အာဆင်နယ်မှာ တောင်ပံနေရာ နဲ့ ဘယ်နောက်ခံနေရာ၊ (၂) နေရာ ကစားနိုင်တဲ့ ဆာကာဟာ အာဆင်နယ်အသင်းနဲ့ (၄) နှစ်ကြာ ကာလရှည် စာချုပ်ကို ချုပ်ဆိုသွားခဲ့ပြီးနောက် အာဆင်နယ်အသင်းက ထွက်သွားနိုင်ချေ ရှိတယ် ဆိုတဲ့ မှန်းဆချက်တွေကို ငြိမ်သက်စေခဲ့ပြီပဲ ဖြစ်ပါတယ်။ အသက် (၁၈) နှစ်အရွယ် ဆယ်ကျော်သက် ကစားသမား ဆာကာဟာ အာဆင်နယ်အသင်းမှာ အသက် (၇) နှစ်အရွယ်ကတည်းက စတင်ကစားခဲ့ပြီး လွန်ခဲ့တဲ့ (၂၀၁၈) ခုနှစ်က အာဆင်နယ် ပထမအသင်းအတွက် ပွဲဦးထွက် ပွဲစဉ်ကို ပထမဆုံး အကြိမ် စတင် ကစားခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit: Goal

တောင်ပံ ကစားသမား ဆာကာဟာ အာဆင်နယ် ယူ (၂၃) အသင်းကနေ အာဆင်နယ် ပထမအသင်းကို တက်လှမ်းလာနိုင်ခဲ့ပြီး လက်ရှိရာသီက အာဆင်နယ် ပထမအသင်းအတွက် ဒုတိယရာသီမြောက် ဖြစ်တာကြောင့် ပွဲဦးထွက် ပထမရာသီကထက် ပွဲစဉ်တွေ ပိုပြီး ကစားလာရပါတယ်။ ဆာကာဟာ အာဆင်နယ်အသင်းရဲ့ အိမ်မွေးခြံပေါက် အကယ်ဒမီ ကစားသမားကောင်း ဖြစ်ပြီး လက်ရှိရာသီမှာ နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၃၃) ပွဲအထိ ကစားထားရာမှာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး (၃) ဂိုး သင်းယူထားခဲ့ပါတယ်။

Photo Credit: Goal

ဆာကာဟာ အာဆင်နယ်အသင်းနဲ့ (၅) နှစ်ကြာ စာချုပ်သစ် ထပ်တိုးပြီးနောက် လူမှုကွန်ရက်စ် တွစ်တာမှာ အာဆင်နယ်အသင်းနဲ့ စာချုပ်သစ် ထပ်တိုးနိုင်တာကြောင့် အလွန် ပျော်ရွင်ကြောင်း နဲ့ အာဆင်နယ်အသင်းအတွက် ကစားရတာကို သဘောကျကြောင်း ရေးသားခဲ့တာ ဖြစ်ပါတယ်။ တွစ်တာမှာ ဆာကာက “လန်ဒန်က ကျွန်တော့်ရဲ့ အိမ်ပါ။ အာဆင်နယ်က ကျွန်တော့်အသင်းပါ။ နောက်ဆုံးတော့ စာချုပ်သစ် ထပ်တိုးတာကို ကြေငြာလိုက်လို့ ကျွန်တော် အလွန် ပျော်ပါတယ်။ ဒီအသင်းအတွက်ကစားရတာကို ကျွန်တော် သဘောကျပါတယ်။ အနာဂတ်မှာ ဘာတွေ ရင်ဆိုင်ရမလဲ ဆိုတာ မျှော်လင့်မိတယ်။ ဆက်ကြိုးစားပြီး အိပ်မက်တွေကို ဆက်မက်ပါမယ်”လို့ ရေးခဲ့ပါတယ်။