MySport Myanmar

သူ့အတွက် အကောင်းဆုံး finisher ကို ရွေးချယ်ရာမှာ ဆာလာအား ချန်လှပ်ခဲ့တဲ့ မာနေး

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဆီနီဂေါ တိုက်စစ်ကစားသမား ဆာဒီယိုမာနေးက သူနဲ့ တွဲကစားဖူးသမျှ ကစားသမားတွေထဲမှာမှ အဆုံးသတ် အကောင်းဆုံး ကစားသမားကို ရွေးချယ်လာခဲ့ရာ သူ့အသင်းဖော်ဟောင်း မိုဟာမက်ဆာလာကို ချန်လှပ်ခဲ့ပြီး ဒီဗေါ့အော်ရီဂီကို အံ့အားသင့်စဖွယ် ရွေးချယ်သွားခဲ့ပါတယ်။

Photo Credit : Daily Mail

ဆာနေးဟာ သူရဲ့ကစားသမားဘဝအတွင်း ဆောက်သမ်တန်အသင်းမှာ ရှိန်းလောင်း ပယ်လီတို့နဲ့ တွဲဖက် ကစားခဲ့ရသလို လီဗာပူးလ်မှာဆိုရင်လည်း ဆာလာ ဖာမီနိုတို့နဲ့အတူ အကောင်းဆုံး တွဲဖက်နိုင်ခဲ့ပါတယ်။ အခုတော့ ဘိုင်ယန်မှာ မူလာ ဆာနေး ဂါဘရီတို့နဲ့ တွဲဖက်ကစားနေရပြီး သူနဲ့ အခုလို တွဲဖက် ကစားခဲ့ဖူးသမျှ တိုက်စစ်ကစားသမားတွေ အားလုံးထဲကမှ အဆုံးသတ်ပိုင်း အကောင်းဆုံးသော ကစားသမားအဖြစ် လက်ရှိ အေစီမီလန်မှာ ပါဝင်နေတဲ့ အော်ရီဂီကိုသာ ရွေးချယ်သွားခဲ့ပါတယ်။

Photo Credit : Daily Mail

မာနေးဟာ လီဗာပူးလ်အသင်းမှာ ဆာလာ ဖာမီနိုတို့နဲ့သာ အကြိမ်ပေါင်းများစွာ တွဲဖက် ကစားခဲ့ရပေမဲ့ တစ်ခါတစ်လေမှာလည်း အော်ရီဂီနဲ့ တွဲကစားခဲ့ရပါတယ်။ ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမား အော်ရီဂီက လီဗာပူးလ်မှာ ပုံမှန်ကစားခွင့်ရသူ မဟုတ်ပေမဲ့လည်း ပါဝင်ကစားခွင့် ရရှိတိုင်းမှာ အသင်းအတွက် အသုံးတည့်နိုင်အောင် ကစားပေးနိုင်ခဲ့ပါတယ်။ ဘာစီလိုနာကို အန်ဖီးလ်မှာ (၃)ဂိုးပြတ်နဲ့ အနိုင်ယူခဲ့တဲ့ ချန်ပီယံလိဂ်ပွဲ မာဆေးဆိုက်ဒါဘီမှာ အဲဗာတန်ကို နောက်ကျဂိုးနဲ့ အနိုင်ယူခဲ့တာတွေမှာ အော်ရီဂီရဲ့ ဂိုးတွေက တကယ်ကို အဖိုးတန်ခဲ့ပါတယ်။ တကယ်ဆိုရင်တော့ အော်ရီဂီထက် ဆာလာက လီဗာပူးလ်အတွက် ပိုပြီး အကျိုးရှိတဲ့ ကစားသမား ဖြစ်ပေမဲ့လည်း မာနေးကတော့ သူ့အတွက် အဆုံးသတ် အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခဲ့သလို မာနေးရဲ့ ဆရာဟောင်း ယာဂင်ကလော့ပ်ကပါ အော်ရီဂီကို လီဗာပူးလ်ရဲ့ ဂန္တဝင်ကစားသမားလို့ပါ တင်စားထားခဲ့ပါသေးတယ်။

Photo Credit : Daily Mail

ဒါ့အပြင် မာနေးဟာ နောက်ထပ် လီဗာပူးလ်အသင်းဖော်ဟောင်း ဗန်ဒိုက်ကိုပါ ထပ်မံ ချန်လှပ်ပြီး သူရဲ့လက်ရွေးစင် အသင်းဖော် ကူလီဘလီက သူ့အတွက် အကောင်းဆုံးသော ခံစစ်ကစားသမားအဖြစ် ရွေးချယ်သွားခဲ့ပါတယ်။ ချယ်လ်ဆီး နောက်ခံလူ ကူလီဘလီဟာ ဆီနီဂေါအသင်းရဲ့ အသင်းခေါင်းဆောင်တစ်ဦးဖြစ်ပြီး ခံစစ်မှာ ကျစ်လစ်အောင် ကစားပြနိုင်တဲ့ ခံစစ်ကျောက်ဆောင်ကြီး ဖြစ်ပါတယ်။

Exit mobile version