစားချက် သိပ်ကောင်းပါတယ်။ ဒါက သိပ် ကောင်းပါတယ်။ ဒါက မယုံနိုင်စရာ ဖြစ်ပါတယ်။ ကျွန်တော် ဒီအသင်းကို ရောက်လာကတည်းက ဒီအသင်းနဲ့ အတူ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိချင်တယ်လို့ ပြောခဲ့ပါတယ်။ အသင်းရဲ့ ပရိသတ်တွေဆီကနေ ကျွန်တေ်ာ မြင်တွေ့ရတာက ဒီအသင်းက မယုံနိုင်စရာ ဖြစ်တယ် ဆိုတာပါပဲ။ ကျွန်တော် တကယ်ကို ပျော်ရွှင်ပြီး တကယ်ကို ကျေနပ်ပါတယ်”လို့ ချန်ပီယံအသင်း ဖြစ်လာပုံကို ရိုက်ကူးစဉ် ပြောခဲ့ပါတယ်။