MySport Myanmar

CR7 က သူ့အပေါ်မှာ လွှမ်းမိုးမှု ရှိခဲ့သော ကစားသမားကြီးလို့ ဆာကာ ဖွင့်ဟ

အာဆင်နယ်အသင်းရဲ့ ကြယ်ပွင့် ကစားသမားလေး ဘာကာယိုဆာကာက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ legend player ကြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုဟာ သူရဲ့ ကစားသမားဘဝကို လွှမ်းမိုးနိုင်ခဲ့သူဖြစ်ပြီး သူက ရော်နယ်လ်ဒိုရဲ့ ကစားဟန်တွေကို ကြည့့်ရှုရင်း ကြီးပြင်းလာခဲ့တာလို့ပါ ဝန်ခံ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Evening Stanadrd

ဝက်ဖို့ဒ် လူငယ် အကယ်ဒမီကနေ အာဆင်နယ်ရဲ့ Hale End အကယ်ဒမီဆီ ပြောင်းရွှေ့လာခဲ့ရင်း အခုဆိုရင် အာဆင်နယ်အသင်းရဲ့ အရေးအကြီးဆုံး ကစားသမားတစ်ဦးပါ ဖြစ်လာခဲ့ရသူ ဆာကာဟာ အာဆင်နယ်ရဲ့ ဂန္တဝင် ကစားသမားကြီး သီယာရီအွန်နရီက သူရဲ့ အနှစ်သက်ဆုံး ကစားသမား ဖြစ်ခဲ့သလို ဘောလုံးလောကရဲ့ GOAT ကြီး တစ်ဦးဖြစ်သူ ရော်နယ်လ်ဒိုဟာလည်း သူရဲ့ ဘောလုံးသမားဘဝအတွက် လွှမ်းမိုးနိုင်ခဲ့သူ ဖြစ်တယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

Photo Credit : Football London

“ကျွန်တော်က အသက်အရွယ် တစ်ခု ရောက်လာလေလေ ဘောလုံး အားကစားအပေါ်မှာ ပိုချစ်မြတ်နိုးလာလေလေပဲ။ ဘောလုံးကို အကြိမ်ပေါင်း အများကြီး ကစားခဲ့ပေမယ့် ဘောလုံးပွဲတွေကိုလည်း များစွာ ကြည့်ရှုခဲ့ပါသေးတယ်။ ကျွန်တော် ခရစ္စတီယာနိုရော်နယ်လ်ဒိုကို အလွန် နှစ်သက်ခဲ့ဖူးတယ်။ ကျွန်တော်နဲ့ သက်တူရွယ်တူ တခြား ကလေးတွေ တော်တော်များများကလည်း သူ ကစားတာကို ကြည့်ရတာ ကြိုက်ကြတယ်လေ။ ကွင်းထဲမှာ သူလုပ်ပြနိုင်တဲ့ မတူညီတဲ့ အရာတွေ ၊ သူရဲ့ အရည်အချင်းတွေကို နှစ်သက်မိတယ်။ သူရဲ့ ဖရီးကစ် ကန်သွင်းတဲ့ ပုံစံကိုရောပဲ။ ဒီလို ပုံစံမျိုးအတိုင်းကို တော်တော်များများက အတုယူဖို့ ကြိုးစားဖူးလိမ့်မယ်လို့လည်း ကျွန်တော် ထင်ပါတယ်” လို့ ဆာကာက ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : FirstSportz

ဆာကာ နဲ့ ရော်နယ်လ်ဒိုတို့ဟာ အာဆင်နယ်အသင်းမှာ တွဲဖက် ကစားရဖို့ပါ အကြောင်းဖန်ခဲ့သေးတယ်လို့ အာဆင်နယ်ကို အားပေးတဲ့ နာမည်ကြီး ရုပ်သံတင်ဆက်သူ ပီယာ့စ်မော်ဂန်က ပြောဆိုထားခဲ့ပါသေးတယ်။ ရော်နယ်လ်ဒိုက မန်ယူနိုက်တက်နဲ့ လက်တွဲဖြုတ်ပြီးလို့ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဆီ မပြောင်းရွှေ့ခင် အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခင်ခဲ့တာလို့ မော်ဂန်က ပြောဆိုထားခဲ့ပြီး အာဆင်နယ်အနေနဲ့လည်း ရော်နယ်လ်ဒိုကို ခေါ်ယူလိုက်သင့်တယ်လို့ ပြောကြားခဲ့ပါသေးတယ်။

Exit mobile version