လီဗာပူးလ် တောင်ပံ ကစားသမား မာနေးကတော့ ဆီနီဂေါနိုင်ငံက ကိုရိုနာ ဗိုင်းရပ် ရောဂါ ကူးစက်ခံရတဲ့ လူနာတွေကို ကုသဖို့အတွက် သိန်း (၇၀၀) လှူဒါန်းသွားခဲ့တာပဲ ဖြစ်ပါတယ်။ လီဗာပူးလ် တောင်ပံ ကစားသမား မာနေးဟာ ဆီနီဂေါနိုင်ငံအတွက်ဆိုရင် မနှမြောတတ်ဘဲ လိုအပ်ရင် လိုအပ်သလို လှူဒါန်းမှုတွေကို အမြဲတမ်းလိုလို ပြုလုပ်ပေးနေခဲ့တာ ဖြစ်ပါတယ်။ အသက် (၂၇) နှစ်အရွယ် မာနေးဟာ ဆီနီဂေါနိုင်ငံမှာ ဆေးရုံဆောက်ဖို့၊ ကျောင်းဆောက်ဖို့ လှူဒါန်းခဲ့ပြီး အခုလည်း ကိုရိုနာ ရောဂါ ကုသဖို့အတွက် ငွေကြေး လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Liverpoolecho

ဆီနီဂေါ လက်ရွေးစင် တောင်ပံ ကစားသမား မာနေးဟာ သူ့ရဲ့ နေရပ်မြို့မှာ ကိုရိုနာ ဗိုင်းရပ် ရောဂါ ကုသနိုင်ဖို့အတွက် ပေါင် (၄၅,၀၀၀)၊ ကျပ် သိန်း (၇၀၀) လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ မာနေးဟာ ဆီနီဂေါနိုင်ငံအတွက် ငွေကြေးကိုသာ လှူဒါန်းခဲ့တာ မဟုတ်ဘဲ ဆီနီဂေါနိုင်ငံက လူတွေကိုလည်း ပုံမှန် လက်ဆေးဖို့ နဲ့ ရောဂါ ကူးစက်မခံရဖို့ သတိပေး ပြောသွားခဲ့ပါတယ်။ လီဗာပူးလ် တောင်ပံ ကစားသမား မာနေးဟာ ဆီနီဂေါနိုင်ငံအတွက် အလှူအတန်းတွေကို ပြုလုပ်ဖို့ ဝန်မလေးသူ ဖြစ်ပြီး သူ့ရဲ့ နိုင်ငံအတွက် အလွန် ရက်ရောတဲ့ သူလည်း ဖြစ်ပါတယ်။

Photo Credit: Liverpoolecho

မာနေးဟာ ဆီနီဂေါနိုင်ငံအတွက် သာမက လီဗာပူးလ်အသင်းအတွက်လည်း အခရာကျတဲ့ သူ ဖြစ်ပြီး လီဗာပူးလ်အသင်းမှာ ခြေစွမ်းပြကစားနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ မာနေးကတော့ လက်ရှိရာသီမှာ လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ် ပွဲစဉ် (၂၆) ပွဲ ကစားခဲ့ရာမှာ သွင်းဂိုး (၁၄) ဂိုး နဲ့ ဂိုးဖန်တီးမှု (၇) ကြိမ်အထိ ပြုလုပ်ထားခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ဖလား ရရှိဖို့ ရမှတ် (၆) မှတ်ပဲ လိုအပ်တော့တာ ဖြစ်ပေမဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို ရပ်နားထားလို့ မရနိုင်လျက် ရှိပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် လာမယ့် ဧပြီလ (၄) ရက်နေ့အထိ ရပ်နားထားပြီး မာနေးကတော့ ကိုရိုနာ ကာကွယ်ဖို့ သိန်း (၇၀၀) ကို လှူဒါန်းသွားခဲ့ပါတယ်။